၁၁၁၁ စစ်ဆင်ရေး

ဝီကီပီးဒီးယား မှ
၁၁၁၁ စစ်ဆင်ရေး
မြန်မာပြည်တွင်းစစ်၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၁၁ နိုဝင်ဘာ ၂၀၂၃ – လက်ရှိ
(4 months and 4 weeks)
နေရာလွိုင်ကော်မြို့၊ ကယားပြည်နယ်
အခြေအနေ ဖြစ်ပွားနေဆဲ
နယ်နမိတ်
ပြောင်းလဲမှုများ
မယ်စဲ့ဒီးမော့ဆိုရွာသစ်ရှားတောမော်ချီးနန်းမယ်ခုံ နှင့် မိုးဗြဲမြို့ များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားကာ ထိုထဲတွင် တပ်မတော် တပ်စခန်း ၈၁ ခု လည်း ပါဝင် [၂] [၃]
စစ်ရင်ဆိုင်သည့် နိုင်ငံများ
 တပ်မတော်

ကရင်နီ လက်နက်ကိုင်အဖွဲ့များ

တပ်မှူးများနှင့် ခေါင်းဆောင်များ
ပါဝင်သည့် တပ်ဖွဲ့များ
  • ခလရ ၅၄
  • ခလရ ၂၆၁
  • ခလရ ၂၅၀
  • အမတ ၃၆၂
  • အမှတ် ၇၂၂ ထောက်ပို့တပ်ခွဲ
  • အမှတ် ၇ တပ်ဆေးရုံ[၄]
  • ကေအန်ဒီအက်(ဖ်)
  • ကေအေ
  • ဒီမော့ဆို ပီဒီအက်(ဖ်)
  • ဖယ်ခုံ ပီဒီအက်(ဖ်)
  • မိုးဗြဲ ပီဒီအက်(ဖ်)
  • လွိုင်ကော် ပီဒီအက်(ဖ်)
  • ဒေသခံ ပီဒီအက်(ဖ်) များ
  • အမျိုးသားညီညွတ်ရေးအစိုးရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်[၄]
  • စစ်အင်အား
    မသိရှိရ မသိရှိရ
    အသေအပျောက်
    • ၂၀၀ ကျော် သေဆုံး[၄]
    ၂၈၀ ဦးကျော်သေဆုံး[၄]
    အရပ်သား ၇၀ ကျော်သေဆုံး[၄]၊ ၄၀,၀၀၀ စစ်ဘေးရှောင်[၁]

    ၁၁၁၁ စစ်ဆင်ရေး သည် ကရင်နီ တပ်မတော်ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ပါဝင်သော ကရင်နီ လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်လျက်ရှိသော စစ်ဆင်ရေးတစ်ခု ဖြစ်သည်။ တော်လှန်ရေးအဖွဲ့များအနေဖြင့် ၁၁၀၇ စစ်ဆင်ရေးကို လုပ်ဆောင်လျက်ရှိရာမှ ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့အား သိမ်းပိုက်နိုင်ရန် ရည်ရွယ်၍ သီးခြားစစ်ဆင်ရေးတစ်ရပ် အနေဖြင့် ကြေညာခဲ့သည်။[၅]

    ကယားပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် လူဦး၇ေ ၃၅,၀၀၀ ခန့် စစ်ဘေးရှောင်လျက်ရှိသည်ဟု ဆိုသည်။[၆]

    နောက်ခံ[ပြင်ဆင်ရန်]

    အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - လွိုင်ကော်တိုက်ပွဲ (၂၀၂၂) နှင့် လွိုင်ကော်တိုက်ပွဲ (၂၀၂၁)

    ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ လွိုင်ကော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

    တိုက်ပွဲများ[ပြင်ဆင်ရန်]

    တပ်မတော်၏ စစ်စခန်းများကို သိမ်းပိုက်ခဲ့ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဆိုသည်။ ထိုတိုက်ပွဲများတွင် အရပ်သား ၁၆ ဦး သေဆုံးခဲ့သည်ဟုလည်း ဆိုသည်။ ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်အရ "မကြာသေးမီက ဖြစ်ပွားသော တိုက်ပွဲများကြောင့် လွိုင်ကော်မြို့မှ စစ်ဘေးရှောင်ဦးရေ ၃၅,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ လွိုင်ကော်မြို့တွင် လူဦးရေ ၅၀,၀၀၀ ခန့် နေထိုင်ကြသည်။ လွိုင်ကော်မြို့သည် စစ်ကောင်စီ၏ အဓိကကျသော ခံတပ်စခန်းနှင့် ကယားပြည်နယ်အတွက် အုပ်ချုပ်ရေး အချက်အချာ ဖြစ်သည်။ [၇]

    နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ကာ အရပ်သားများ ပိတ်မိနေခဲ့သည်။ လွိုင်ကော်မြို့သည် စစ်ကောင်စီအတွက် ကယားပြည်နယ်အား ထိန်းချုပ်ထားရန် အဓိကကျသည်။[၈]

    နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လွိုင်ကော်ခရိုင်တရားရုံး၊ လွိုင်ကော်တက္ကသိုလ်တို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၃၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။ စစ်ဘေးရှောင်ဦးရေ ၄၀,၀၀၀ ခန့်ရှိလာခဲ့ပြီး အနည်းဆုံး ၅၀ ခန့် သေဆုံးခဲ့သည်။[၁]

    ၁၁၁၁ စစ်ဆင်ရေးစတင်ချိန်မှစ၍ နိုဝင်ဘာလ ၂၂ ရက်၊ ပထမ ၁၀ ရက်အတွင်း အရပ်သားများအပါအဝင် နှစ်ဖက်စလုံးတွင် ၃၁၅ ဦးကျော် သေဆုံးခဲ့ပြီး လွိုင်ကော်မြို့မှ စစ်ဘေးရှောင် ၄၀,၀၀၀ အပါအဝင် စုစုပေါင်း ၁၀၀,၈၀၀ ခန့် စစ်ဘေးရှောင်လျက်ရှိသည်ဟု ဆိုသည်။ KNDF က နောက်ထပ် တပ်မတော်၏ စစ်စခန်းများကို ဆက်လက်သိမ်းပိုက်ရန်ရှိသည်ဟု ဆိုသည်။[၄] နိုဝင်ဘာ ၂၃ ရက်နေ့တွင် တိုက်ပွဲများသည် လွိုင်ကော်မြို့တွင်းအထိ ရောက်ရှိလာခဲ့သည်။[၉] နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဧရာဝတီ သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် KNDF ၏ ဒုတိယစစ်ဦးစီးချုပ်က ကယားပြည်နယ်၏ ၈၀% ကို ထိန်းချုပ်ထားနိုင်ပြီး လွိုင်ကော်မြို့ကို ဝိုင်းရံထားနိုင်ကာ ကြားကာလကရင်နီအစိုးရကို စတင်နေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၁၀] [၁၁]

    ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအား KNDF က သိမ်းပိုက်ခဲ့သည်။[၁၂] ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကောင်စီ၏ ဒေသကွပ်ကဲရေးဌာနချုပ် (ဒစက-လွိုင်ကော်)၊ လွိုင်ကော်ပြည်သူ့ဆေးရုံ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ ပြည်နယ်အစိုးရရုံးနှင့် ဘာသာရေးအဆောက်အဦးအချို့တွင် စစ်ကောင်စီတပ်များ ရှိနေဆဲဖြစ်ကြောင်း ဧရာဝတီသတင်းက ဖော်ပြခဲ့သည်။[၁၃] လွိုင်ကော်မြို့၏ ၈၅ % ကို ထိန်းချုပ်ထားနိုင်ပြီဟု တော်လှန်ရေးအဖွဲ့များက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဆိုသည်။ [၁၄]

    ဇန်နဝါရီလ ၇ ရက်နေ့တွင် ကရင်နီ လက်နက်ကိုင် တပ်ဖွဲ့ သည် ဖယ်ခုံမြို့ကို ထိုးစစ်ဆင်ခဲ့သည်။ နောက်တစ်နေ့တွင် ရဲစခန်းအပါအဝင် အစိုးရရုံးများကို သိမ်းပိုက်ပြီး မြို့ဧရိယာအများစုကို ထိန်းချုပ်ထားခဲ့သည်။ မြို့နေလူဦးရေ၏ သုံးပုံနှစ်ပုံကျော်သည် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ပြည်နယ်တစ်ဝှမ်းရှိ မြို့များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်း ကိုဗညား က ထပ်လောင်းတင်ပြသည်။ [၁၅]

    ဇန်နဝါရီ ၂၉ ရက်နေ့တွင် မော်ချီးမြို့ကို ကရင်နီတပ်များက သိမ်းပိုက်လိုက်သည်။ ကရင်အမျိုးသားအစည်းအရုံး၏ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သော တောင်ငူမြို့ကို ဦးတည်ရန် ကြိုးပမ်းသည့်အနေဖြင့် မော်ချီးကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားလိုက်သည်။ မိုးဗြဲဒီးမော့ဆိုနှင့် လွိုင်ကော်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၉ ရက်တွင် KNLA နှင့် PDF တပ်ဖွဲ့များက တပ်မတော်မှ Eurocopter AS365 အား ဆင်းသက်နေစဉ် စက်သေနတ်များ၊ စနိုက်ပါရိုင်ဖယ်များနှင့် RPG များဖြင့် ပစ်ချခဲ့သည်။ အမှတ်(၄၄)ခြေမြန်တပ်မ(၄၄)မှ ဗိုလ်မှူးချုပ်အေးမင်းနောင်နှင့် လေယာဉ်မှူးတို့ သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။[၁၆]

    နောက်ဆက်တွဲ သက်ရောက်မှုများ[ပြင်ဆင်ရန်]

    ၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ  မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ နန်းမယ်ခုံ နှင့် မိုးဗြဲမြို့ များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ ယင်းအပြင်  လွိုင်ကောက်မြို့နယ်ရှိ စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြိုနယ်ရှိ စခန်း (၁၃) ခု၊ ဖားဆောင်မြို့နယ်ရှိ စခန်း (၉) ခု၊ ဘောလခဲမြို့နယ်ရှိ စခန်း (၅) ခု၊ ရှားတောမြို့နယ်ရှိ စခန်း (၇)၊ ဖယ်ခုံမြို့နယ်ရှိ (၁၇) ခု ၊ မယ်စဲမြို့နယ်ရှိ (၁) ခုနှင့် ဖရူဆိုမြို့နယ်ရှိ စခန်း (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခု အားသိမ်းပိုက်ထားသည်။[၁၇] တပ်မတော် က စွန့်ခွာသွားသည့် တပ်စခန်း ၁၆ ခုရှိသည်။

    ကိုးကား[ပြင်ဆင်ရန်]

    1. ၁.၀ ၁.၁ ၁.၂ Kayah Resistance Groups Claim Victories Over Myanmar JuntaThe Irrawaddy (November 18, 2023)။ November 19, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 20, 2023 တွင် ပြန်စစ်ပြီး။
    2. တစ်လေးလုံး စစ်ဆင်ရေးအတွင်း မြို့ခုနစ်မြို့ကို ကရင်နီတပ်တွေ ထိန်းချုပ်RFA Burmese (၂၃ မတ် ၂၀၂၄)။ ၈ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
    3. Operation 1111 ‘Close to Securing All of Kayah State for Myanmar Resistance’The Irrawaddy (28 November 2023)။ 8 April 2024 တွင် ပြန်စစ်ပြီး။
    4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ You must specify archiveurl = and archivedate = when using {{cite web}}.Over 200 Junta Soldiers Killed in 10-Day Battle for Myanmar’s Loikaw: KNDFThe Irrawaddy (22 November 2023)။ 22 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 November 2023 တွင် ပြန်စစ်ပြီး။
    5. Myanmar Resistance Forces Launch Operation 1111, Seizing Control in Loikaw။ BNN Breaking (November 18, 2023)။ November 19, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 20, 2023 တွင် ပြန်စစ်ပြီး။ “In a remarkable show of unity and defiance, Kayah resistance groups, including the Karenni Army, the Karenni Nationalities Defense Force (KNDF), the Karenni People’s Liberation Front, and the People’s Defense Forces, initiated Operation 1111 on November 11, 2023, with the objective of overthrowing the military junta in Myanmar. This operation has reportedly resulted in the capture of over 20 junta-held positions across the municipalities of Loikaw and Demoso, as well as the adjacent municipality of Pekon in southern Shan State.”
    6. New Surge of Displaced People Since the Launch of Operation 1111။ Burma News International (November 14, 2023)။ November 19, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 20, 2023 တွင် ပြန်စစ်ပြီး။ “The chairman of the Karenni Nationalities Defense Force (KNDF) underscored the need to dismantle the Military Council administration in Loikaw Township to bring about the overthrow of the dictatorship and establish self-determination in Karenni State. He pointed out that unfortunately the looming battle to capture the town, could result in significant destruction.”
    7. Karenni Armed Group Seizes Seven Myanmar Junta Bases Since Saturday။ The Irrawaddy (November 13, 2023)။ November 19, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 20, 2023 တွင် ပြန်စစ်ပြီး။ “KNDF Chairman Khun Be Du urged Loikaw residents to temporarily evacuate to safe areas as resistance forces are attempting to seize the capital.”
    8. Civilians trapped amid fighting in Myanmar’s Kayah state။ Union of Catholic Asian News (November 15, 2023)။ November 19, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 20, 2023 တွင် ပြန်စစ်ပြီး။ “Junta troops have blocked all roads to prevent the people from fleeing amid a resistance offensive by Karenni rebel forces, who have launched an operation codenamed ’11.11’ on Nov. 11 to seize the remote township.”
    9. Battle For Control of Myanmar State Capital Escalating at ‘Alarming Rate’The Irrawaddy (23 November 2023)။ 23 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
    10. Kha၊ Kyaw (28 November 2023)။ Operation 1111 ‘Close to Securing All of Kayah State for Myanmar Resistance’The Irrawaddy။ 28 November 2023 တွင် ပြန်စစ်ပြီး။
    11. Junta’s Administration Ousted From Karenni State- Loikaw still a war-zoneBNI (29 November 2023)။ 8 April 2024 တွင် ပြန်စစ်ပြီး။
    12. Myanmar Junta Loses Over a Dozen Troops, More Bases in Three Days of Resistance AttacksThe Irrawaddy (11 December 2023)။ 8 April 2024 တွင် ပြန်စစ်ပြီး။
    13. Karenni Resistance Marks Successful Month of Attacks on Myanmar JuntaThe Irrawaddy (11 December 2023)။ 8 April 2024 တွင် ပြန်စစ်ပြီး။
    14. Resistance forces claim control of ‘85 percent’ of Karenni State capitalMyanmar Now (20 December 2023)။ 8 April 2024 တွင် ပြန်စစ်ပြီး။
    15. Wei၊ Brian (12 January 2024)။ Karenni Resistance Says It Controls Most of Pekon in Myanmar’s Southern ShanThe Irrawaddy။ 20 January 2024 တွင် ပြန်စစ်ပြီး။
    16. In Karen State, Another Myanmar Junta Chopper Shot DownThe Irrawaddy (29 January 2024)။ 8 April 2024 တွင် ပြန်စစ်ပြီး။
    17. “၁၁၁၁ စစ်ဆင်ရေး”စတင်ပြီးနောက် စစ်ကောင်စီတပ်စခန်း (၆၅) ခု သိမ်းပိုက်နိုင်သျှမ်းသံတော်ဆင့် (၂၃ မတ် ၂၀၂၄)။ ၈ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။