မာတိကာသို့ ခုန်သွားရန်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ

ဝီကီပီးဒီးယား မှ
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏အလံတော်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)သည် သျှမ်းပြည်တပ်မတော်(SSA)၏ နိုင်ငံရးဦးဆောင်ကော်မတီဖြစ်သည်။

ဗဟိုအဖွဲ့ဝင်၁၀ဦးပါဝင်သည်။၄နှစ်တကြိမ် ကော်မတီဝင် အပြောင်းအလဲလုပ်လေ့ရှိသည်။

သျှမ်းပြည်တောင်ပိုင်း နှင့် အရှေ့ပိုင်းတွင် လှုပ်ရှားပြီး အရှေ့ပိုင်းတွင် ပိုမိုအားကောင်းမည်ဟု ယူဆရသည်။[]

စစ်ဒေသများအလိုက် အုပ်ချုပ်ရေးနယ်မြေများခွဲထားသည်ကိုတွေ့ရသည်။[]

ယခင်က တပ်မဟာ၆ခု ရှိသော်လည်း ယခု တွင်အပြောင်းအလဲရှိနိုင်သည်။ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် တပ်သားသစ်ပိုမိုများပြားလာသည်။[]

နိုင်ငံရေးအရ "wait and see approach "ကို ကျင့်သုံးသည်ကိုတွေ့ရသည်။ []

သျှမ်းမြောက်မှဆုတ်ခွာခဲ့ ပြီးနောက် မိမိ၏အုပ်ချုပ်ရေး ကိုပိုမိုခိုင်မာအောင်လုပ်လာသည်ကိုတွေ့ရသည်။ ဗိုလ်ချုပ်ယွက်စစ်နှင့် စိုင်းစိုင်းငင်း(ရာထူးစိစစ်ဆဲ)တို့ မကြာခဏ ကျေးရွာများတို့ ကွင်းဆင်းကာ လူထုနှင့်တွေ့ဆုံမှု ခပ်စိတ်စိတ်ပြုလုပ်လာသည်။

ပညာရေး အား အားကောင်းအောင်ပုံဖော်နေသည်ကိုတွေ့ရပြီး ထိုင်းနိုင်ငံမှ မဲဆိုင်Universityနှင့် ဆွေးနွေးမှုများ ပြုလုပ်ထားကာ ၎င်းတို့ထိန်းချုပ်နယ်မြေရှိ ကျောင်းများတွင် ထူးချွန်ပါက ထိုင်းနိုင်ငံသို့ ဆက်လက်ပညာသင်ခွင့် ရရှိအောင်လုပ်ဆောင်ပေးထားသည်။[]

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်တိုက်ပွဲ၄ကြိမ်ဖြစ်ပွားခဲ့သည်။[]

သျှမ်းအရှေ့တွင် သုံးကြိမ်

သျှမ်းတောင်(ပင်ဖြစ်)တွင် တစ်ကြိမ် တို့ဖြစ်သည်။

လက်ရှိတွင် သျှမ်းအရှေ့၌ UWSAနှင့်ကော စစ်ကောင်စီနှင့်ပါ စစ်ဆိုင်ထားသည့်အခြေနေတွင်ရှိသည်။သျှမ်းတောင်၌ ပြောက်ကျားလှုပ်ရှားသည်။[]

RCSSအနေဖြင့် လှိုင်းထန်လေထန်သော မြန်မာ့နိုင်ငံရေးတွင် မည်သည့်​လမ်းကို ဆက်လျှောက်သွားမည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။[]


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ခေါင်းဆာင်မှာဗိုလ်မှူးကြီးယွက်စစ်ဖြစ်သည်။ နအဖ အစိုးရ နှင့်တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်ဖို့ရန် RCSS/SSA ဘက်မှ အစဉ်တံခါးဖွင့် လက်ကမ်းကြိုဆို သော် လည်း တဘက်သတ်ဆန္ဒဖြင့် ဆွေးနွေးရေးကို မူမလိုလားကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS /သျှမ်းပြည် တပ်မတော် SSA ယနေ့ (၂၅/၃/၀၉) တွင် ကြေညာချက်ထုတ်ပြန်၏။

RCSS/SSA ခေါင်းဆာင်ဗိုလ်ချုပ်းကြီးယွက်စစ်

မတ်ချ် ၂၅ ရက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့ ကြေညာ ချက်အရ အဓိက အကြောင်းအရာ ၄ ချက် ပါဝင်သည်။

  1. လက်ရှိနိုင်ငံရေးပြဿနာကို မျှတ မှန်ကန်စွာဖြေရှင်း လိုလျှင် ၁၉၄၇ ပင်လုံ သဘောတူညီချက် ဇစ်မြစ်ကိုပြန်ကောက်ရမည်၊
  2. ပြည်တွင်း ပြည်ပ နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၂၀၀၈ နားဂစ် ဖွဲ့စည်းပုံ အခြေခံမူကို အားလုံးပါဝင် ဝေဖန် ပြင်ဆင်ခွင့်ပြုပြီးမှ ရွေးကောက်ပွဲ ကျင်းရမည်။
  3. ၁၉၉၀ ရွေးကောက်ပွဲတကယ့် အနိုင်ရပါတီများဖြစ်ကြသည့် NLD နှင့် SNLD တို့အားရွေးကောက်ပွဲ ဆိုင်ရာ ပါဝင် ဆွေးနွေးနိုင်သည့် အခွင့်ထူးများပေးရမည်၊ ၎င်းတို့အား ဘေးဖယ်ထားလျှင် အဓိပ္ပာယ်မရှိ၊။
  4. နိုင်ငံရေး ပြဿနာ မဖြေရှင်းဘဲ မူးယစ်ပြဿနာ ဖြေရှင်း၍မရ၊ မူးယစ်ဆေးဝါးများ သျှမ်းပြည်မှ ထွက်ရှိသောကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝရရှိမှသာ အောင်မြင်အောင် အားလုံး စုပေါင်းပါဝင်ဖြေရှင်းနိုင်မည်။

သျှမ်းပြည်သည် အစိုးရ၏ ကိုလိုနီနယ်မြေမဟုတ်သည့် မျှတ တန်းတူ လွတ်လပ် စစ်မှန်သော ပြည်ထောင်စု အတွင်းမှ ပြည်ထောင်တခုဖြစ်ကြောင်း၊ သျှမ်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအားလုံး သျှမ်းပြည်သားများ ကိုယ်တိုင် ဖြေရှင်းနိုင်သည့်အခွင့်အရေးများ ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင်ဗမာစစ်အစိုးရထိန်းချုပ် ခြယ်လှယ်မှုမရှိဘဲ ဘိန်း အစားထိုးသီးနှံများကို သျှမ်းပြည်သားများလွတ်လပ်စွာ စီမံဆောင်ရွက်စိုက်ပျိုးရောင်းဝယ်ခွင့် ရှိမှသာလျှင် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ြကီးယွက်စစ်က ပြောဆိုသည်။

  1. 1 2 3 4 5 Template error: argument title is required.
  2. 1 2 3 Taifreedomshanversion