တပ်မတော် (ကြည်း)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

တပ်မတော် (ကြည်း) သည် မြန်မာ့ တပ်မတော် တွင် ကြည်းတပ်ဖြစ်ပြီး အင်အားအကြီးမားဆုံး နှင့် အဓိက ကာကွယ်ရေး တာဝန်ထမ်းဆောင်သော အဖွဲ့ဖြစ်သည်။ အရှေ့တောင် အာရှ တွင် ဗီယက်နမ်တပ်မတော် ပြီးလျှင် စစ်သည်အင်အား ဒုတိယ အကြီးမားဆုံး စစ်အင်အား ဖြစ်သည်။

မြန်မာ့ ကြည်းတပ်တွင်စစ်သည်အင်အား ၄၉၂ ၀၀၀ ဝန်းကျင် ရှိသည်။တပ်မတော် (ကြည်း)သည် ရောင်စုံသောင်းကျန်းသူများနှင့် ခက်ခဲသော တောတောင်များအကြား ၁၉၄၈ ခုမှစ၍ ကြာရှည်စွာ ပြည်တွင်စစ်ဆင်ခဲ့ပြီး အတွေ့အကြုံရင့်ကျက်သည်။ ထိုအပြင်ပြည်ပကျုးကျော်သူဖြစ်သော တရုတ်ဖြူ(ကူမင်တန်) တို့၏ကျူးကျော် မှုကိုလည်း အောင်မြင်စွာ တွန်းလှန်နိူင် ခဲ့သောတပ်မတော် ဖြစ်သည်။

တပ်မတော် (ကြည်း) ကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က ထိန်းချုပ်ပြီး လက်ရှိမှာ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ဖြစ်သည်။ ၎င်းသည် တပ်မတော် (ကြည်း) တွင် အမြင့်ဆုံး ရာထူးကို ရယူထားပြီး အနောက်နိူင်ငံများမှ Field Marshal နှင့် တူညီသည်။ စစ်အသုံးစရိတ် သည် တစ်နှစ်လျှင် ၇.၀၇ ဘီလီယံ ဖြစ်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Center for Strategic and International Studies