ရိဒ်ခေါဒါရ်မြို့

ဝီကီပီးဒီးယား မှ
ရိဒ်ခေါဒါရ်
မြို့
ဘယ်ဖက်မှ ရိဒ်ခေါဒါရ်မြို့နှင့် ညာဘက်မှ အိန္ဒိယနိုင်ငံ၊ Zokhawthar
ဘယ်ဖက်မှ ရိဒ်ခေါဒါရ်မြို့နှင့် ညာဘက်မှ အိန္ဒိယနိုင်ငံ၊ Zokhawthar
ရိဒ်ခေါဒါရ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရိဒ်ခေါဒါရ်
ရိဒ်ခေါဒါရ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 23°21′55″N 93°23′08″E / 23.3652°N 93.3855°E / 23.3652; 93.3855ကိုဩဒိနိတ်: 23°21′55″N 93°23′08″E / 23.3652°N 93.3855°E / 23.3652; 93.3855
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
ခရိုင်ဖလမ်းခရိုင်
မြို့နယ်တွန်းဇံမြို့နယ်
လူဦးရေ (၂၀၁၄)
 • မြို့၆,၆၂၀[၁]
 • မြို့ပေါ်၃,၆၀၄
 • ကျေးလက်၃,၀၁၆
Languages
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိသည်။ ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ရှိသော်လည်း တစ်နှစ်လျှင် ခြောက်လကျော်သာ ကုန်စည်ကူးသန်းရောင်းဝယ်နိုင်သော လမ်းမပေါ်တွင်တည်ရှိနေခြင်းကလည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေမှုကို ဖော်ပြနေသည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေးဖြစ်ပြီး အသည်းပုံ ရိဒ်ရေကန် တည်ရှိသည်။

ပြည်တွင်းစစ်ကာလ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရိဒ်ခေါဒါရ်မြို့အား ချင်းတော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Census Report။ The 2014 Myanmar Population and Housing Census။ 2။ Naypyidaw: Ministry of Immigration and Population။ May 2015။ p. 52။
  2. Agency၊ Yangon Khit Thit News (2023-11-13)။ Breaking News- ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်သော ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် (in en-US)။ 2023-11-13 တွင် ပြန်စစ်ပြီး။