တပ်မတော် (ရေ)

ဝီကီပီးဒီးယား မှ
တပ်မတော် (ရေ)
  • Badge of the Myanmar Navy.svg
  • တပ်မတော်(ရေ)၏ လက်ရုံးတံဆိပ်
  • Arm Badge or Shoulder Sleeve of Myanmar Navy.svg
  • တပ်မတော်(ရေ)၏ အဆောင်အယောင်တံဆိပ်
တပ်မတော်(ရေ) လက်မောင်းတံဆိပ်
လှုပ်ရှားချိန်၁၉၄၇ – လက်ရှိ
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
ရေတပ်
တပ်
အမျိုးအစား
ရေပြင်အခြေပြု စစ်အရေးပြုသော တပ်ဖွဲ့
အခန်းကဏ္ဍနိုင်ငံ၏ ရေပိုင်နက် ကာကွယ်ရေး၊ ရေပြင်စစ်ဆင်မှုဆိုင်ရာ
တပ်
အရွယ်အစား
တပ်ဖွဲ့ဝင်ပေါင်း (၁၉၀၀၀) ဝန်းကျင်
အစိတ်အပိုင်း တပ်မတော်
ဌာနချုပ်ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ စစ်ရုံး၊ နေပြည်တော်
အမည်ပြောင်ရေတပ်၊ နေဗီ၊ ရွိုင်ရယ် နေဗီ
ဆောင်ပုဒ်“မြန်မာ့ပင်လယ် ဒို့ကာကွယ်”
အရောင်များ    ရေနက်ပြာရောင်၊ အဖြူရောင်၊
အနက်ရောင်(Navy Seals အထူးတပ်ဖွဲ့)
နှစ်ပတ်လည်များ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်
အုပ်ချုပ်သူများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်[၁]
စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်[၂]
စက်မှုလက်မှုအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီး အောင်သူစိုး
အဆောင်အယောင်များ
ရေတပ်အလံNaval Ensign of Myanmar.svg
တပ်တော်ဝင်အလံMyanmar Navy commissioning pennant.svg
ယခင်ရေတပ်အလံ (၁၉၄၈–၁၉၇၄)Naval Ensign of Burma (1948-1974).svg
ယခင်ရေတပ်အလံ (၁၉၇၄–၁၉၉၄)Naval Ensign of Burma (1974–1994).svg

ယနေ့ခေတ် တပ်မတော် (ရေ) သည် မြန်မာ့ တပ်မတော် တွင် ပါဝင်ပြီး ရေတပ်ဆိုင်ရာ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အမျိုးသမီး၊ အမျိုးသား စစ်မှုထမ်းအင်အား ၁၉၀၀၀ ခန့်ဖြင့်အမှုထမ်းလျက်ရှိသည်။ ယနေ့အချိန်တွင် တပ်မတော် (ရေ) သည် စစ်ရေယာဉ်ပေါင်း ၁၂၂ စီးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၁၉၈၈ ခုနှစ်မတိုင်မှီခန့် ပြည်တွင်းသောင်းကျန်းမှုများ နိုမ်နှင်းရာတွင် မြန်မာ့တပ်မတော် ရေ ၏ထင်ရှားသော အခန်းကဏ္ဍမှာ အခြား တပ်နှင့် လေတပ် များထက်စာလျှင် အလွန်နည်းပါးလှသည်။ တပ်မတော်ရေသည် နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ယခင်အချိန်ရော ယခုကာလအထိတည်ရှိနေသည့်အတွက်ကြောင့် မကြာသေးမီကာလကပင် မြန်မာ့ရေပိုင်နက်ခြိမ်ခြောက်မှုများကို ကာကွယ်ရန်အတွက် ထပ်မံတိုးချဲ့တည်ဆောက်ထားခဲ့သည်။ တပ်မတော် (ရေ)၏ ဆောင်ပုဒ်မှာ “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဖြစ်သည်။[၃]

သမိုင်း

ကိုလိုနီခေတ် မတိုင်မီ

မြန်မာဘုရင့်ရေတပ်တော်တွင် မြစ်အတွင်းတိုက်ခိုက်ရေးရေယာဉ်များ အဓိကပါဝင်သည်။ ၎င်းတို့၏ အဓိကတာဝန်များမှာ ဧရာဝတီမြစ်ကြောင်းအား ထိန်းချုပ်ထားရန်ဖြစ်ပြီး ရှေ့တန်းစစ်သည်များအား တင်ဆောင်လာသော သင်္ဘောများကို ကာကွယ်ပေးရန်အတွက်ဖြစ်သည်။ ယင်းစစ်သင်္ဘောများသည် သေနတ်ကိုင်တပ်သား ၃၀ နှင့်အထက် တင်ဆောင်နိုင်ပြီး ၆-၁၂ ပေါင်ဒါ အမြောက်မြားတပ်ဆင်ထားသည်။ ၁၈ ရာစုအလယ်ခန့်တွင် ရေတပ်တော်သည် ဥရောပနှင့်အခြားလူမျိုးများပါသည့် ပင်လယ်ပျော်သင်္ဘောနှင့် ဥရောပနှင့်အခြားနိုင်ငံခြား သင်္ဘောသားများထံမှ နည်းနာများကို သင်ယူဆည်းပူးလေ့လာပြီး ယိုးဒယား၊ ရခိုင်တိုက်ပွဲများအတွက် စစ်သည်တော်များ ပို့ဆောင်ရန် အသုံးချခဲ့သည်။

၁၇၉၅ ခုနှစ် မြန်မာဘုရင့်စစ်ရေယာဉ်

ထိုအချိန်က ရခိုင်နှင့် မွန်တို့သည် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် နေထိုင်သည့်အလျောက် ယင်းတို့၏ စစ်သင်္ဘောများ၊ တိုက်ခိုက်ရေးနည်းပညာများသည် မြစ်အတွင်း၌သာအတွေ့အကြုံရှိသော မြန်မာတပ်များ၏ သင်္ဘောများထက် သာသည်ကို တွေ့ရသည်။

တိုက်ပွဲများနှင့် ဒုတိယကမ္ဘာစစ်

မြန်မာ့ ရေတပ်ကို ၁၉၄၀ ခုနှစ်တွင် မြန်မာ့တပ်မတော် ရေ အဖြစ် ဖွဲ့စည်းခဲ့သော်လည်း အလွန်သေးငယ်၍ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဗြိတိသျှ မဟာမိတ်တို့နှင့် ပူးပေါင်း၍ ဖက်ဆစ်ဂျပန်ကို ခုခံတိုက်ခိုက်ခဲ့သည်။

ဗမာ့လွတ်လပ်ရေးကာလ

၁၉၄၇ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ရေတပ်ကို လူ ၇၀၀ ဖြင့် ဖွဲ့စည်းခဲ့သည်။ ပထမတွင် သင်္ဘောအုပ်စုမှာ အနည်းငယ်သာ ပါဝင်သော်လည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှတော်ဝင်ရေတပ်၏ အစီအစဉ်အရ သင်္ဘောအချို့ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုအထဲတွင် UBS Mayu (စစ်ရေယာဉ် (မေယု)) မြစ်အမျိုးအစားဖရီးဂိတ်စစ်ရေယာဉ် နှင့် အမြောက်တက်ဆင်ထားသည့် ကမ်းတက်ရေယာဉ် လေးစင်းပါဝင်သည်။ ၂၅ပေါင်ဒါ(၈၈မီလီမီတာ) ၂လက်နှင့် ၂ပေါင်ဒါ (၄၄ မီလီမီတာ) အမြောက်မြား တပ်ဆင်ထားသည့် ထိုကမ်းတက်ရေယာဉ်များကို အထောက်အကူပြု(သယ်ယူပို့ဆောင်ရေး+လက်နက်ကြီးပစ်ကူပေးနိုင်ရန်)စစ်ရေယာဉ်များအြဖစ် အသုံးပြုခဲ့သည်။

၁၉၄၇ ခုနှစ်၊ မေလ ၂၅ရက်၊ မွန်းတည့် ၁၂ နာရီတွင် ဗြိတိသျှ တော်ဝင်ရေတပ် မတော်က စစ်ရေယာဉ် (မေယု)ကို မြန်မာနိုင်ငံ‎ အရန်တော်ဝင်ရေတပ်သို့ အခမ်းအနားဖြင့် လွှဲပြောင်းပေး အပ်ခဲ့သည်။ ထိုကဲ့သို့ လွှဲပြောင်းပေးအပ်စဉ်က ဗြိတိသျှ အစိုးရကိုယ်စား စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး မစ်ချယ်လ်က လွဲပြောင်းပေး အပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း‎ ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းနှင့် ရေယာဉ်ကို မြန်မာနိုင်ငံကိုယ်စား လက်ခံခြင်း ပြုလုပ်ခဲ့သည်။ ပထမဆုံး စစ်ရေယာဉ်မှူးမှာ ဗိုလ်မှူးခင်မောင်ဘို ဖြစ်သည်။

၁၉၅၀ ခုနှစ်များ

၁၉၅၀ ခုနှစ်နှင့် ၁၉၅၁ ခုနှစ်အတွင်းတွင် အမေရိကန်ပြည်ထောင်စုသည် နှစ်ဖက် စစ်ရေးနားလည်မှုအစီအစဉ်အရ ကမ်းရိုးတန်းစောင့် သင်္ဘော ၁၀ စင်း ပေးအပ်ခဲ့သည်။ ပြည်ထောင်စုအစိုးရ၏ ပြည်တွင်းသောင်းကျန်းမှု ပေါင်းစုံကို နှိမ်နင်းရာ တိုက်ပွဲများအတွင်းတွင် တပ်မတော်ရေသည် အဓိကနေရာမှ လုပ်ရှားခဲ့သည်။ တပ်မတော်ရေသည် ခုခံရေးနှင့် ကာကွယ်ရေးတာဝန်များ၊ အစောင့်အရှောက်အဖြစ်လည်းကောင်း၊ ထောက်ပံ့ရေးပစ္စည်းများ သယ်ယူရေး၊ စစ်သည်များသယ်ယူရေးများနှင့် လိုအပ်လျှင် ပစ်ကူများပေးရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော မော်လမြိုင်မြို့ကို ကရင်သောင်းကျန်သူတို့ သိမ်းပိုက်ထားချိန်တွင် တပ်မတော်ရေ၏ အဓိက တာဝန်ယူ လှုပ်ရှားမှုကြောင့်သာ သက်သာရာ ရခဲ့သည်။ လွတ်လပ်ရေးရပြီး ကာလတစ်လျှောက်လုံးတွင် တပ်မတော်ရေ၏ ကင်းလှည့်ရေယာဉ်တစ်စင်းသည်သာ ကရင်သောင်းကျန်းသူများဘက်သို့ ဘက်ပြောင်းပူးပေါင်းခဲ့သည်မှ အပ မြန်မာ့တပ်မတော်ရေသည် အရေးကြီးသည့် ကုန်းတွင်းပိုင်း ရေကြောင်းလမ်းများတွင် ကြီးမားသော အတားအဆီး မရှိဘဲ ထိန်းချုပ်ထားနိုင်ခဲ့သည်။[၄]

၁၉၅၆-၅၇ ခုနှစ်အတွင်းတွင် တန်ချိန် ၅၀ ရှိသည့် မော်တာတော်ပီဒို/မော်တာ စက်သေနတ်တပ် အဖြစ်ပြောင်းလဲအသုံးပြုနိုင်သော Saunders-Roe Dark class အမျိုးအစား ကမ်းရိုးတန်းစောင့် ကင်းလှည့်ရေယာဉ် ငါးစင်း၊ တန်ချိန် ၁၀၄၀ ရှိ Algerine class minesweeper အမျိုးအစား မိုင်းရှင်းရေယာဉ်အဟောင်း တို့ကို ဗြိတိသျှတို့ထံရရှိခဲ့သည်။ ၁၉၅၀-၆၀ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုသည် PGM အမျိုးအစား ကမ်းရိုးတမ်းစောင့် ကင်းလှည့်ရေယာဉ် ခြောက်စင်း၊ CGC အမျိုးအစား ကမ်းရိုးတန်းစောင့် ကင်းလှည့်ရေယာဉ် ၇ စင်း ကို တပ်မတော်ရေသို့ ရောင်းချပေးခဲ့သည်။ ၁၉၆၀ ခုနှစ်အလယ်ပိုင်းတွင် အမေရိကန်ရေတပ်၏ တန်ချိန် ၆၄၀ PCE-827 class တိုက်ခိုက်ရေးရေယာဉ် နှင့် တန်ချိန် ၆၅၀ Admirable class minesweeper အမျိုးအစား မိုင်းရှင်ရေယာဉ်တို့ကို ရရှိခဲ့ပြီး ၎င်းယာဉ်များသည် ၁၉၄၀ ခုနှစ်အလယ်ခန့် တပ်တော်ဝင်အသုံးပြုထားသော ယာဉ်အဟောင်းများဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် မြန်မာ့တပ်မတော်သို့ မြစ်တွင်း ကမ်းရိုးတန်းစောင့်ရေယာဉ်ငယ် ၆ စင်းတို့ကို အမေရိကန်ပြည်ထောင်စုက ပေးအပ်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ယူဂိုဆလားဗီးယားထံမှ Y-301 အမျိုးအစား စက်သေနတ်တပ် ရေယာဉ် ၁၀ စီးအပြင် Michao အမျိုးအစား ကမ်းရိုးတန်းစောင့်ကင်းလှည့်ရေယာဉ် ၂၅ စီးရရှိခဲ့သည်။

၁၉၆၀ ခုနှစ်များ

အင်ဒိုနီးရှားရောက် မြန်မာ့ရေတပ်သားများ (၁၉၆၀ ခုနှစ်)

မြန်မာ့တပ်မတော်ရေသည် ယူဂိုဆလားဗီးယားနိုင်ငံ အကူအညီဖြင့် စစ်ရေယာဉ်များ ကိုယ်တိုင် ထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့သည်။ ၁၉၆၀ တွင် တန်ချိန် ၄၀၀ ရှိ နဝရတ် အမျိုးအစား ကော်ဗတ် ရေယာဉ်နှစ်စင်းကို ထုတ်လုပ်နိုင်ခဲ့ပြီး တပ်မတော်တွင် အမှုထမ်းစေခဲ့သည်။ လက်နက်အနေဖြင့် ၂၅ပေါင်ဒါ အမြောက် နှင့် ၄၀ မီလီမီတာ ဘိုဖော်စ် လေယာဉ်ပစ်အမြောက်တို့ တပ်ဆင်ထားသည်။ မြန်မာသင်္ဘောကျင်းများမှ ကမ်းရိုးတန်းစောင့် ရေယာဉ်ငယ် အချို့နှင့် ကမ်းတက်ရေယာဉ်အချို့ကို တည်ဆောက်ခဲ့သည်။ ပုံမှန်အားဖြင့် ကမ်းတက်ရေယာဉ်နှင့် အရန်သင်္ဘောများကို အော်လီကွန် ၂၀ မီလီမီတာ အမြောက်မြား၊ ၄၀ မီလီမီတာ လေယာဉ်ပစ်အမြောက်မြား နှင့် စက်သေနတ်ကြီးများကို တပ်ဆင်ထားသည်။[၅]

၁၉၇၀ ခုနှစ်များ

တပ်မတော်ရေ၏ စစ်အင်အားတို့ချဲ့မှုသည် ၁၉၅၀ ခုနှစ်နှင့် ၆၀ အကြားတွင် အလွန်လျင်မြန်သော်လည်း ယာဉ်အအိုအဟောင်းများ၏ ပျက်စီး ယိုးယွင်းမှုများကြောင့် အရှိန်အဟုန်နှေးကွေးလာခဲ့ရပြီး ၁၉၇၉ ခုနှစ်တွင် မဆလ အစိုးလက်ထက် ရေတပ်ပြုပြင်ပြောင်းလဲရေးမတိုင်မီအထိ ဖြစ်သည်။

၁၉၈၀ ခုနှစ်များ

၁၉၈၀ ခုနှစ်တွင် ဩစတြေးလျနိုင်ငံမှ Carpentaria အမျိုးအစား ကမ်းနီး ကင်းလှည့်ရေယာဉ် ခြောက်စင်း၊ စင်ကာပူနိုင်ငံမှ ၁၂၈ တန် Swift အမျိုးအစား ကမ်းရိုးတန်း ကင်းလှည့် ရေယာဉ် ၃ စီး၊ ဒိန်းမတ်နိုင်ငံလုပ် ၃၈၅ တန် Ospery အမျိုးအစား ကမ်းဝေး ကင်းလှည့်ရေယာဉ် ၃ စီးတို့ ရရှိခဲ့သည်။ Swift နှင့် Ospery အမျိုးအစား သင်္ဘောများသည် ၄၅၀၀ မိုင်နှင့် ၁၈၀၀ မိုင်ခန့် အသီသီးရောက်ရှိနိုင်ပြီး အော်လီကွန် ၂၀ မီလီမီတာ အမြောက်မြားနှင့် ၄၀မီလီမီတာ လေယာဉ်ပစ် အမြောက်မြား တပ်ဆင်ထားသည်။ ၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် တပ်မတော်ရေသည် US PGM အမျိုးအစား ကင်းလှည့်ရေယာဉ်ကို အခြေခံ၍ ၁၂၈ တန် PGM အမျိုးအစား ကင်းလှည့်ရေယာဉ် ၃ စင်း တည်ဆောက်ခဲ့သည်။ ထိုသင်္ဘောတိုင်းတွင် ၄၀ မီလီမီတာ လေယာဉ်ပစ်အမြောက် နှစ်လက်နှင့် ၁၂.၇ မီလီမီတာ စက်သေနတ်ကြီး ၂ ခုတို့ တပ်ဆင်ပေးထားသည်။

၁၉၉၀ ခုနှစ်များ

မြန်မာ့တပ်မတော်ရေသည် ဒုံးတပ် အစောင့်ရေယာဉ် ၆ စီးနှင့် ရေငုပ်သင်္ဘောဖျက် သင်္ဘော ၁၀ စင်းတို့ကို တရုတ်ထံမှ ဝယ်ယူခဲ့သည်။ တပ်မတော် ရေသည် ၇၇ မီတာ ကော်ဗတ် ရေယာဉ် နှစ်စင်း(771 နှင့် 772) နှင့် အမြန်သွားတိုက် ရေယာဉ် လေးစင်း(551-554) တို့ကို ၁၉၉၈ ခုနှစ်ကတည်းက တည်ဆောက်နိုင်ခဲ့သည်။

၂၀၀၀ ခုနှစ်များ

နာဂစ်ဆိုင်ကလုန်း

၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် တပ်မတော်ရေယာဉ် ၂၅ စီးခန့် နစ်မြုပ်ခဲ့ရပြီး စစ်သားအချို့နှင့် မိသားစုဝင်များပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ရသည်ဟု စာရင်းပြုစုခဲ့သည်။ အရာရှိ ၃၀ ခန့်နှင့် အမှုထမ်းပေါင်း ၂၅၀ ခန့် ပျောက်ဆုံးခဲ့ကြောင်း ကြေညာထားပြီး ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်၊ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ် နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဓညဝတီ ရေတပ်စခန်းဌာနချုပ်တို့၏ကွပ်ကဲမှုအောက်၌ရှိသော စစ်ရေယာဉ် ၂၅ စင်းသည် မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည် ဟု ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်က ဖော်ပြထားခဲ့သည်။

၂၀၁၀ ခုနှစ်များ

မြန်မာ့တပ်မတော်ရေ အရာရှိများ အမေရိကန်စစ်ရေယာဉ်ကို လာရောက်လည်ပတ်စဉ် (၂၀၁၃ ခုနှစ်)

၂၀၁၄ ခုနှစ်မှစတင်၍ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise -Sea Shield)ကို နှစ်စဉ်လုပ်ဆောင်ပြီး စစ်ရေယာဉ်မျိုးစုံ နှင့် ရဟတ်ယာဉ်များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (NAVY SEALs) တပ်ဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်အင်အား ၁၄ဝဝ ကျော် နှစ်စဉ်ပါဝင်လေ့ကျင့်ခဲ့ကြသည်။[၆]

မြန်မာ - တောင်ကိုရီးယား ရေတပ်ဦးစီးချုပ်များ တွေ့ဆုံစဉ် (၂၀၁၇ ခုနှစ်)

၂ဝ၁၆ ခုနှစ်မှ စ၍ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်) ဖြင့် မြန်မာ့ပင်လယ် ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလထိ ဒေသခံပြည်သူစုစုပေါင်း ၈၁ဝ၅၃ ဦး တို့ကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံ သင်္ဘောပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင် ၁၁ ဦးအား အောင်မြင်စွာ မွေးဖွား ကုသပေးနိုင်ခဲ့သည်။[၇] ၂၀၁၈ ခုနှစ် တွင် မြစ်တွင်းသွား ဆေးရုံသင်္ဘော(ရွှေပုစွန်) သည် ရေဘေးအန္တရာယ်ကျရောက်လျက်ရှိသော ဧရာဝတီတိုင်း ဒေသကြီး အတွင်း လှည့်လည်၍ ဆေးကုသပေးနိုင်ခဲ့သည်။[၈]

လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်ရေ၏ အုပ်ချုပ်ရေး အရာရှိများ

  1. ရေတပ် ဒုတိယဗိုလ်မှူးကြီးခင်မောင်ဘို
  2. ရေတပ် ဗိုလ်မှူးချုပ် သန်းဖေ
  3. ရေတပ် ဗိုလ်မှူးချုပ် သောင်းတင်
  4. ရေတပ် ဗိုလ်ချုပ် ချစ်လှိုင်
  5. ရေတပ် ဗိုလ်ချုပ် မောင်မောင်ဝင်း
  6. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်
  7. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းညွန့်
  8. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး တင်အေး
  9. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်သိန်း
  10. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ကြည်မင်း
  11. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း
  12. ရေတပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း (၂၀၀၈ ခုနှစ်၊ ဇွန်လ - ၂၀၁၂ ခုနှစ် ဩဂုတ်လ)
  13. ရေတပ် ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ
  14. ရေတပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း
  15. ရေတပ် ဗိုလ်ချုပ်ကြီး မိုး​အောင်

ရာထူးအဆင့် နှင့် အဆောင်အယောင်များ

ပြန်တမ်းဝင် အရာရှိများ

အဆင့် အုပ်စု ခေါင်းဆောင်ပိုင်း/ထိပ်တန်း အရာရှိကြီးများ မြေပြင်အမှုထမ်း/အကြီးတန်း အရာရှိများ အရာရှိငယ်များ အလုပ်သင် အရာရှိ
အဆင့်ညီသည့်
နေတိုးကုဒ်
OF-10 OF-9 OF-8 OF-7 OF-6 OF-5 OF-4 OF-3 OF-2 OF-1 OF(D)
 ရေတပ်
18. Myanmar Navy SGEN.png 17. Myanmar Navy VSGEN.png 16. Myanmar Navy GEN.png 15. Myanmar Navy LG.png 14. Myanmar Navy MG.png 13. Myanmar Navy BG.png 12. Myanmar Navy COL.png 11. Myanmar Navy LTCOL.png 10. Myanmar Navy MAJ.png 09. Myanmar Navy CAPT.png 08. Myanmar Navy 1LT.png 07. Myanmar Navy 2LT.png (မရှိ)
ဗိုလ်ချုပ်မှူးကြီး ဒုတိယ
ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး
ဗိုလ်ချုပ် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး ဒုတိယ
ဗိုလ်မှူးကြီး
ဗိုလ်မှူး ဗိုလ်ကြီး ဗိုလ် ဒုတိယ
ဗိုလ်
(မရှိ)
Senior General Vice Senior General Admiral Vice Admiral Rear Admiral Commodore Captain Commander Lieutenant
Commander
Lieutenant Lieutenant
(junior grade)
Sub-Lieutenant

အခြားအဆင့်များ

အဆင့်
အုပ်စု
ပြန်တမ်းဝင်မဟုတ်သော အရာရှိများ စီနီယာ အခြားအဆင့်များ အခြားအဆင့်များ
အဆင့်အတန်း
ညီမျှသည့်
နေတိုးသင်္ကေတ
OR-9 OR-8 OR-7 OR-6 OR-5 OR-4 OR-3 OR-2 OR-1
 တပ်မတော် (ရေ)
Myanmar-Army-OR-9.svg Myanmar-Army-OR-8.svg Burma-army-OR-6.svg Burma-army-OR-5.svg Burma-army-OR-4.svg Burma-army-OR-3.svg အဆောင်အယောင်
မသတ်မှတ်ထား
အရာခံဗိုလ် ဒုတိယ
အရာခံဗိုလ်
တပ်ခွဲ
တပ်ကြပ်ကြီး
တပ်ကြပ်ကြီး၊
တပ်ကြပ်ကြီး/စာရေး
တပ်ကြပ် ဒုတိယ
တပ်ကြပ်
တပ်သား


ဖွဲ့စည်းပုံ

  1. ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)။ [ ကက(ရေ) ]
  2. ရေတပ်လေ့ကျင့်ရေးဌာနချုပ်။ (ရကခ)
  3. ရေတပ်သင်္ဘောကျင်းဌာနချုပ်။ (ရသခ)
  4. ရေတပ်စခန်းဌာနချုပ်များ။
  5. ရေတပ်ဗျုဟာ စစ်ရေယာဉ်စုများ။ (ရဗစ)
  6. ရေတပ် တပ်ရင်းများ။
  7. အထူးတပ်ဖွဲ့။

ရေတပ်စခန်းဌာနချုပ်များ

ရေတပ် တပ်ရင်းများ

မြန်မာ - အိန္ဒိယ ရေတပ်ဦးစီးချုပ်များ တွေ့ဆုံစဉ် (၂၀၁၃ ခုနှစ်)

၁၉၆၄ ခုနှစ်တွင် တပ်မတော်(ရေ)၏ အမှတ်(၁)ရေတပ်တပ်ရင်းကို တပ်ရင်းဌာနချုပ်(၁)ခွဲ၊ သေနတ်ကိုင်တပ်ခွဲ(၃) ခွဲတို့ဖြင့် ကမ်းတက်တပ်ရင်းအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။

တပ်ရင်းအဆင့်မဖွဲ့စည်းမှီ ၁၉၆၂ ခုနှစ်ကာလမှစတင်ကာ တပ်စုအဆင့်၊ တပ်ခွဲအဆင့်ဖြင့် စစ်ဆင်ရေးတာဝန်များထမ်းဆောင်ခဲ့ကြသည်။ အရေးပေါ်ကိစ္စရပ်များရင်ဆိုင်လာရပါက အချိန်အနည်းငယ်အတွင်း လှုပ်ရှားမှုပြုနိုင်ရန် ရည်ရွယ်ခဲ့သည်။ ရေတပ်အရာရှိ/စစ်သည်များအား ခြေလျင်တပ်ဆိုင်ရာဘာသာရပ်များကို လေ့ကျင့်သင်ကြားကာ ရေတပ်တပ်ရင်းတွင် အမှုထမ်းစေခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် အင်အားထပ်မံရရှိခဲ့သဖြင့် သေနတ်ကိုင်တပ်ခွဲ(၅) ခွဲအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သည်။ အမှတ်(၁)ရေတပ်တပ်ရင်း၏ စစ်ဆင်ရေးကိစ္စရပ်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ၎င်း၊ စစ်ရေး/စစ်ထောက်ဆိုင်ရာကိစ္စရပ်များအား တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ၎င်း တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်ပြီး မြိတ်၊ တနင်္သာရီ၊ ကော့သောင်း၊ ဘုတ်ပြင်း၊ ထားဝယ်ဒေသများတွင် စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်ရသည်။ ၁၉၈၆ ခုနှစ်တွင် အမှတ်(၁)ရေတပ်တပ်ရင်း၏ စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များအား အမှတ်(၁၇)ခြေလျင်တပ်ရင်းသို့ လွှဲပြောင်းပေးအပ်ကာ တပ်ရင်းဌာနချုပ်ကိုလည်း မြိတ်မြို့မှ တွံတေးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ဧရာ၀တီမြစ်၀ကျွန်းပေါ်ဒေသအတွင်း ခုတ်မောင်းသွားလာလျက်ရှိသော ရေယာဉ်များလုံခြုံရေးအတွက် ရည်ရွယ်ကာ အမှတ်(၂)ရေတပ်တပ်ရင်းကို သန်လျက်စွန်းတွင် ထပ်မံဖွဲ့စည်းခဲ့သည်။ အမှတ်(၂)ရေတပ်တပ်ရင်း၏ စစ်ဆင်ရေးကိစ္စရပ်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ၎င်း၊ စစ်ရေး/စစ်ထောက်ဆိုင်ရာကိစ္စရပ်များအား ဧရာ၀တီရေတပ်စခန်းဌာနချုပ်မှ၎င်း တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်ပြီး ရန်ကုန်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ဘိုကလေးဒေသများတွင် စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်ရသည်။

၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ(၃၀) ရက်နေ့တွင် ရေတပ်တပ်ရင်းများ၏စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များအား အခြားနယ်မြေခံတပ်ရင်းများသို့ လွှဲပြောင်းပေးအပ်ပြီးနောက် ရေတပ်တပ်ရင်းများအား ဖျက်သိမ်းခဲ့သည်။[၉]

အထူးတပ်ဖွဲ့

တပ်မတော် (ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Myanmar Navy SEALs) ကို ၂၀၁၀ ခုနှစ်ကာလများမှ စတင်ကာ ဖွဲ့စည်းခဲ့သည်။ ဓားစာခံကယ်ဆယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ လှုပ်ရှားမှုပြုနိုင်ရန် အဓိက ရည်ရွယ်သည်။ ရွေးချယ်ရေး လုပ်ငန်းစဉ်နှင့်လေ့ကျင့်ရေးသင်ရိုးညွှန်းတမ်းသည်အမေရိကန်ရေတပ် SEAL ရွေးချယ်ရေးနှင့်လေ့ကျင့်ရေး သင်ရိုးညွှန်းတမ်း နှင့်ဆင်တူသည်ဟု ဆိုကြသည်။[၁၀][၁၁][၁၂]

ရေတပ်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေး

မြန်မာ့ တပ်မတော်သည် ရေတပ်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးအတွက် ဘိုဖော်စ် ၄၀ မီလီမီတာ နှင့် zpu-2 AAA တို့ကို ယခင်က အသုံးပြုသည်။

သင်္ဘောများ

ရေငုပ်သင်္ဘောများ (Submarines)

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် တပ်တော်ဝင်သည့် ခုနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
ကီလိုအမျိုးအစား ရေငုပ်သင်္ဘော «Краснодар».jpg Rubin Design Bureau ရုရှားနိုင်ငံ ရုရှား မင်းရဲသိင်္ခသူ ၂၀၂၀ ခရုဇ်ဒုံးပျံ အိန္ဒိယနိုင်ငံထံမှ လက်ခံရရှိ[၁၃]
Type-035G ၏ မျိုးကွဲ Type-035B အမျိုးအစား Mingအတန်းအစား ရေငုပ်သင်္ဘော[၁၄]
Ming class SS.svg
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မင်းရဲကျော်ထင် ၂၀၂၁
  • 6 × bow torpedo tubes
  • 2 × stern torpedo tubes
တရုတ်ပြည်သူ့သမ္မတနိုင်ငံထံမှ လက်ခံရရှိ[၁၄]

Landing Platform Dock (LPD)

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် တပ်တော်ဝင်သည့် ခုနှစ် မှတ်ချက်
Makassar အမျိုးအစား Dae Sun Shipbuilding တောင်ကိုးရီးယား ကိုရီးယားသမ္မတနိုင်ငံ စစ်ရေယာဉ် မုတ္တမ (1501) ၂၀၁၉ ၂၄-၁၂-၂၀၁၉ ရက်နေ့တွင် တပ်တော်ဝင်ခဲ့သည်။

ဖရီးဂိတ်စစ်ရေယာဉ်များ (Frigate)

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် တပ်တော်ဝင်သည့်

ခုနှစ်

လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
ကျန်စစ်သား-အမျိုးအစား ဖရီးဂိတ်စစ်ရေယာဉ်


Indo-Myanmar Coordinated Patrol Exercise 2018 (2).jpg


(မှတ်ချက်။ အမျိုးအစား၏ ပထမဆုံး စစ်ရေယာဉ်အမည်ကို အစွဲပြု၍ အမျိုးအစားအမည်ပေးလေ့ရှိသည်။)

ရေတပ်သင်္ဘာကျင်း
(မြန်မာနိုင်ငံ) မြန်မာနိုင်ငံ
ဖရီးဂိတ်စစ်ရေယာဉ် ကျန်စစ်သား (12) ၂၀၁၄ Oto Melara 76 mm Super Rapid Cannonsစူပါလျင်မြန် အမြောက်မြား
AK-630 6-barrel 30 mm Close-in weapon system လက်နက်စနစ်
SA-N-5 SAM လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် ( F 12 is to be fitted with TY-90)
C-802 သင်္ဘောဖျက်ဒုံး
ASW တော်ပီဒို
Rocket Launchers, possibly ASW ရေငုပ်သင်္ဘောဖျက်ဒုံးကျည် or decoy rockets
ကိုယ်ပျောက် ပုံသဏ္ဌာန်ဖြစ်သည်, ရဟတ်ယာဉ်ရုံပါဝင်သည်
ဖရီးဂိတ်စစ်ရေယာဉ် ဆင်ဖြူရှင် (14) ၂၀၁၅
အောင်ဇေယျ-အမျိုးအစား ဖရီးဂိတ်စစ်ရေယာဉ် [၁၅](မှတ်ချက်။ အမျိုးအစား၏ ပထမဆုံး စစ်ရေယာဉ်အမည်ကို အစွဲပြု၍ အမျိုးအစားအမည်ပေးလေ့ရှိသည်။) ရေတပ်သင်္ဘာကျင်း
(မြန်မာနိုင်ငံ) မြန်မာနိုင်ငံ
ဖရီးဂိတ်စစ်ရေယာဉ် အောင်ဇေယျ ၂၀၀၈
Oto Melara 76 mm Super Rapid Cannons
4 x AK-630 6-barrel 30 mm CIWS သေနတ်များ
6 × SA-N-5 SAM လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်
8 x Kh-35E သင်္ဘောဖျက်ဒုံး
Triple 324 mm YU-7 ASW တော်ပီဒို
Rocket Launchers, possibly ASW ရေငုပ်သင်္ဘောဖျက်ဒုံးကျည် or decoy rockets
Jianghu-II Class BNS OSMAN (F-18).JPEG
[Type 053H1
Hudong Shipyard
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
F21 -မဟာဗန္ဓုလ
F23 - မဟာသီဟသူရ
၂၀၁၂ 2 x 100 mm gun
4 x dual 37 mm AA သေနတ်များ
8 x C-802 သင်္ဘောဖျက်ဒုံး
2 x Type 81 (RBU-1200) 5-tube ASW RL (30 rockets), or 2 x Type 3200 6-tube ASW RL (36 rockets)
2 x Type 62 5-tube A/S mortar launchers
2 x depth charge (DC) racks & projector

ကော်ဗက် စစ်ရေယာဉ်များ (Corvette)

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
အနော်ရထာ အမျိုးအစား ရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) မြန်မာနိုင်ငံ 771 - UMS အနော်ရထာ
772 - UMS ဘုရင့်နောင်
773 - UMS တပင်ရွှေထီး
၁၉၉၆–လက်ရှိ[၁၅] 1 × Oto Melara 76 mm Super Rapid Cannons
2 × Type 58/ZPU 2 Anti-aircraft Gun
1 × Type 69/AK-230 twin-barrel 30 mm CIWS gun
4 × C-802 Surface-to-Surface Missile
2 × RBU-1200 or Type 81 ASW rocket launchers
1 helipad
773 was the latest design of the class and featured the stealth shaping. Launched on 2014 and expected to commissioned in 2016.

ကိုယ်ပျောက်အမြန်သွားတိုက်ခိုက်ရေးရေယာဉ်

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
ကိုယ်ပျောက်သင်္ဘော ရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) မြန်မာနိုင်ငံ 491 [၁၆] ၂၀၁၂[၁၇] 1 × AK-630 twin-barrel 30 mm CIWS gun
4 x C-802 anti-ship missile

မိုင်းရှင်း စစ်ရေယာဉ်များ

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
Creddok(AM-356) Admirable-136.jpg အမေရိကန်ပြည်ထောင်စု အမေရိကန်ပြည်ထောင်စု 42 - ရန်ကြီးအောင် 1967 1x76mm Cannon
2x 40mm Bofer Anti Aircraft Gun
4xAuliGun
Hedgehog Anti Submarine Destroyer
အမေရိကန်ရေတပ် ရေယာဉ်ဟောင်း[၁၈]

ရေငုပ်သင်္ဘော တိုက်ခိုက်ရေး စစ်ရေယာဉ်များ

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
Hainan DengXiaoPingNanXunJunJian.jpg [၁၉] Dalian, Qiuxin and Huangpu Shipyard, တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
  1. 442 - စစ်ရေယာဉ် ရန်ထက်အောင်
  2. 443 - စစ်ရေယာဉ် ရန်ငြိမ်းအောင်
  3. 444 - စစ်ရေယာဉ် ရန်ခွင်းအောင်
  4. 445 - စစ်ရေယာဉ် ရန်မင်းအောင်
  5. 446 - စစ်ရေယာဉ် ရန်ရဲအောင်
  6. 447 - စစ်ရေယာဉ် ရန်ပန်းအောင်
  7. 448 - စစ်ရေယာဉ် ရန်ဝင်းအောင်
  8. 449 - စစ်ရေယာဉ် ရန်အေးအောင်
  9. 450 - စစ်ရေယာဉ် ရန်ဇွဲအောင်
၁၉၉၁၊ ၁၉၉၃ 2 × Type 66 - 57mm twin guns
2 × Type 87 - 25 mm twin guns
2 × Type 69 14.5 mm twin Anti-Aircraft Guns
RBU
၄၄၁၊ ရန်စစ်အောင် သည် နာဂစ်မုန်တိုင်းကြောင့် နစ်မြုပ်ခဲ့သည်။[၂၀]
၁၉၉၁ ခုနှစ်တွင် ခြောက်စင်း၊ ၁၉၉၃ ခုနှစ်တွင် လေးစင်း

ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ (FAC - Missile)

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
Houxin class 駐港部隊艦艇大隊037II型-771導彈艦.JPG [၂၁] Qiuxin Shipyards, ရှန်ဟိုင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ 471 - မာဃ
472 - SaitTra
473 - DuWa
474 - ZeyHta
475 - ဟံသာ
476 - BanDa
၁၉၉၅၊ ၁၉၉၆၊ ၁၉၉၇ 4 × C-802 Surface-to-Surface ဒုံးပျံ
2 × 30 mm AK 230 အလိုအလျှောက်ပစ်စက်သေနတ်
2 × Type 69 14.5 mm twin လေကြောင်းရန်ကာကွယ်ရေး သေနတ်များ
5-Series class[၁၈][၂၂] ရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) မြန်မာနိုင်ငံ 556
557
558
559
560
၂၀၀၄ 4 × C-802 Surface-to-Surfaceဒုံးပျံ
2 × 30 mm AK 230 အလိုအလျှောက်ပစ်စက်သေနတ်
2 × Type 69 14.5 mm twin လေကြောင်းရန်ကာကွယ်ရေး သေနတ်များ
5-Series class[၁၈][၂၂] ရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) မြန်မာနိုင်ငံ 561
562
567
568
569
570
၂၀၀၈၊ ၂၀၁၂
2 × 30 mm AK 230 အလိုအလျှောက်ပစ်စက်သေနတ်
2 × Type 69 14.5 mm twin လေကြောင်းရန်ကာကွယ်ရေး သေနတ်များ
2 x C-802A Surface to Surface Anti-ship ဒုံးပျံ

အမြောက်တင် အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ (FAC - GUN)

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
5-Series class[၁၈][၂၂] ရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) မြန်မာနိုင်ငံ 551
552
553
554
555
563
564
565
566
၁၉၉၆၊ ၂၀၁၃ 1 × 37 mm AA gun
2 × Type 87 - 25 mm twin guns
2 × Type 69 14.5 mm twin Anti-Aircraft Guns

ကမ်းလွန် ကင်းလှည့်စစ်ရေယာဉ်များ (Large Patrol Combatants)

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
Osprey Class-50[၁၈][၂၂][၂၃] Danyard A/S, Frederikshavn,  ဒိန်းမတ် ၅၅ - အင်းတော်
၅၇ - အင်းလျား
၁၉၈၂ 1 / 40mm 60-cal. Bofors AA
2 / 20mm 70-cal. Oerlikon AA
Inle Class Milan 2018 - MILES - Milan Exercise Sea - 13.jpg ရေတပ်သင်္ဘောကျင်းဌာနချုပ်၊  မြန်မာ 54 - စစ်ရေယာဉ် အင်းလေး ၂၀၁၇[၂၄][၂၂] Guns, ရဟတ်ယာဉ်ကွင်း

ကမ်းရိုးတန်း ကင်းလှည့်စစ်ရေယာဉ်များ

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
PGM 43 class [၁၈][၁၉][၂၃] Marinette Marine, Wisconsin; last two by Peterson Builders, Sturgeon Bay, WI,  အမေရိကန် 401
402
403
404
405
406
၁၉၅၉-၁၉၆၁ 1x40mm Bofor, 2 dual 20mm OA, 2x12.7mm MG
Y311 class - modified Y301[၁၈][၁၉][၂၃] ဆင်မလိုက် သင်္ဘောကျင်း မြန်မာနိုင်ငံ Y311 ၁၉၆၇ 2x40mm Bofor, 2X20mm OA Y-312 သည် နာဂစ်မုန်တိုင်းကြောင့် နစ်မြုပ်ဟု သတင်းထုတ်ပြန်[၂၀])
Y Series class[၁၈][၁၉][၂၃] Uljanik SY, Pola ယူဂိုစလားဗီးယားနိုင်ငံ ယူဂိုဆလားဗီးယားနိုင်ငံ 301
302
303
304
305
306
307
308
309
310
၁၉၅၇–၁၉၆၀ 2x40mm Bofor, 2X20mm OA

ကရူဇါ ကင်းလှည့်စစ်ရေယာဉ်များ

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
Swift class[၁၈][၁၉][၂၃] Swiftships, Vosper Naval Systems Pte Ltd, စင်ကာပူနိုင်ငံ စင်ကာပူနိုင်ငံ 422
423
၁၉၈၀ 2 40 mm, 2 20 mm, 2 12.7 mm machine gun, Pathfinder Radar 421 သည် ပင်လယ်ပြင်တွင် ပျောက်ဆုံးခဲ့

အမြန်သွား ကင်းလှည့်စစ်ရေယာဉ်များ

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
Carpentaria class[၁၈][၁၉][၂၃] ဩစတြေးလျနိုင်ငံ ဩစတြေးလျနိုင်ငံ 112
113
114
115
116
117
[၁၈]
၁၉၇၈-၁၉၈၀ MK10 AA, radar, 20mm 70cal
412 class[၁၈][၁၉][၂၃] ရေတပ် သင်္ဘောကျင်း မြန်မာနိုင်ငံ 412
413
414
416
၁၉၈၃-၁၉၈၄ 2x40mm AA, 2x12.7mm machine gun 415 နစ်မြုပ်ပြီး
PB-90 [၁၈][၁၉][၂၃] ယူဂိုဆလားဗီးယားနိုင်ငံ ယူဂိုဆလားဗီးယားနိုင်ငံ 424
425
426
၁၉၉၀ M-75 AA, Radar, 2x quadruplet 20mm cal
Super Dvora Mk III-class patrol boat Super dvora mk3.jpg [၂၅] အစ္စရေးနိုင်ငံ အစ္စရေးနိုင်ငံ 271
272
၂ဝ၁၇ 1 × Typhoon 25-30 mm stabilized cannon/Oerlikon 20 mm cannon2 × 12.7 mm machine guns

တင့်ကားတင်ကမ်းထိုး ရေယာဉ်များ (Coastal land craft mechanised)

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
LCM ရေတပ် အင်ဂျင်နီယာရုံ မြန်မာနိုင်ငံ[၁၈] 709
710
၁၉၆၇
LCM ရေတပ် အင်ဂျင်နီယာရုံ မြန်မာနိုင်ငံ[၂၆] 1611 ၂၀၀၅
LCM ရေတပ် အင်ဂျင်နီယာရုံ မြန်မာနိုင်ငံ[၂၆] 1612
1613
၂၀၁၃
LCM ရေတပ် အင်ဂျင်နီယာရုံ မြန်မာနိုင်ငံ[၂၇] 1614
1615
၂ဝ၁၇ ၅၆ မီတာ
LCM ရေတပ် အင်ဂျင်နီယာရုံ မြန်မာနိုင်ငံ 1701
1702
1703
1704
1705
1706
၂ဝ၁၅ Machine Gun ၂၉ မီတာ
LCM ရေတပ် အင်ဂျင်နီယာရုံ မြန်မာနိုင်ငံ 1707
1708
1709
1710
1711
1712
၂ဝ၁၆ Machine Gun ၂၉ မီတာ
LCM ရေတပ် အင်ဂျင်နီယာရုံ မြန်မာနိုင်ငံ[၂၄] 1713
1714
1715
1716
၂ဝ၁၇ ၂၉ မီတာ

ကမ်းထိုး ရေယာဉ်များ (Coastal Land Craft Utility)

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
LCU ရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) မြန်မာနိုင်ငံ 605[၁၈] ၁၉၈၄
LCU အမေရိကန်ပြည်ထောင်စု အမေရိကန်ပြည်ထောင်စု 603[၁၈] ၁၉၆၃-၁၉၆၈

ကမ်းရိုးတန်း သုတေသန စစ်ရေယာဉ်များ

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
Survey ship [၁၈][၁၉] Tito SY, Belgrade, ယူဂိုစလားဗီးယားနိုင်ငံ ယူဂိုဆလားဗီးယားနိုင်ငံ 801 - စစ်ရေယာဉ် သုတေသီ ၁၉၆၅ helipad
2 x40 mm, 2x 20 mm machine gun[၂၈]

ကမ်းရိုးတန်း ထောက်ပံ့ပို့ဆောင်ရေး စစ်ရေယာဉ်များ

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
coastal tanker[၁၈][၁၉][၂၃] Watenabe Zosen K.K., Hakata,  ဂျပန် 608 ၁၉၉၁ မရှိ
coastal tanker[၁၈][၁၉][၂၃] Shimoda Dockyard, Shimoda,  ဂျပန် 609 class ၁၉၈၆ မရှိ
ကမ်းရိုးတန်းထောက်ပံ့ပို့ဆောင်ရေးသင်္ဘော[၁၈][၁၉][၂၃]  ဂျာမနီ 601 ပြည်တော်အေး - ၁ ၁၉၇၅ မရှိ
ကမ်းရိုးတန်းထောက်ပံ့ပို့ဆောင်ရေးသင်္ဘော[၁၈][၁၉][၂၃]  ဂျပန် 602 ပြည်တော်အေး - ၂ ၂၀၀၂ မရှိ
ကမ်းရိုးတန်းထောက်ပံ့ပို့ဆောင်ရေးသင်္ဘော[၁၈][၁၉][၂၃] A/S Nordsovaerftet, Ringkobing,  နော်ဝေ Ayidawaya ၁၉၉၁ မရှိ
ကမ်းရိုးတန်းသယ်ယူပို့ဆောင်ရေး[၁၈][၁၉][၂၃]  မြန်မာ 612
613
615
618
၁၉၉၀ AA Gun
ရတနာပုံ[၁၈][၁၉][၂၃]  မြန်မာ အရေးကြီးပုဂ္ဂိုလ် ပို့ဆောင်ရေး ၁၉၉၀
ဆေးရုံသင်္ဘော (ရွှေပုစွန်)  မြန်မာ ဆေးရုံ AH-01 ၂၀၁၂ မြစ်တွင်းသွားဆေးရုံရေယာဉ်
ဆေးရုံသင်္ဘော (သံလွင်)  မြန်မာ ဆေးရုံ AH-02 ၂၀၁၅ ၂၅ ခုတင်ဆံ့ ဆေးရုံသင်္ဘော
ချင်းတွင်း  မြန်မာ တပ်ဖွဲ့ ပို့ဆောင်ရေး AP-01 ၂၀၁၆

မြစ်ချောင်းကင်းလှည့်ရေယာဉ်များ

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
PBR class PBR-829 in Kenner LA.jpg  အမေရိကန် 211
212
213
214
215
216
၁၉၇၈-၁၉၈၂ 1 × twin M2HB .50 caliber (12.7 mm) machine guns (forward in a rotating tub)
1 × single M2HB (rear)
1 or 2 × M60 7.62 mm machine gun(s) (side-mounted)
1 × 40 mm Mk 19 grenade launcher
Yan Naing class[၁၈] Doone Htay,မြန်မာနိုင်ငံ 501
510
502
503
504
505
506
507
508
509
510
၁၉၇၀ Machine Gun, OA
Michao Class[၁၈] ယူဂိုဆလားဗီးယားနိုင်ငံ ယူဂိုဆလားဗီးယားနိုင်ငံ 001
002
003
004
005
006
007
008
009
010
011
012
013
014
015
016
017
018
019
020
021
022
023
024
025
၁၉၆၃-၁၉၆၈ 2x20mm OA
PCE Class[၁၉] ရေတပ်သင်္ဘောကျင်း မြန်မာနိုင်ငံ 217
218
219
220
၁၉၈၉ machine gun, Bofor, AA ၄ စင်းတည်ဆောက်ပြီး

ရေပေါ်လွန်းကျင်း စစ်ရေယာဉ်များ

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
Floating dry dock  တရုတ် F001[၂၆] ၂၀၁၃
Floating dry dock  မြန်မာ FD02 - Saya Shan[၂၆] 2018 မင်းတုန်းမင်းလက်ထက်က ရေနွေးငွေ့စက် တပ်ဆင်ထား သော ပထမဦးဆုံး တိုက်သင်္ဘောအား တည်ဆောက်ပေးနိုင်ခဲ့သည့် မြန်မာလက်သမားဆရာ ဆရာရှမ်းကို ဂုဏ်ပြုသော အားဖြင့် ရေပေါ်လွန်းကျင်း(ဆရာရှမ်း)ဟု အမည်ပေးထား

မောင်းသူမဲ့ ရေယာဉ်များ - USV

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
Unmanned Surface Vehicle  မြန်မာ ၂၀၁၄ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်၊ ၆၇ နှစ်မြောက်ရေတပ်အခမ်းအနားတွင် ပြသ [၂၉]

ရေတပ်လေကြောင်း (Naval aviation)

အမျိုးအစား တည်ဆောက်သူ နံပါတ်စဉ် စတင်အသုံးပြုသောနှစ် လက်နက်တပ်ဆင်ထားခြင်း မှတ်ချက်
ATR 42 ရေကြောင်းထောက်လှမ်းရေး လေယာဉ်  ပြင်သစ် ၂၀၁၅[၃၀] ၁ စင်း
Britten-Norman BN-2 Islander ရေကြောင်းထောက်လှမ်းရေး လေယာဉ်  ယူနိုက်တက်ကင်းဒမ်း ၅ စင်း
Eurocopter AS365 Dauphin ရေတပ်သုံး ရဟတ်ယာဉ် US Navy 110321-N-OM642-084 French navy AS365 F Dauphin rescue helicopter test lands aboard USS Mount Whitney (LCC-JCC 20).jpg  ပြင်သစ် ၂၀၁၅ ၅ စင်း

အခြားလေ့လာရန်

ကိုးကား

  1. https://burma.irrawaddy.com/news/2021/02/04/237628.html
  2. (၇၄)နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်)အပါအဝင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် (in မြန်မာ) (24-12-2021)။ 11-02-2022 တွင် ပြန်စစ်ပြီး။
  3. https://news-eleven.com/article/64612
  4. Hugh Tinker, Union of Burma, p.325
  5. Janes Fighting Ships 1997-98 p.82
  6. http://www.moi.gov.mm/?q=news/1/04/2017/id-14239
  7. မော်ကွန်းတင်ပြီးမိတ္တူ။ 21 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2018 တွင် ပြန်စစ်ပြီး။
  8. http://www.moi.gov.mm/npe/?q=news/9/08/2015/id-27318
  9. တပ်မတော်သမိုင်း၊ ပဉ္စမတွဲ၊၁၉၆၂-၁၉၇၄
  10. https://www.youtube.com/watch?v=Jhl8LfT2_9k
  11. မော်ကွန်းတင်ပြီးမိတ္တူ။ 30 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2019 တွင် ပြန်စစ်ပြီး။
  12. https://www.youtube.com/watch?v=Mp-0y6TUl7w
  13. https://www.navyrecognition.com/index.php/news/defence-news/2019/july/7327-myanmar-to-receive-its-first-kilo-class-submarine-from-india.html
  14. ၁၄.၀ ၁၄.၁ တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီကို ရေငုပ်သင်္ဘော တပ်ဆင်ပေး (၂၇ ဒီဇင်ဘာ ၂၀၂၁)။ ၂၈ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  15. ၁၅.၀ ၁၅.၁ AMR NAVAL DIRECTORY 2011
  16. http://mmmilitary.blogspot.com
  17. http://www.facebook.com/photo.php?fbid=478244362217724&set=pb.438995926142568.-2207520000.1356654312&type=3&theater
  18. ၁၈.၀၀ ၁၈.၀၁ ၁၈.၀၂ ၁၈.၀၃ ၁၈.၀၄ ၁၈.၀၅ ၁၈.၀၆ ၁၈.၀၇ ၁၈.၀၈ ၁၈.၀၉ ၁၈.၁၀ ၁၈.၁၁ ၁၈.၁၂ ၁၈.၁၃ ၁၈.၁၄ ၁၈.၁၅ ၁၈.၁၆ ၁၈.၁၇ ၁၈.၁၈ ၁၈.၁၉ ၁၈.၂၀ ၁၈.၂၁ ၁၈.၂၂ ၁၈.၂၃ ၁၈.၂၄ ၁၈.၂၅ Maung Aung Myoe, Building the Tamadaw
  19. ၁၉.၀၀ ၁၉.၀၁ ၁၉.၀၂ ၁၉.၀၃ ၁၉.၀၄ ၁၉.၀၅ ၁၉.၀၆ ၁၉.၀၇ ၁၉.၀၈ ၁၉.၀၉ ၁၉.၁၀ ၁၉.၁၁ ၁၉.၁၂ ၁၉.၁၃ ၁၉.၁၄ ၁၉.၁၅ ၁၉.၁၆ mmmilitary.blogspot.com/
  20. ၂၀.၀ ၂၀.၁ Burmese Navy Decimated in Cyclone။ 13 May 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 May 2013 တွင် ပြန်စစ်ပြီး။
  21. Myanmar Defence Weapons
  22. ၂၂.၀ ၂၂.၁ ၂၂.၂ ၂၂.၃ ၂၂.၄ mmmilitary.blogspot.com ကိုးကား အမှား - Invalid <ref> tag; name "ReferenceB" defined multiple times with different content
  23. ၂၃.၀၀ ၂၃.၀၁ ၂၃.၀၂ ၂၃.၀၃ ၂၃.၀၄ ၂၃.၀၅ ၂၃.၀၆ ၂၃.၀၇ ၂၃.၀၈ ၂၃.၀၉ ၂၃.၁၀ ၂၃.၁၁ ၂၃.၁၂ ၂၃.၁၃ ၂၃.၁၄ The Naval Institute Guide to Combat Fleets of the World: Their Ships By Eric Wertheim
  24. ၂၄.၀ ၂၄.၁ မော်ကွန်းတင်ပြီးမိတ္တူ။ 27 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2018 တွင် ပြန်စစ်ပြီး။ ကိုးကား အမှား - Invalid <ref> tag; name "mizzima.com" defined multiple times with different content
  25. Myanmar Navy received two Israeli gunboat
  26. ၂၆.၀ ၂၆.၁ ၂၆.၂ ၂၆.၃ မော်ကွန်းတင်ပြီးမိတ္တူ။ 23 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2015 တွင် ပြန်စစ်ပြီး။
  27. http://www.janes.com/article/76685/myanmar-commissions-new-opv-and-landing-craft
  28. bangladeshdefence1945.blogspot.com/2010/11/ships-of-myanmar-navy_22.html
  29. မော်ကွန်းတင်ပြီးမိတ္တူ။ 6 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 September 2020 တွင် ပြန်စစ်ပြီး။
  30. မော်ကွန်းတင်ပြီးမိတ္တူ။ 28 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2018 တွင် ပြန်စစ်ပြီး။