လေးကေ့ကော်

ဝီကီပီးဒီးယား မှ
လေးကေ့ကော်
ငြိမ်းချမ်းရေးမြို့သစ်[၁]
မြန်မာနိုင်ငံရှိ မြို့များ
လေးကေ့ကော်မြို့သစ်
လေးကေ့ကော်မြို့သစ်
လေးကေ့ကော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လေးကေ့ကော်
လေးကေ့ကော်
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 16°35′57″N 98°31′27″E / 16.599205000403824°N 98.52423176384484°E / 16.599205000403824; 98.52423176384484ကိုဩဒိနိတ်: 16°35′57″N 98°31′27″E / 16.599205000403824°N 98.52423176384484°E / 16.599205000403824; 98.52423176384484
နိုင်ငံ မြန်မာ
ပြည်နယ် ကရင်
ခရိုင်မြဝတီခရိုင်
မြို့နယ်မြဝတီမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

လေးကေ့ကော်မြို့သစ် သို့မဟုတ် ငြိမ်းချမ်းရေးမြို့သစ်[၁]သည် မြန်မာနိုင်ငံကရင်ပြည်နယ် မြဝတီမြို့နယ်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

လေးကေကော်မြို့သစ်ကို ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်ပြည်နယ်အစိုးရတို့က ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့က ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[၂] လူနေရပ်ကွက် ခြောက်ခုရှိပြီး အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ခန့်‌နေထိုင်သည်။ လေးကေကော်မြို့သစ်၏ လုံခြုံရေးကို ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်က တာဝန်ယူ ထားသည်။ ကရင်အမျိုးသားအစည်းအရုံး၏ တပ်များ အဓိက လှုပ်ရှားပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နှင့် အာဏာသိမ်း စစ်တပ်တို့လည်း ရှိသည်။

၂၀၂၁ နှောင်းပိုင်း ဖြစ်ရပ်[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူအချို့ လေးကေ့ကော်တွင် လာရောက်တိမ်းရှောင်ခဲ့ကြသည်။[၁] ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်များက လေးကေ့ကော်မြို့သစ်သို့ ဝင်ရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအပါအဝင် ၃၂ ဦးကို ဖမ်းဆီးခဲ့သည်။[၂] ထိုသို့ဝင်ရောက်ပြီး နောက်တစ်ရက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် လေးကေ့ကော်မြို့ထဲတွင် တိုက်ပွဲများစတင်ဖြစ်ပွားသည်။ မြို့အနီး မဲ့ထော်သလေးရွာနှင့် ပဟိကလော်ရွာများအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA-PDF ပူးပေါင်းတပ်များအကြား ၂၀၂၁ ဒီဇင်ဘာ ၁၆ ရက် တိုက်ပွဲများဖြစ်ပွားပြီး မြို့လုံးကျွတ်နီးပါး ထွက်ပြေးစစ်ဘေးရှောင်နေရသည်။[၃]

လေးကေ့ကော်မြို့သစ်မှ အိမ်ရာများ

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လေးကေ့ကော် စစ်မီးစ (16 ဒီဇင်ဘာ 2021)။ ၁၇ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ လေးကေကော်တွင် လွှတ်တော်အမတ် အပါအဝင် ၃၂ ဦး ဖမ်းခံရ (14 ဒီဇင်ဘာ 2021)။ ၁၇ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. https://www.rfa.org/burmese/news/laykaykaw-refugees-flee-12162021013723.html/ampRFA