လွိုင်ကော်တက္ကသိုလ်
ပုံပန်းသွင်ပြင်
ဆောင်ပုဒ် | ပညာပြည့်ဖြိုး လူ့အကျိုး |
---|---|
အမျိုးအစား | အများဆိုင် |
တည်ထောင် | ၁၄.၅.၂၀၀၃ |
တည်နေရာ | လွိုင်ကော်မြို့, ကယားပြည်နယ်, မြန်မာနိုင်ငံ 19°41′38″N 97°11′53″E / 19.694°N 97.198°Eကိုဩဒိနိတ်: 19°41′38″N 97°11′53″E / 19.694°N 97.198°E |
ဝဘ်ဆိုဒ် | loikawuniversity.edu.mm |
လွိုင်ကော်တက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ လွိုင်ကော်တက္ကသိုလ်၏ ပင်မဆောင်ကို ၂၀၀၇ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်က ဖွင့်လှစ်ပေးခဲ့သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၉၈ခုနှစ် စက်တင်ဘာ ၂၈ရက်နေ့တွင် လွိုင်ကော်ကောလိပ်အဖြစ် စတင် ဖွင့်လှစ်ခဲ့သည်။၂၀၀၂ခုနှစ် ဇွန်လ ၂၆ရက်နေ့တွင် ဒီဂရီကောလိပ်အဖြစ် လည်းကောင်း၊ ၂၀၀၃ခုနှစ် မေလ ၁၄ရက်တွင် တက္ကသိုလ်အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့သည်။[၂]
တည်နေရာနှင့် အကျယ်အဝန်း
[ပြင်ဆင်ရန်]လွိုင်ကော်မြို့၏ အနောက်မြောက်ပိုင်းတွင်တည်ရှိကာ ဒေါဥခူးရပ်ကွက်တွင် ပါဝင်သည်။၁၅၈.၆၃ဧက ကျယ်ဝန်းသည်။
သင်ကြားရေးဌာနများ
[ပြင်ဆင်ရန်]- မြန်မာစာဌာန
- အင်္ဂလိပ်စာဌာန
- ပထဝီဝင်ဌာန
- သမိုင်းဌာန
- ဒဿနိကပညာဌာန
- ဥပဒေပညာဌာန
- အရှေ့တိုင်းပညာဌာန
- ဓာတုဗေဒဌာန
- ရူပဗေဒဌာန
- သချၤာဌာန
- သတ္တဗေဒဌာန
- ရုက္ခဗေဒဌာန
- ဘူမိဗေဒဌာန
ကိုးကား
[ပြင်ဆင်ရန်]- ↑ လွိုင်ကော်တက္ကသိုလ် ပင်မဆောင်ဖွင့်ပွဲအခမ်းအနား။ မြန်မာ့အလင်း သတင်းစာ (၆ ဩဂုတ် ၂၀၀၇)။ ၁၀ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ တက္ကသိုလ်၏သမိုင်း။ 19 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 August 2021 တွင် ပြန်စစ်ပြီး။
ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |