ကောလင်းမြို့

ဝီကီပီးဒီးယား မှ
ကောလင်းမြို့
မြို့
ကောလင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကောလင်းမြို့
ကောလင်းမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 23°47′N 95°41′E / 23.783°N 95.683°E / 23.783; 95.683ကိုဩဒိနိတ်: 23°47′N 95°41′E / 23.783°N 95.683°E / 23.783; 95.683
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ကောလင်းခရိုင်
မြို့နယ်ကောလင်းမြို့နယ်
ဧရိယာ
 • စုစုပေါင်း၁၈၉၁�၀ စတုရန်းကီလိုမီတာ (၇၃၀.၁၁ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၈၅ မီတာ (၆၀၈ ပေ)
လူဦးရေ (၂၀၁၇)၁၄၅၂၉၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကောလင်းမြို့သည် အထက်မြန်မာပြည် ကောလင်းခရိုင် (ယခင် ၂၀၁၉ မတိုင်မီက ကသာခရိုင်)အတွင်း ကောလင်းမြို့နယ် အုပ်ချုပ်ရေးရုံးစိုက်မြို့ဖြစ်သည်။ ကောလင်းမြို့နယ်၊ပင်လယ်ဘူးမြို့နယ်နှင့်ဝန်းသိုမြို့နယ် သုံးခုကိုစုစည်းကာ ကောလင်းခရိုင်အဖြစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုကားလမ်းမကြီးမှ ၁၄ မိုင်အကွာတွင် တည်ရှိသည်။ ကောလင်းမြို့မှာ ထီးချိုင့်မြို့ အနောက်ဘက် မိုင် ၄၀ ကွာတွင် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ မြေပြန့်ပေါ်တွင် တည်ရှိသော်လည်း ပတ်ပတ်လည်တောင်များ ဝန်းရံလျက်ရှိသည်။

ကောလင်းမြို့ သည် ၁၈၈၈ ဧကစတုရန်းကီလိုမီတာ ကျယ်ဝန်း၍ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၄၅၂၉၇ ယောက်ခန့် နေထိုင်လျက်ရှိသည်။ မြို့ပေါ်တွင် ၂၁၄၄၁ ယောက်နေထိုင်ပြီး အများစုဖြစ်သော ၁၂၃၈၆၆ ယောက်သည် ကျေးလက်တွင်နေထိုင်ကြသည်။ အမျိုးသားဦးရေမှာ ၆၉၇၈၂ ယောက်ရှိပြိး အမျိုးသမီးဦးရေမှာ ပိုမိုများပြား၍ ၇၅၅၁၅ ယောက်ရှိသည်။

ကောလင်းမြို့နယ်ကို ရှေး မြန်မာမင်းများလက်ထက်က မြို့ဝန်များခန့်ထား၍ အုပ်ချုပ်စေသည်။ မြို့ဟောင်း နေရာမှာ ယခုကောလင်းမြို့၏ အနောက်ဘက် တစ်မိုင်ခန့်ဝေးကွာသော ရွာမ ပင်ဖြစ်သည်။ ယခုကောလင်းမြို့မှာ တောင်အင်း နှင့် မြောက်အင်းခေါ် ရွာ ၂ ရွာကို စုပေါင်း၍တည်ခဲ့သော မြို့ဖြစ်သည်။ [၁]

ဆေးရုံ ၁ ရုံ၊ အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ ဈေး ၂ ဈေးရှိသည်။ မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးသို့ ဆက်သွယ်ရာ မြို့အရှေ့ထွက်ကားလမ်းနှင့် ကန့်ဘလူ-မန္တလေးမြို့သို့ ဆက်သွယ်ရာ မြို့တောင်ဘက်အထွက်ကားလမ်းရှိသော်လည်း အလွန်ဆိုးသဖြင့် အသုံးပြုသွားလာရ ခက်ခဲလျက်ရှိနေသေးသည်။ နှစ်စဉ်ကျင်းပသော ပွဲတော်များအနက် ထင်ရှားသောပွဲတော်မှာ ခမောက်တောင်ဘုရားပွဲတော် ဖြစ်သည်။ ဗန်းမောက်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်နှင့် ခန္တီးဒေသမှ ရှမ်းနီ(တိုင်းလိုင်) တိုင်းရင်းသားလူမျိုးများ လာရောက်ဆင်နွှဲလေ့ရှိသည်။ မြို့၏ ထင်ရှားသောတောင်တော်ဖြစ်သည့်အလျောက် နေ့စဉ် ရပ်ဝေးမှဘုရားဖူးဧည့်သည်များ၊ ကျန်းမာရေးတောင်တက်သူများ၊ စက်ဘီးစီးအားကစားသမားများဖြင့် စည်ကားလျက်ရှိသည်။

စီးပွားရေး[ပြင်ဆင်ရန်]

အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်၍ ဖားကန့် မြစ်ကြီးနား မိုးကောင်း စသောအထက်ပိုင်းဒေသများနှင့် ကုန်သွယ်မှုပြုသည်။

ကောလင်းမြို့သည် အဖိုးတန် တမလန်း၊ ကျွန်းသစ်နှင့်ရွှေသတ္ထု ပေါများရာဒေသဖြစ်ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ရွှေချက်စက်ရုံဖြစ်သော ကျောက်ပုထိုးရွှေစက်ရုံသည် မြို့၏ အရှေ့ဘက် ကျောက်တန်း/ခံသာကျေးရွာအလွန် ဘန့်ဘွေးကုန်းအရပ်တွင် တည်ရှိသည်။ အနောက်အရပ် ရှမ်းကလုံး ဥက္ကံ ချောင်းနားတွင်လည်း တူးဖော်ထွက်ရှိသည်။ ရွှေပါဝင်မှုမြင့်မားသော မြေစာခဲများထွက်ရှိရာ ကောလင်းနှင့် ပင်လည်ဘူးမြို့နယ်အစပ်ရှိ သစ်စေးတောင်ကိုမူ မြေပြိုမှုအန္တရာယ်စိုးရိမ်ရသဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနမှ တရားဝင် တူးဖော်ထုတ်လုပ်ခွင့် မပြုချေ။

၂၀၂၃ ဖြစ်ရပ်[ပြင်ဆင်ရန်]

ပြည်တွင်းစစ်ကာလ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ကောလင်းမြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်က သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။[၂] ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အရပ်သားအုပ်ချုပ်ရေးကို လည်ပတ်ခဲ့သည်။[၃] သို့သော်လည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တပ်မတော်က မြို့အား ပြန်လည်သိမ်းပိုက်ခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁)၊ စာမျက်နှာ (၂၆၇)
  2. You must specify archiveurl = and archivedate = when using {{cite web}}.Irrawaddy၊ The (2023-11-06)။ Myanmar Resistance Seizes First District-Level Town in Sagaing as Offensive Expands (in en-US)။ November 29, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-11-06 တွင် ပြန်စစ်ပြီး။
  3. Full Civilian Rule Restored in First Large Town Seized by Myanmar Resistance: NUG. December 4, 2023. The Irrawaddy Archived January 9, 2024, at the Wayback Machine.
  4. Myanmar Junta Retakes Town From Civilian Government in Sagaing Region. The Irrawaddy. February 13, 2024 Archived February 13, 2024, at the Wayback Machine.