မာတိကာသို့ ခုန်သွားရန်

အိမ်စောင့်အစိုးရ (၂၀၂၁)

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရ

စတုတ္ထမြောက် ပြည်ထောင်စုအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ
၁ ဖေဖော်ဝါရီ ၂၀၂၁ - ၃၁ ဇူလိုင် ၂၀၂၅
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဖွဲ့စည်းရက်စွဲ
  • ၁၉ ဖေဖော်ဝါရီ ၂၀၂၁
    (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ)
  • ၁ ဩဂုတ် ၂၀၂၁ (အိမ်​စောင့်အစိုးရ)
  • ၁၁ စက်တင်ဘာ ၂၀၂၁ (ပြည်ထောင်စုအစိုးရ)
ဖျက်သိမ်းရက်စွဲ၃၁ ဇူလိုင် ၂၀၂၅
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
နိုင်ငံတော်အကြီးအကဲမြင့်ဆွေ ယာယီသမ္မတ
မင်းအောင်လှိုင် ယာယီသမ္မတ (တာဝန်)
အစိုးရခေါင်းဆောင်မင်းအောင်လှိုင်,
နိုင်ငံတော်ဝန်ကြီးချုပ်
ဒုတိယ ခေါင်းဆောင်
အဖွဲ့ဝင် ဦးရေ၃၅
အဖွဲ့ဝင် ပါတီတပ်မတော်
အတိုက်အခံ အစိုးရအမျိုးသားညီညွတ်ရေး အစိုးရ
သမိုင်း
ရွေးကောက်ပွဲမရှိပါ။
ယခင်ဦးဝင်းမြင့်အစိုးရ
ဆက်ခံဦးညိုစောအစိုးရ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရ (၂၀၂၁ - ၂၀၁၅, တရားဝင်အားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ ) သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့တပ်မတော်မှ ဦးဆောင်ဖွဲ့စည်းခဲ့သော ပထမအကြိမ် စစ်အစိုးရလည်း ဖြစ်သည်။ ၎င်းသည် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသမိုင်းတွင် စတုတ္ထမြောက် စစ်အစိုးရလည်း ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေခေတ်တွင် မရှိခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးကို အစိုးရအကြီးအကဲအဖြစ် ပြန်လည်ဖန်တီးလိုက်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသမိုင်းအရ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်အထိသာ ရှိခဲ့ပြီး၊ ရွေးကောက်ခံအစိုးရများဖြစ်သော ဦးသိန်းစိန်အစိုးရ၊ ဦးထင်ကျော်နှင့် ဦးဝင်းမြင့်အစိုးရလက်ထက်များတွင် မရှိတော့ပေ။ ဦးထင်ကျော်နှင့် ဦးဝင်းမြင့်တို့၏ အစိုးရလက်ထက်တွင်မူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော ပြည်ထောင်စုအဆင့် ရာထူးအဖြစ် နံပါတ် (၂) နေရာ၌ ထားရှိခဲ့သည်။

ယာယီသမ္မတ ဦးမြင့်ဆွေ ရာထူးမှ အနားယူပြီးနောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယာယီသမ္မတ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟူသော အမြင့်ဆုံးရာထူးလေးခုကို ရယူထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဥပဒေပြုရေးအာဏာကို ကျင့်သုံးနေပြီး၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနေခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရကို အသစ်ဖွဲ့စည်းလိုက်ရာ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးညိုစောကို ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်လိုက်သည်။

နိုင်ငံတော်အကြီးအကဲ

[ပြင်ဆင်ရန်]

နိုင်ငံတော် ယာယီသမ္မတဦးမြင့်ဆွေသည် အာဏာသိမ်းအပြီး သမ္မတအိမ်တော်တွင် ပထမဆုံးကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို အစည်းအဝေးစားပွဲ၏ ဒုတိယနေရာမှသာ တက်ရောက်ခဲ့သည်။ ယခင်က နိုင်ငံတော်သမ္မတတက်ရောက်လေ့ရှိသည့် နေရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တက်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ နိုင်ငံတော်သမ္မတရုံးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး စသည်ဖြင့် အသီးသီး ပြောင်းလဲခဲ့သည်။ ထို့အပြင် ယာယီသမ္မတအဖြစ် တာဝန်ယူထားသည့် ဦးမြင့်ဆွေမှာ လူထုမြင်ကွင်းမှ ပျောက်ကွယ်သွားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း အစိုးရအဖွဲ့ အစည်းအဝေးပွဲများသို့ တက်ရောက်ခဲ့သည်။၂၀၂၁ခုနှစ် ဇွန်လဆန်းပိုင်းက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌကို ယခင်က နိုင်ငံတော်သမ္မတများသာ အသုံးပြုရသည့် သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သမ္မတ အဆောင်အယောင်ကို အသုံးပြု၍ ပြည်ပ ဧည့်သည်များကို ပထမဆုံး လက်ခံတွေ့ဆုံခြင်းဖြစ်သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ အခန်းကဏ္ဍမှာ တိကျစွာ သိရှိရခြင်းမရှိပေ။[]

၂၀၂၁ ခုနစ် ဩဂုတ်လ (၁) ရက်​နေ့တွင် အိမ်​စောင့်အစိုးရ ဖွဲ့စည်းပြီး​နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ် ​ဆောင်ရွက်ခဲ့ပြီး ယင်းကို အစိုးရအဖွဲ့အကြီးအကဲဟု သတ်မှတ်ခဲ့ကြသည်။ ယာယီသမ္မတဟု သတ်မှတ်ထားသော ဦးမြင့်​ဆွေအား မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ နိုင်ငံ​တော်အကြီးအကဲဟု သတ်မှတ်ထားသည်။ ၎င်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်​နေ့တွင် ကျင်းပ​သော အမျိုးသားကာကွယ်​ရေးနှင့် လုံခြုံ​ရေး​ကောင်စီ အစည်းအ​ဝေးတွင် အ​ရေး​ပေါ်ကာလအား သက်တမ်းတိုး​ပေးခဲ့ပြီး[] တစ်နှစ်နီးပါးအကြာတွင်မှ လူမြင်ကွင်းသို့ ထပ်မံ ထွက်​ပေါ်လာခြင်းဖြစ်သည်။[]ထို့နောက် ၂၀၂၂ ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့၊ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့များတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကျင်းပချိန်မှသာ လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့သည်။ ဦးမြင့်​ဆွေသည် အစိုးရအဖွဲ့တွင် ပါဝင်ခြင်းမရှိဘဲ အိမ်​စောင့်အစိုးရဖွဲ့စည်းထားသည့် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီက တိုင်း​ရေးပြည်ရာများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှတဆင့် ဦးမြင့်​ဆွေထံတင်ပြရသည်။

ကျန်းမာရေး အခြေအနေ ဆိုးရွားလာနေသော ယာယီသမ္မတ ဦးမြင့်ဆွေ၏ တာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က လွှဲပြောင်းယူလိုက်ကြောင်း ၂၂ ဇူလိုင် ၂၀၂၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ဆေးခွင့်နှင့် ကုသမှုခံယူနေရသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။[] ထို့နောက် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည် ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် စသည့် ရာထူးများကို ယူထားသည်။

ရာထူးအဆင့် အမည် တာဝန်ကာလ သက်တမ်း
ယာယီသမ္မတ ဦးမြင့်ဆွေ ၁ ဖေဖော်ဝါရီ ၂၀၂၁ - ၂၂ ဇူလိုင် ၂၀၂၄  နှစ်၊ ၁၇၂ ရက်
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၁ ဖေဖော်ဝါရီ ၂၀၂၁ - ၂၂ ဧပြီ ၂၀၂၄  နှစ်၊ ၈၁ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂ ဖေဖော်ဝါရီ ၂၀၂၁ - ၃၁ ဇူလိုင် ၂၀၂၅  နှစ်၊ ၁၇၉ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂ ဖေဖော်ဝါရီ ၂၀၂၁ - ၃၁ ဇူလိုင် ၂၀၂၅  နှစ်၊ ၁၇၉ ရက်
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁ ဩဂုတ် ၂၀၂၁ - ၃၁ ဇူလိုင် ၂၀၂၅  နှစ်၊ ၃၆၄ ရက်
ဒုတိယဝန်ကြီးချုပ်များ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၁ ဩဂုတ် ၂၀၂၁ - ၃၁ ဇူလိုင် ၂၀၂၅  နှစ်၊ ၃၆၄ ရက်
ဗိုလ်ချုပ်ကြီး မြထွန်းဦး ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅  နှစ်၊ ၁၈၀ ရက်
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃ – ၃ ဩဂုတ် ၂၀၂၃ ၁၈၃ ရက်
ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅  နှစ်၊ ၁၈၀ ရက်
ဦးဝင်းရှိန် ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅  နှစ်၊ ၁၈၀ ရက်
ဦးသန်းဆွေ ၃ ဩဂုတ် ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅  နှစ်၊ ၃၆၂ ရက်
ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၁၈ ​ဒီဇင်ဘာ ၂၀၂၄ – ၃၁ ဇူလိုင် ၂၀၂၅ ၂၂၅ ရက်

အစိုးရအကြီးအကဲများ (၂၀၂၁ - ၂၀၂၅)

[ပြင်ဆင်ရန်]
ရာထူး အမည် တာဝန်ထမ်းဆောင်ခြင်း
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁ ဩဂုတ် ၂၀၂၁ ၃၁ ဇူလိုင် ၂၀၂၅ ၁၄၆၀
ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၁ ဩဂုတ် ၂၀၂၁ ၃၁ ဇူလိုင် ၂၀၂၅ ၁၄၆၀
ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၁ ဖေဖော်ဝါရီ ၂၀၂၃ ၃၁ ဇူလိုင် ၂၀၂၅ ၉၁၁
ဗိုလ်ချုပ်ကြီး မြထွန်းဦး ၁ ဖေဖော်ဝါရီ ၂၀၂၃ ၃၁ ဇူလိုင် ၂၀၂၅ ၉၁၁
ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၁၈ ဒီဇင်ဘာ ၂၀၂၄ ၃၁ ဇူလိုင် ၂၀၂၅ ၂၂၅
ဦးဝင်းရှိန် ၁ ဖေဖော်ဝါရီ ၂၀၂၃ ၃၁ ဇူလိုင် ၂၀၂၅ ၉၁၁
ဦးသန်း​ဆွေ ၃ ဩဂုတ် ၂၀၂၃ ၃၁ ဇူလိုင် ၂၀၂၅ ၇၂၈



နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် နိုင်ငံတော်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နှင့် အခြားသောပါတီဝင်များကို ဖမ်းဆီးခဲ့‌သည်။[] ပြီးနောက် ယာယီသမ္မတ တာဝန်ကို ရယူထားသော ဦးမြင့်ဆွေက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး အစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမိန့်အမှတ် (၁/၂၀၂၁) အားဖြင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်သည်။ မြန်မာနိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး၊ အမိန့် ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်လိုက်သည်။[]

စစ်အစိုးရ စတင်ခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အမိန့်များဖြင့် ယခင်အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးများနှင့် ခန့်အပ်ထားသော ပြည်ထောင်စုအဆင့် ရုံး၊ အဖွဲ့အစည်းများ၏ အကြီးအမှူးများကို တာဝန်များမှ ရပ်စဲခဲ့သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အမိန့်များဖြင့် ပြည်ထောင်စုအဆင့် ရုံး၊ အဖွဲ့အစည်းများ၏ အကြီးအမှူးများ လူသစ် ခန့်အပ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အမိန့်များ
အမိန့်အမှတ် ခေါင်းစဉ် မှတ်ချက် ရင်းမြစ်
၁/၂၀၂၁ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း ပြည်‌ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။
၂/၂၀၂၁ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့်

တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။
၃/၂၀၂၁ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။
၄/၂၀၂၁ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။
၅/၂၀၂၁ ဒုတိယဝန်ကြီးများ တာဝန်မှရပ်စဲခြင်း ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ ဒုတိယဝန်ကြီးများ (၂၄) ဦးအား တာဝန်မှရပ်စဲလိုက်သည်။ []
၆/၂၀၂၁ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း ပုဂ္ဂိုလ် (၁၁) ဦးများအား ယှဉ်တွဲပါဝန်ကြီးဌာန အသီးသီးတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန်အပ်တာဝန်ပေးအပ်လိုက်သည် []
၇/၂၀၂၁ တာဝန်မှ ရပ်စဲခြင်း (၁) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊

(၂) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှာ ရပ်စဲသည်။

[]
၈/၂၀၂၁ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း ဦးသန်းဆွေအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။ [၁၀]

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အမိန့်အမှတ် ၆/၂၀၂၁ အားဖြင့် ပြည်ထောင်စုဝန်ကြီး (၁၁) ဦးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုး ခန့်အပ်လိုက်သည်။[၁၁] ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးမြင့်ကြိုင်တို့ ဖြစ်ကြသည်။

ပထမဆုံး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နေပြည်တော်ရှိ သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ပြီး ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးမြင့်ကြိုင်နှင့် ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။[၁၂]

ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲစာရင်းမှားယွင်းမှုများကို ဖော်ထုတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက မဲစာရင်းစိစစ်မှုများနှင့်ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်များမှာ ခိုင်မာမှုရှိကြောင်း၊ မဲစာရင်းမှားယွင်းမှုများအား တပ်မတော်မှ စတင်သိရှိချိန်တွင် ရှင်းလင်းဆောင်ရွက်ရန် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သော်လည်း ယခင်ရွေးကောက်ပွဲကော်မရှင်က တုံ့ပြန်မှုမရှိခဲ့ကြောင်း၊ ၃၁၄ မြို့နယ်ကို စိစစ်ဆောင်ရွက်ခဲ့ကြောင်းနှင့် ဥပဒေနှင့်အညီဖြစ်စေရန် ကြိုတင်စဉ်းစားခဲ့သော်လည်း လုံးဝရှောင်လွှဲမရသောကြောင့် တိုင်းပြည်အတွက် ဤလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၁၃]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

ထိုနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အမိန့်အမှတ် ၉/၂၀၂၁ ဖြင့် လူ ၁၁ ဦးပါဝင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို ဖွဲ့စည်းခဲ့သည်။[၁၄] ထို့နောက် နစက၏ အမိန့်များဖြင့် အစိုးရရာထူးအသစ်များ ခန့်အပ်ခြင်းနှင့် လူဟောင်းများအား ရာထူးမှ ရပ်စဲခြင်းများ ပြုလုပ်ခဲ့သည်။ အမိန့်အမှတ် ၁၀/၂၀၂၁ ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများကို ခန့်အပ်ခဲ့ပြီး[၁၅]၊ အမိန့်အမှတ် ၁၁/၂၀၂၁ ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများ၏ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများကို ခန့်အပ်ခဲ့သည်။[၁၆]

အစိုးရအဖွဲ့ဝင်များ ခန့်အပ်ခြင်း

[ပြင်ဆင်ရန်]

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တည်ထောင်ပြီးနောက် အစိုးရအဖွဲ့ဝင်များကို နစက၏ အမိန့်များဖြင့် အစိုးရရာထူးအသစ်များကို ခန့်အပ်ဖွဲ့စည်းသည်။

နစက မဖွဲ့စည်းခင်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အမိန့်အမှတ် ၆/၂၀၂၁ အားဖြင့် ပြည်ထောင်စုဝန်ကြီး (၁၁) ဦးကို ကနေဦး ခန့်အပ်ခဲ့ပြီး ဖြစ်သည်။[၁၁]

ထို့နောက်၊ နစက ဖွဲ့စည်းအပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် နစကအမိန့်အမှတ် ၅/၂၀၂၁ ဖြင့် ပြည်ထဲရေး ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အဖြစ် ပြောင်းရွေ့ခန့်အပ်သည်။ [၁၇] အမိန့်အမှတ် (၆/၂၀၂၁) ဖြင့် ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် အား ခန့်အပ်ပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် အဖြစ် ပူးတွဲတာဝန်ပေးခဲ့သည်။ အမိန့်အမှတ် (၉/၂၀၂၁) ဖြင့် ဦးခင်မောင်ရီ အား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဦးရွှေလေး အား ဆောက်လုပ်ရေးဝန်ကြီး အဖြစ် ခန့်အပ်သည်။ [၁၈]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် အမိန့်အမှတ် (၁၅/၂၀၂၁) ဖြင့် ဦးတင်ထွဋ်ဦး အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး၊ ဒေါက်တာပွင့်ဆန်း အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ဦးစောထွန်းအောင်မြင့် အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး အဖြစ် ခန့်အပ်သည်။[၁၉]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် အမိန့်အမှတ် ၂၅/၂၀၂၁ ဖြင့် ဒေါက်တာသက်သက်ခိုင်အား လူကယ်ပြန်ဝန်ကြီး၊ [၂၀]အမိန့်အမှတ် ၂၇/၂၀၂၁ ဖြင့် ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်းအား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဒုဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့သည်။ [၂၁] ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် အမိန့်အမှတ် ၃၀/၂၀၂၁ ဖြင့် ဦးမောင်မောင်အုန်းအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး အဖြစ်ခန့်အပ်ခဲ့သည်။[၂၂] အမိန့်အမှတ် ၃၁/၂၀၂၁ ဖြင့် ဒုတိယဝန်ကြီး ရာထူးများကို ဦးသန်းအောင်ကျော် (ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး)၊ ဦးရဲတင့် (ပြန်ကြားရေး)၊ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း (ပြန်ကြားရေး)၊ ဗိုလ်မှူးချုပ်လူမော် (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး)၊ ဦးညွန့်အောင် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး)၊ နှင့် ဦးမျိုးလှိုင် (ကျန်းမားရေးနှင့် အားကစား) တို့အား ခန့်အပ်ခဲ့သည်။ [၂၃]ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် အမိန့်အမှတ် ၃၇/၂၀၂၁ ဖြင့် ဦးအောင်သန်းဦး အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အမိန့်အမှတ် ၅၂/၂၀၂၁ ဖြင့် ဦးကျော်မျိုးထွဋ်အား နိုင်ငံခြားရေး၊ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ [၂၄]ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အမိန့်အမှတ် ၆၁/၂၀၂၁ ဖြင့် ဦးမင်းထိန်အား ဆောက်လုပ်ရေးဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် အမိန့်အမှတ် ၆၆/၂၀၂၁ ဖြင့် ဒေါက်တာညွန့်ဖေအား ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် အမိန့်အမှတ် ၆၇/၂၀၂၁ ဖြင့် ဒုတိယဝန်ကြီးများ အဖြစ် ဦးဝင်ရှိန်နှင့် ဦးဌေးလှိုင်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ခန့်အပ်ခဲ့သည်။ [၂၅]ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် အမိန့်အမှတ် ၇၅/၂၀၂၁ ဖြင့် ဦးအောင်ကျော်ထွန်းအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် အမိန့်အမှတ် ၈၄/၂၀၂၁ ဖြင့် ဦးဇော်အေးမောင်အား တိုင်းရင်းသားလူမျိုးရေးရာ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီး၊ အမိန့်အမှတ် ၈၇/၂၀၂၁ ဖြင့် ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း တို့အား ပညာရေး ဒုတိယဝန်ကြီးများ အဖြစ်ခန့်အပ်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် အမိန့်အမှတ် ၉၇/၂၀၂၁ ဖြင့် ဦးအောင်ထွန်းခိုင်အား လူကယ်ပြန် ဒုတိယဝန်ကြီး ခန့်အပ်ခဲ့သည်။ မတ်လ ၁၁ ရက်နေ့တွင် အမိန့်အမှတ် ၁၀၃/၂၀၂၁ ဖြင့် ဒုတိယဝန်ကြီးများအဖြစ် ဦးကိုကိုလွင် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန)၊ ဒေါက်တာ အောင်ကြီး (စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးမင်းမင်းဦး (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)နှင့် ဦးသန့်စင် (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန) တို့အား ခန့်အပ်ခဲ့သည်။[၂၆]

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် အမိန့်အမှတ် ၁၁၆/၂၀၂၁ ဖြင့် ဦးအေးထွန်းနှင့် ဦးထွန်းအုံကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့သည်။

ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း

[ပြင်ဆင်ရန်]
စဉ် ရက်စွဲ မူလ ပြင်ဆင်မှု
၁။ ၃ မေ ၂၀၂၁ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဝန်ကြီးဌာန
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
  • စက်မှုဝန်ကြီးဌာန
၂။ ၅ မေ ၂၀၂၁ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၁) အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ဤကော်မတီကို အဖွဲ့ဝင် ဝန်ကြီး ၂၅ ဦးဖြင့် ဖွဲ့စည်းထားပြီး၊ ၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပထမဆုံးသော အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားအဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။

(၁) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဥက္ကဋ္ဌ
(၂) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဒုတိယဥက္ကဋ္ဌ
(၃) ဗိုလ်ချုပ်ကြီး မြထွန်းဦး

ကာကွယ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၄) ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်

ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

အဖွဲ့ဝင်
(၅) ဦးဝဏ္ဏမောင်လွင်

နိုင်ငံခြားရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၆) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်

နယ်စပ်ရေးရာဝန်ကြီးဌာန

အဖွဲ့ဝင်
(၇) ဦးဝင်းရှိန်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

အဖွဲ့ဝင်
(၈) ဦးအောင်နိုင်ဦး

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၉) ဦးကိုကိုလှိုင်

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၁၀) ဦးချစ်နိုင်

ပြန်ကြားရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၁၁) ဦးကိုကို

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

အဖွဲ့ဝင်
(၁၂) ဦးတင်ထွဋ်ဦး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

အဖွဲ့ဝင်
(၁၃) ဗိုလ်ချုပ်ကြီး တင်အောင်စန်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၁၄) ဦးခင်မောင်ရီ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၁၅) ဦးအောင်သန်းဦး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

အဖွဲ့ဝင်
(၁၆) ဦးမြင့်ကြိုင်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အဖွဲ့ဝင်
(၁၇) ဒေါက်တာပွင့်ဆန်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၁၈) ဒေါက်တာညွန့်ဖေ

ပညာရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၁၉) ဒေါက်တာသက်ခိုင်ဝင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

အဖွဲ့ဝင်
(၂၀) ဦးရွှေလေး

ဆောက်လုပ်ရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၂၁) ဒေါက်တာသက်သက်ခိုင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၂၂) ဦးမောင်မောင်အုန်း

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(၂၃) ဦးစောထွန်းအောင်မြင့်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အဖွဲ့ဝင်
(၂၄) ဒေါက်တာဒေါ်သီတာဦး

ပြည်ထောင်စုရှေ့နေချုပ်

အဖွဲ့ဝင်
(၂၅) အမြဲတမ်းအတွင်းဝန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး

အတွင်းရေးမှူး

အိမ်စောင့်အစိုးရ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က (၆)လပြည့် မိန့်ခွန်းပြောကြားရာတွင် ၎င်းတို့ကောင်စီ၏ ရှေ့ဆက်လုပ်ငန်းစဉ်များအရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲမှုကော်မတီ အား အိမ်စောင့်အစိုးရ အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော အမြင့်ဆုံး အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးဖြင့် ဦးဆောင်ခဲ့သည်။

ကောင်စီဥက္ကဋ္ဌက ဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌက ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်တို့ပါဝင်သည်။[၂၇][၂၈]

ဤအိမ်စောင့်အစိုးရမှာ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသမိုင်းတွင် ဒုတိယမြောက် အိမ်စောင့်အစိုးရ ဖြစ်သည်။

နာမည်ပြောင်းလဲခြင်း

[ပြင်ဆင်ရန်]

အိမ်စောင့်အစိုးရဖွဲ့စည်းပြီး တစ်လအကြာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁၈၀/၂၀၂၁) အားဖြင့် "အိမ်စောင့်အစိုးရအဖွဲ့ရုံး" နာမည်ကို "ပြည်ထောင်စုအစိုးရအဖွဲ့ရုံး" အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့သည်။[၂၉]

လွှဲပြောင်းခြင်း

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အမြင့်ဆုံး အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရကို အသစ်ဖွဲ့စည်းလိုက်ရာ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးညိုစောက ဦးဆောင်စေခဲ့သည်။

ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ (၂၀၂၁ - ၂၀၂၅)

[ပြင်ဆင်ရန်]

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပါဝင်သော ဝန်ကြီးဌာနများနှင့် ၎င်းတို့၏ ပြည်ထောင်စုဝန်ကြီးများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ[၃၀]
စဉ်ရာထူးတာဝန်အမည်
၁။နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
၂။ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
၃။ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီး
နိုင်ငံတော်ဝန်ကြီးချုပ်ရုံး
ဗိုလ်ချုပ်ကြီး တင်အောင်စန်း
၄။ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီး
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ဗိုလ်ချုပ်ကြီး မြထွန်းဦး
၅။ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
ဗိုလ်ချုပ်ကြီး မောင်မောင်အေး
၆။ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီး
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဦးဝင်းရှိန်
၇။ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန
ဦးသန်းဆွေ
၈။ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်
၉။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)ဗိုလ်ချုပ်ကြီး မိုးအောင်
၁၀။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)ဦးကိုကိုလှိုင်
၁၁။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)ဦးမောင်မောင်တင့်
၁၂။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)ဦးအောင်ကျော်ဟိုး
၁၃။ပြည်ထောင်စုဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
၁၄။ပြည်ထောင်စုဝန်ကြီး
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ဒေါက်တာ ကံဇော်
၁၅။ပြည်ထောင်စုဝန်ကြီး
ဥပဒေရေးရာဝန်ကြီးဌာန
ဒေါက်တာ သီတာဦး
၁၆။ပြည်ထောင်စုဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
ဦးမောင်မောင်အုန်း
၁၇။ပြည်ထောင်စုဝန်ကြီး
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ဦးတင်ဦးလွင်
၁၈။ပြည်ထောင်စုဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ဦးမင်းနောင်
၁၉။ပြည်ထောင်စုဝန်ကြီး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဦးလှမိုး
၂၀။ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ဦးခင်မောင်ရီ
၂၁။ပြည်ထောင်စုဝန်ကြီး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ဦးဉာဏ်ထွန်း
၂၂။ပြည်ထောင်စုဝန်ကြီး
စွမ်းအင်ဝန်ကြီးဌာန
ဦးကိုကိုလွင်
၂၃။ပြည်ထောင်စုဝန်ကြီး
စက်မှုဝန်ကြီးဌာန
ဒေါက်တာချာလီသန်း
၂၄။ပြည်ထောင်စုဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
ဦးမြင့်ကြိုင်
၂၅။ပြည်ထောင်စုဝန်ကြီး
အလုပ်သမားဝန်ကြီးဌာန
ဦးချစ်ဆွေ
၂၆။ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဦးထွန်းအုံ
၂၇။ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန
ဒေါက်တာ ညွန့်ဖေ
၂၈။ပြည်ထောင်စုဝန်ကြီး
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ဒေါက်တာ မျိုးသိန်းကျော်
၂၉။ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန
ဒေါက်တာ သက်ခိုင်ဝင်း
၃၀။ပြည်ထောင်စုဝန်ကြီး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
Jeng Phang နော်တောင်
၃၁။ပြည်ထောင်စုဝန်ကြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန
ဦးမျိုးသန့်
၃၂။ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ဒေါက်တာ စိုးဝင်း
၃၃။ပြည်ထောင်စုဝန်ကြီး
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
ဦးကျော်စိုးဝင်း
၃၄။ပြည်ထောင်စုဝန်ကြီး
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ဦးခွန်သန့်ဇော်ထူး
၃၅။အမြဲတမ်းအတွင်းဝန်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
ဦးဇော်သန်းသင်း


ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ (၂၀၂၁-၂၀၂၅)

[ပြင်ဆင်ရန်]
ပြည်ထောင်စုဝန်ကြီးများ
စဉ် ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဝန်ကြီးများ
၁။ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ဗိုလ်ချုပ်ကြီး တင်အောင်စန်း

(ဒုတိယဝန်ကြီးချုပ်)

၂။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီး မြထွန်းဦး

(ဒုတိယဝန်ကြီးချုပ်)

ဗိုလ်မှူးချုပ်လူမွန်

ဦးအောင်ကျော်ထွန်း

ဦးအောင်မြိုင်

၄။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး ညိုစော
၆။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဦးဝင်းရှိန်[၃၁] ဒေါ်သန်းသန်းလင်း

ဦးမင်းထွဋ်

၇။ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်း​ဆွေ ဦးလွင်ဦး

ဦးကိုကိုကျော်

၈။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ဗိုလ်ချုပ်ကြီး မိုးအောင်
၉။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ဦးကိုကိုလှိုင်
၁၀။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ဦးမောင်မောင်တင့် ဦးထင်ကျော်သူ
၁၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ဦးအောင်ကျော်ဟိုး
၁၂။ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဗိုလ်ချုပ်ဖြိုးသန့်
၁၃။ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ​ဒေါက်တာကံ​ဇော်[၃၁] ဒေါက်တာဝါဝါမောင်
၁၄။ ဥပဒေရေးရာ ဝန်ကြီးဌာန ဒေါက်တာသီတာဦး ဒေါက်တာထိန်လင်းဦး
၁၅။ ပြန်ကြားရေးဝန်ကြီးဌာန ဦးမောင်မောင်အုန်း ဦးရဲတင့်

ဗိုလ်ချုပ်ဇော်မင်းထွန်း

၁၆။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဦးတင်ဦးလွင် ဦးအေးထွန်း

ဒေါ်နုမြဇံ

၁၇။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးမင်း​နောင် ဒေါက်တာအောင်ကြီး

ဒေါက်တာတင်ထွဋ်

ဦးဗိုလ်ဗိုလ်ကျော်

၁၈။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန[၃၂] ဦးလှမိုး ဦးမြင့်စိုး
၁၉။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးခင်မောင်ရီ ဦးမင်းသူ
၂၀။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဦးဉာဏ်ထွန်း ဦးအေးကျော်
၂၁။ စွမ်းအင်ဝန်ကြီးဌာန ဦးကိုကိုလွင် ဦးသန့်စင်
၂၂။ စက်မှုဝန်ကြီးဌာန ဒေါက်တာချာလီသန်း ဦးရင်မောင်ညွန့်
၂၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးမြင့်ကြိုင်[၃၁] ဦးဌေးလှိုင်

ဒေါက်တာမျိုးသန့်

၂၄။ အလုပ်သမားဝန်ကြီးဌာန ဦးချစ်ဆွေ ဦးဝင်းရှိန်
၂၅။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဦးထွန်းအုံ ဦးမင်းမင်း

ဦးကျော်ရွှေထွန်း

၂၆။ ပညာရေးဝန်ကြီးဌာန ဒေါက်တာညွန့်ဖေ ဒေါက်တာဇော်မြင့်

ဦးနေမျိုးလှိုင်

၂၇။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန[၃၃] ဒေါက်တာမျိုးသိန်း​ကျော်[၃၄] ဒေါက်တာအောင်ဇေယျ
၂၈။ ကျန်မားရေးဝန်ကြီးဌာန ဒေါက်တာသက်ခိုင်ဝင်း ဒေါက်တာအေးထွန်း
၂၉။ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန Jeng Phang နော်တောင် ဦးဇင်မင်းထက်

ဦးထိန်လင်း

၃၀။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးမျိုးသန့် ဦးဝင်းဖေ

ဦးမျိုးမြင့်

၃၁။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ​ဒေါက်တာစိုးဝင်း ဦးစိုးကြည်

ဒေါက်တာသန်းစိုး

၃၂။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဦးကျော်စိုးဝင်း ဦးဖြိုးဇော်စိုး
၃၃။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဦးခွန်သန့်ဇော်ထူး ဦးဇော်အေးမောင်

ကိုးကား

[ပြင်ဆင်ရန်]
  1. "ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာကစားပွဲ"၊ BBC Burmese 2025 August 3 တွင် ပြန်စစ်ပြီး
  2. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၁/၂၀၂၂"။
  3. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကျင်းပ"။
  4. မော်ကွန်းတင်ပြီးမိတ္တူ 22 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2025 တွင် ပြန်စစ်ပြီး။
  5. Beech၊ Hannah။ "Myanmar’s Leader, Daw Aung San Suu Kyi, Is Detained Amid Coup"၊ The New York Times၊ 31 January 2021 1 February 2021 တွင် ပြန်စစ်ပြီး Archived from the original on 31 January 2021။
  6. နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမိန့်အမှတ် (၁/၂၀၂၁) ကို ထုတ်ပြန် PPD။ 3 August 2025 တွင် ပြန်စစ်ပြီး။
  7. ဒုတိယဝန်ကြီးများ တာဝန်မှရပ်စဲခြင်း Myanmar Digital News။ 12 August 2025 တွင် ပြန်စစ်ပြီး။
  8. ပြည်ထောင်စုဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း Myanmar Digital News။ 12 August 2025 တွင် ပြန်စစ်ပြီး။
  9. တာဝန်မှ ရပ်စဲခြင်း Myanmar Digital News။ 12 August 2025 တွင် ပြန်စစ်ပြီး။
  10. ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း Myanmar Digitial News။ 12 August 2025 တွင် ပြန်စစ်ပြီး။
  11. 1 2 ပြည်ထောင်စုဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း Ministry of Information။ 3 August 2025 တွင် ပြန်စစ်ပြီး။
  12. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဖွင့်အမှာ စကား ပြောကြား Ministry of Information။ 4 August 2025 တွင် ပြန်စစ်ပြီး။
  13. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဖွင့်အမှာ စကားပြောကြား CINCDS။ 8 August 2025 တွင် ပြန်စစ်ပြီး။
  14. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) Ministry of Information (02/02/2021)။ 7 August 2025 တွင် ပြန်စစ်ပြီး။
  15. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးအပ်ခြင်း Ministry of Information။ 8 August 2025 တွင် ပြန်စစ်ပြီး။
  16. ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း Ministry of Information။ 8 August 2025 တွင် ပြန်စစ်ပြီး။
  17. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်(၅/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးခြင်း CINCDS။ 8 August 2025 တွင် ပြန်စစ်ပြီး။
  18. UNION MINISTER APPOINTMENT: STATE ADMINISTRATION COUNCIL ISSUES ORDER NO (9/2021) mitv (3 February 2021)။ 2 October 2023 တွင် ပြန်စစ်ပြီး။
  19. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၁၅ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း CINCDS။ 21 August 2025 တွင် ပြန်စစ်ပြီး။
  20. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၂၅ / ၂၀၂၁) CINCDS။ 21 August 2025 တွင် ပြန်စစ်ပြီး။
  21. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၂၇ / ၂၀၂၁) CINCDS။ 17 August 2025 တွင် ပြန်စစ်ပြီး။
  22. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၃၀ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း CINCDS။ 17 August 2025 တွင် ပြန်စစ်ပြီး။
  23. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၃၁ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း Myawaddy Net။ 17 August 2025 တွင် ပြန်စစ်ပြီး။
  24. ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး MWD Webportal (၁၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  25. မြန်မာနိုင်ငံပြန်တမ်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက် MOI။ 17 August 2025 တွင် ပြန်စစ်ပြီး။
  26. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၀၃ /၂၀၂၁ ၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် (၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်) CINCDS။ 22 August 2025 တွင် ပြန်စစ်ပြီး။
  27. "စစ်ကောင်စီ အာဏာသိမ်းပြီး ၆ လပြည့်တွင် အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်း" 2 August 2021 တွင် ပြန်စစ်ပြီး Archived from the original on 1 June 2025။
  28. "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီကို အိမ်စောင့်အစိုးရအဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်း"၊ Eleven Media 2 August 2025 တွင် ပြန်စစ်ပြီး Archived from the original on 1 June 2025။
  29. မော်ကွန်းတင်ပြီးမိတ္တူ 25 September 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 September 2023 တွင် ပြန်စစ်ပြီး။
  30. ပြည်ထောင်စုအစိုးရအဖွဲ့ အမည်စာရင်း Ministry of Information။ 2025-6-3 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-3 တွင် ပြန်စစ်ပြီး။
  31. 1 2 3 "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၄၈ / ၂၀၂၂"။
  32. ပြည်ထောင်စုဝန်ကြီးဌာနဖွဲ့စည်းခြင်း 8 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 June 2025 တွင် ပြန်စစ်ပြီး။
  33. ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း
  34. ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း 8 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 June 2025 တွင် ပြန်စစ်ပြီး။