မန်းဝင်းခိုင်သန်း
ဝင်းခိုင်သန်း | |
|---|---|
Mahn Win Khine Than | |
| အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့
ပြည်ထောင်စုဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၆ ဧပြီ ၂၀၂၁ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ |
| CRPH၏ ယာယီသမ္မတနှင့် ဒုတိယသမ္မတ | |
| တာဝန်သက်တမ်း ၉ မတ် ၂၀၂၁ – ၁၆ ဧပြီ ၂၀၂၁ | |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ဒူဝါလရှီးလ (NUG) |
| တတိယမြောက် ပြည်ထောင်စုလွှတ်တော် နာယက | |
| တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဩဂုတ် ၂၀၁၈ | |
| လက်ထောက် | ဦးအေးသာအောင် |
| ယခင်လူ | ဦးရွှေမန်း |
| ဆက်ခံသူ | ဦးတီခွန်မြတ် |
| ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
| လက်ထောက် | ဦးအေးသာအောင် |
| ယခင်လူ | ဦးခင်အောင်မြင့် |
| အမျိုးသားလွှတ်တော် အမတ် | |
| တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
| မဲဆန္ဒနယ် | ကရင်ပြည်နယ် မဲဆန္ဒနယ် (၈) မြဝတီမြို့နယ် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ဧပြီ ၂၃၊ ၁၉၅၂ ဟင်္သာတမြို့နယ်၊ ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံ။ |
| လူမျိုး | မြန်မာနိုင်ငံသား ကရင်လူမျိုး |
| နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| သွေးသားတော်စပ်သူ | မန်းဘခိုင် (အဖိုး) |
| မိဘ | မန်းသန်းရှိန်၊ နန့်ခင်ရီခိုင် |
| ပညာရေး | ဟင်္သာတမြို့နယ် ယုန်တလင်းရွာအထက်တန်းကျောင်း |
| မိခင်ကျောင်း | ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် |
| အလုပ်အကိုင် | ရှေ့နေ၊ နိုင်ငံရေးသမား |
| ကိုးကွယ်သည့်ဘာသာ | ခရစ်ယာန်ဘာသာ |
မန်းဝင်းခိုင်သန်း (၂၃ ဧပြီ ၁၉၅၂ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ ရှေ့နေ၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လက်ရှိ အမျိုးသားညီညွတ်ရေး အစိုးရ၏ ပြည်ထောင်စု ဝန်ကြီးချုပ် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်မြေ ၈ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[၁][၂][၂][၃][၄] အာဇာနည် ခေါင်းဆောင်ကြီး ဝန်ကြီးမန်းဘခိုင် ၏ မြေးဖြစ်သည်။
ဟင်္သာတမြို့နယ်၊ ယုန်သလင်းရွာအထက်တန်းကျောင်းနှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်မှစ၍ ရှေ့နေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (United Karen Leauge) ပါတီတွင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွင် ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။[၅]
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ မြန်မာနိုင်ငံ၏ ခေတ္တဒုသမ္မတအဖြစ်တာဝန်ထမ်းဆောင်ရန် ခန့်အပ်မှုအရ တာဝန်စတင်ထမ်းဆောင်ခဲ့သည်။[၆][၇]၂၀၂၁ခုနှစ် ၊ဧပြီလ ၁၆ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှဖွဲ့စည်းသော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Myanmar to embark on a new chapter as parliament convenes။ Mizzima။ 24 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 January 2016 တွင် ပြန်စစ်ပြီး။
- 1 2 Lun Min Mang။ Meet the Speakers။
- ↑ ANP Riven by Power Politics as New Government’s Term Approaches။ The Irrawaddy။
- ↑ NLD confirms parliament speakers; Nominee for deputy parliament speaker T Khun Myat unclear from opium။ Eleven Myanmar။ 31 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2016 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း။ အမျိုးသားလွှတ်တော် (၄ ဖေဖော်ဝါရီ ၂၀၁၆)။ ၁၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ မန်းဝင်းခိုင်သန်း ခေတ္တဒုသမ္မတအဖြစ် CRPH ခန့်အပ် (in my)။ ၁၀ မတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ မန်းဝင်းခိုင်သန်းကို ဒုတိယသမ္မတအဖြစ် CRPH တင်မြှောက် (in en)။ ၁၀ မတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
| ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |