ရွှေကူမြို့

ဝီကီပီးဒီးယား မှ
ရွှေကူမြို့
ရွှေကူမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေကူမြို့
ရွှေကူမြို့
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 24°13′0″N 96°48′0″E / 24.21667°N 96.80000°E / 24.21667; 96.80000ကိုဩဒိနိတ်: 24°13′0″N 96°48′0″E / 24.21667°N 96.80000°E / 24.21667; 96.80000
နိုင်ငံ မြန်မာ
ပြည်နယ်ကချင်ပြည်နယ်
ခရိုင်ဗန်းမော်ခရိုင်
မြို့နယ်ရွှေကူမြို့နယ်
လူဦးရေ (၂၀၁၄)၁၈,၈၉၄[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ရွှေကူမြို့သည် ကချင်ပြည်နယ်ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။

ရွှေကူမြို့နယ်သည် မြောက်ဘက်တွင် မြစ်ကြီးနားခရိုင်နှင့် ကောက်ကွေ့ချောင်းဖြင့် ခြားလျက် တောင်ဘက်တွင် မဘိမ်းမြို့နယ်နှင့် စပ်နေသည်။ အရှေ့ဘက်တွင် ဆင်ကန်ချောင်းအထိ ဖြစ်၍ အနောက်ဘက်တွင် ကသာခရိုင်နှင့် စပ်နေသည်။ ရွှေကူမြို့သည် ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျဉ်းအောက် မိုင်အနည်းငယ်အကွာ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ဧရာဝတီမြစ်ကြောင်းဖြင့် ဗန်းမော်မြို့ အနောက်ဘက် ၃၈ မိုင် ဝေး၍ မြစ်ကြီးနားမြို့တောင်ဘက် ၁၂၉ မိုင် ဝေးသည်။ ဗန်းမော်နှင့် ရွှေကူမြို့သည် ကားလမ်းအဆက်အသွယ် ရှိသော် လည်း ရာသီဥတု ကောင်းမွန်သည့်အခါမှ သွားလာအသုံးပြုနိုင်သည်။ သို့ရာတွင် ရေလမ်းဖြင့်မူ အချိန်မရွေး သွားလာနိုင်သည်။

ရွှေကူမြို့နယ် ဝန်းကျင်တွင် သစ်တောများ ပေါသဖြင့် သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်သည်။ ထိုကြောင့် ရွှေကူမြို့သည် သစ်တောဌာန သင်္ဘောဆိပ်မြို့ဖြစ်လျက် ရှိသည်။ ရွှေကူမြို့ထွက် ထင်ရှားသော ကုန်ပစ္စည်းမှာ မြေအိုးဖြစ်သည်။ ရွှေကူအိုးသည် လှပစွာ ဆေးခြယ်ထားသဖြင့်လူကြိုက် အလွန်များသည်။

မြို့၏မြောက်ဘက် ဧရာဝတီမြစ်လယ် သောင်ကျွန်းပေါ်၌ တည်ရှိသော ကျွန်းတော်ကြီးဘုရားခေါ် ရွှေပေါ်ကျွန်းဘုရားသည် ရွှေကူမြို့၏ ထင်ရှားသော တန်ခိုးကြီးဘုရား ဖြစ်သည်။ သောင်ကျွန်းတစ်ကျွန်းလုံးပေါ် ဘုရားပေါင်းများစွာ တည်ထားခြင်း ဖြစ်သည်။ ဧရာဝတီမြစ်ရေချိန် တက်သောအခါ၌ပင် ဘုရားရင်ပြင်ပေါ်သို့ ရေမလွှမ်းဟုလည်း ဆိုသည်။[၂]

ရွှေကူမြို့နှင့် အနီးတစ်ဝိုက်တွင် ရွှေလုပ်ငန်းကို အများအပြားလုပ်ဆောင်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)