အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် | |
---|---|
ရမခ | |
![]() အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | နေဝန်းနီ |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်ချုပ် နိုင်နိုင်ဦး |
အဆောင်အယောင်များ | |
အလံတော် | ![]() |
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရမခ) သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်အခြေစိုက်သော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ ရမခ၏ အဓိကတာဝန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် နိုင်နိုင်ဦး ဖြစ်သည်။[၁]
သမိုင်း[ပြင်ဆင်ရန်]
၁၉၆၁ခုနှစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို တောင်ကြီးမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။၁၉၇၀ ပြည့်လွန်နှစ်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီမှ အပြင်းအထန်လှုပ်ရှားလာသဖြင့် ၁၉၇၀ ပြည့်နှစ်၊ ဇွန်လတွင် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်ကို လားရှိုးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ တပ်များ၊ တပ်မတော်စစ်ဆင်ရေးများကို မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲခဲ့သည်။ အင်အားကြီးထွားလာသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာရင်ဆိုင်နိုင်ရန်အလို့ငှာ ၁၉၇၂၊ ဇူလိုင်လတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အား ရပခကွပ်ကဲမှုအောက်မှ ခွဲထုတ်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးမြို့တွင် အခြေပြုကာ ထပ်မံဖွဲ့စည်းခဲ့သည်။ ထိုစဉ်ကတိုင်းမှူးမှာ ဗိုလ်မှူးကြီး အေးကိုဖြစ်သည်။[၂][၃]
ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (၁)ခု၊ အခြေချ စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့၊ လှုပ်ရှား စစ်ဗျူဟာအဖွဲ့ (၂)ဖွဲ့ နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ ခြေမြန်တပ်ရင်း (၁၆)ရင်းရှိသည်။
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရုံး[ပြင်ဆင်ရန်]
- တိုင်းမှူးရုံး
- ဒုတိုင်းမှူးရုံး
- တိုင်းဦးစီးချုပ်ရုံး
- စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
- စစ်ဦးစီးမှူး(ပထမတန်း) ရုံး
- စစ်ဆင်ရေးဌာနခွဲ
- တာဝန် နှင့် လေ့ကျင့်ရေးဌာနခွဲ
- စစ်ဦးစီးမှူး(ပထမတန်း) (စစ်ဘက်ရေးရာလုံခြုံရေးဌာနခွဲ) ရုံး
- စစ်ဦးစီးမှူး(ပထမတန်း) (ပြည်သူ့စစ်ဌာနခွဲ) ရုံး
- စစ်ဦးစီးမှူး(ပထမတန်း) ရုံး
- ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ရေးဌာန) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (ငွေစာရင်းဌာနခွဲ) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (မှတ်တမ်းဌာနခွဲ) ရုံး
- ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ထောက်ဌာန) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးဌာနခွဲ) ရုံး
- ဦးစီးအရာရှိ(ပထမတန်း) (ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ) ရုံး
- စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
- စခန်းရုံး
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)[ပြင်ဆင်ရန်]
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) အား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(လောက်ကိုင်)မှ ဦးစီးပြီး ၎င်း၏ ကွပ်ကဲမှုအောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၉)ရင်းရှိသည်။
အခြေချ စစ်ဗျူဟာအဖွဲ့ (ကွတ်ခိုင်)[ပြင်ဆင်ရန်]
- ခလရ/ ခမရ - (၃)ရင်း
အခြေချ စစ်ဗျူဟာအဖွဲ့ (ကွမ်လုံ)[ပြင်ဆင်ရန်]
- ခလရ/ ခမရ - (၃)ရင်း
အခြေချ စစ်ဗျူဟာအဖွဲ့ (တန့်ယန်း)[ပြင်ဆင်ရန်]
- ခလရ/ ခမရ - (၃)ရင်း
လှုပ်ရှား အမှတ်(၁)စစ်ဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
- ခလရ/ ခမရ (၄)ရင်း
လှုပ်ရှား အမှတ်(၂)စစ်ဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
- ခလရ/ ခမရ (၃)ရင်း
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ[ပြင်ဆင်ရန်]
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေလျင်တပ်မဟာဌာနချုပ်များ[ပြင်ဆင်ရန်]
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]
![]() | ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ကိုးကား[ပြင်ဆင်ရန်]
- ↑ "အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်"။
- ↑ ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်။
- ↑ မြဝင်း။ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (၁၉၄၁-၁၉၉၈)။