လှိုင်သာယာမြို့နယ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
လှိုင်သာယာမြို့နယ်
လှိုင်သာယာမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လှိုင်သာယာမြို့နယ်
လှိုင်သာယာမြို့နယ်
လှိုင်သာယာမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°51′0″N 96°4′0″E / 16.85000°N 96.06667°E / 16.85000; 96.06667ကိုဩဒိနိတ်: 16°51′0″N 96°4′0″E / 16.85000°N 96.06667°E / 16.85000; 96.06667
နိုင်ငံ  မြန်မာ
တိုင်း ရန်ကုန်
မြို့ ရန်ကုန်
မြို့နယ် လှိုင်သာယာ
စာပို့သင်္ကေတ ၁၁၄၀၁၊ ၁၁၄၀၂

လှိုင်သာယာမြို့နယ်သည် ရန်ကုန်မြို့၏ အနောက်ပိုင်းတွင် တည်ရှိသည်။ လှိုင်သာယာမြို့နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်တွင် ထန်းတပင်မြို့နယ်၊ အရှေ့ဘက် ရန်ကုန်မြစ်တလျှောက်တွင် အင်းစိန်မြို့နယ်မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်၊ တောင်ဘက်တွင် တွံတေးမြို့နယ်တို့ တည်ရှိသည်။

လှိုင်သာယာမြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုနှင့် ကျေးရွာစု (၉)စုတို့ဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်သည် (၁၉၈၀)ခုနှစ်ပိုင်းတွင် တပ်မတော်အစိုးရ တည်ထောင်ခဲ့သော မြို့သစ်များထဲတွင် အတိုးတက်ဆုံးမြို့ဖြစ်သည်။ မြန်မာနိုင်ငံရှိ အကြီးဆုံးစက်မှုဇုံဖြစ်သော လှိုင်သာယာစက်မှုဇုံပဒေသာပင်မြို့တော်အိမ်ရာနှင့် ပန်းလှိုင်အိမ်ရာတို့ ဤမြို့နယ်တွင် တည်ရှိသည်။ ဤမြို့နယ်သည် တွံတေးမြို့နယ်နှင့် ပန်းလှိုင်တံတားဖြင့် ဆက်သွယ်ထားပြီး အခြားမြို့နယ်များနှင့် အောင်ဇေယျတံတားဘုရင့်နောင်တံတားတို့ဖြင့် ဆက်သွယ်ထားသည်။

အစိုးရ မူလတန်းကျောင်း (၄၆) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းရှိသည်။

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်-YTU သည် ဤမြို့နယ်တွင် တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]