မာတိကာသို့ ခုန်သွားရန်

ချင်းအမျိုးသားတပ်ဦး

ဝီကီပီးဒီးယား မှ
ချင်းအမျိုးသားတပ်ဦး
အင်္ဂလိပ် အမည်Chin National Front
တည်ထောင်ခြင်း၂၀ မတ် ၁၉၈၈; ၃၈ နှစ် အကြာက (၁၉၈၈-၀၃-20)
လက်နက်ကိုင် အဖွဲ့အစည်းချင်းအမျိုးသားတပ်မတော်
နိုင်ငံရေး သဘောတရားဖက်ဒရယ်ပြည်ထောင်စုစနစ်
ချင်းအခွင့်အရေး
အရောင်အနီ၊ အဖြူနှင့် အပြာ
ဝက်ဘ်ဆိုဒ်
cnfhqr.org
ပါတီအလံ

ချင်းအမျိုးသားတပ်ဦး (အင်္ဂလိပ်: Chin National Front; အတိုကောက် CNF) သည် မြန်မာနိုင်ငံရှိ အတိုက်အခံအဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ချင်းအမျိုးသား တပ်ဦး၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ချင်းအမျိုးသားတပ်မတော် (Chin National Army; CNA) သည် မြန်မာအစိုးရအား ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်ကတည်းက ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။[][]

ချင်းအမျိုးသားတပ်ဦးကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ချင်းလူမျိုးများ၏ ကိုယ်ပိုင်အခွင့်အရေးနှင့် မြန်မာနိုင်ငံတွင်း လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်နိုင်ရန် အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ချင်းအမျိုးသားတပ်ဦးနှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း

[ရင်းမြစ်ကို တည်းဖြတ်ရန်]

မေလ ၂၉ ရက်နေ့တွင် CNF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နှစ်ဖက်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘောတူညီချက်တွင် အပြန်အလှန်အသိအမှတ်ပြုမှုနှင့် လေးစားမှုဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတို့အတွက် တန်းတူရေးအခြေခံဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပါဝင်သည်။[]

အဓိကဖြစ်ရပ်များ

[ရင်းမြစ်ကို တည်းဖြတ်ရန်]