မာတိကာသို့ ခုန်သွားရန်

ဖရူဆိုမြို့နယ်

ဝီကီပီးဒီးယား မှ
ဖရူဆိုမြို့နယ်
မြို့နယ်
ဒီး​မော့ဆိုခရိုင်အတွင်း တည်နေရာ (အနီ)
ဒီး​မော့ဆိုခရိုင်အတွင်း တည်နေရာ (အနီ)
ဖရူဆိုမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖရူဆိုမြို့နယ်
ဖရူဆိုမြို့နယ်
ဖရူဆိုမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 19°2′58″N 97°7′32″E / 19.04944°N 97.12556°E / 19.04944; 97.12556ကိုဩဒိနိတ်: 19°2′58″N 97°7′32″E / 19.04944°N 97.12556°E / 19.04944; 97.12556
နိုင်ငံ မြန်မာ
ပြည်နယ် ကယား
ခရိုင်ဒီး​မော့ဆို
မြို့နယ်ရုံးစိုက်ရာမြို့ဖရူဆိုမြို့
ဧရိယာ
 • မြို့နယ်၂၄၈.၂၃ စတုရန်းမိုင် (၆၄၂.၉၁ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၂၆၀ ပေ (၉၉၀ မီတာ)
လူဦးရေ (မတ် ၂၀၁၇)[]
 • မြို့နယ်၂၉,၆၅၁
 • သိပ်သည်းမှု၁၂၀/sq mi (၄၆/km)
 • မြို့ပေါ်၃,၇၉၆
 • ကျေးလက်၂၅,၈၅၅
 • လူမျိုးများကယား (၉၉.၆%)
ဗမာ (၀.၂၅%)
ကရင် (၀.၁၃%)
ရှမ်း (၀.၀၁%)
အိန္ဒိယ (၀.၀၁%)
 • ကိုးကွယ်မှုဗုဒ္ဓခရစ်ယာန်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဖရူဆိုမြို့နယ် (အင်္ဂလိပ်: Hpruso Township) သည် မြန်မာနိုင်ငံကယားပြည်နယ်ဒီးမော့ဆိုခရိုင်တွင် ပါဝင်သည့် မြို့နယ် တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဖရူဆိုမြို့ ဖြစ်သည်။

သမိုင်း​ကြောင်း

[ပြင်ဆင်ရန်]

အမည်ရင်းမြစ်

[ပြင်ဆင်ရန်]

မြို့၏ အနောက်တောင်ဘက်တွင် ဂူပေါက်ရှိသော တောင်နှင့် တောင်ကမ်းပါးကို အမှီပြု၍ ကယားဘာသာစကားဖြင့် ဖရူဆိုဟု ခေါ်ဆိုခဲ့သည်။ ပရို - တန်ခိုးအာနုဘော် ဖော်ပြနိုင်သူ၊ ဆို - တောင် ဟု အဓိပ္ပာယ်ရသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဖရူဆိုမြို့နယ် အမည်မတွင်မီက ကြယ်ဖိုးကြီးနယ်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။ ကယားဘာသာစကားဖြင့် "ကေးလျား"၊ မြန်မာဘာသာစကားအရ "ကျယ်ဝန်းသော နယ်မြေ" ဟု အဓိပ္ပာယ်ရသည်။

ကေးလျားကြယ်ဖိုးကြီးနယ်သည် ရှားရယ် (ခ) ကေးဖိုးဒူမင်း (ကေးဖိုးဒူစော်ဘွား) လက်ထက်မှစ၍ စော်ဘွားများ အာဏာစွန့်လွှတ်သည့် ၁၉၅၆-၆၀ ခုနှစ်အထိ ထင်ရှားသော နယ်တစ်နယ် ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အုပ်ချုပ်ရေးရုံးစိုက်ရာဒေသကို ကြယ်ဖိုးကြီးရွာမှ ဖရူဆိုရွာ (ညောင်ဇင်ရွာ) သို့ ပြောင်းရွှေ့ခဲ့သည်။[]

တော်လှန်ရေးကောင်စီ မတက်မီအထိ ဖရူဆိုမြို့မ၊ မိုဆို၊ တော်ခူ၊ ဟိုယာ၊ ဝေဝါ၊ ကေကော အစရှိသော တိုက်နယ် ၆ နယ်ဖြင့် အုပ်ချုပ်လာပြီး ၁၉၆၂ မှစ၍ ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၁၄ ခု၊ ကျေးရွာ ၁၁၅ ရွာ ခွဲ၍ အုပ်ချုပ်ခဲ့သည်။[]

ပထဝီဝင်အ​နေအထား

[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၇ မိနစ်နှင့် ၁၉ ဒီဂရီ ၅၈ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀ မိနစ်နှင့် ၉၇ ဒီဂရီ ၇၃ မိနစ် အကြားတွင် တည်ရှိပြီး ၆၄၂.၉၁ စတုရန်းမိုင် (၁,၆၆၅.၁ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသည်။[] အရှေ့မှ အနောက်သို့ ၆၄ မိုင်နှင့် တောင်မှ မြောက်သို့ ၇၈ မိုင် ရှည်လျားသည်။

နယ်နိမိတ်

[ပြင်ဆင်ရန်]

ဖရူဆိုမြို့နယ်၏ အရှေ့ဘက်တွင် ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်၊ တောင်ဘက်တွင် ဖားဆောင်းမြို့နယ်၊ အနောက်ဘက်တွင် ကရင်ပြည်နယ်ရှိ သံတောင်ကြီးမြို့နယ်ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်၊ မြောက်ဘက်တွင် ဒီးမော့ဆိုမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည်။

မြေမျက်နှာသွင်ပြင်

[ပြင်ဆင်ရန်]

ဖရူဆိုမြို့နယ်သည် မြစ်ချောင်းများနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ၂၉၈၂ ပေတွင် တည်ရှိသည်။ မြို့နယ်တွင်းရှိ ထင်ရှားသောတောင်မှာ ခေါသခေါတောင်ဖြစ်ပြီး ၆၆,၈၃၂ ပေ မြင့်မားသည်။[]

ရာသီဥတု

[ပြင်ဆင်ရန်]

ဖရူဆိုမြို့နယ်သည် အပူအအေး မျှတသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန် ၆ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ၃၅ လက်မ ဖြစ်သည်။[]

ရေဆင်း

[ပြင်ဆင်ရန်]

ဖရူဆိုမြို့နယ်တွင် သောက်သုံးရေအဖြစ်အသုံးပြုသော ခီးပရာလိုချောင်းနှင့် နန်းဖဲချောင်းတို့သည် ဟိုယာကျေးရွာ၊ သိုသီးဖိုရွာနှင့် တော်ခူရွာများကို ဖြတ်သန်း စီးဆင်းသည်။ ထင်ရှားသောချောင်းမှာ ထူးချောင်းဖြစ်ပြီး ဟိုယာကျေးရွာအုပ်စုနှင့် သိုသီးဖိုကျေးရွာအုပ်စုအနီးမှ ဖြတ်၍ ဘောလခဲမြို့နယ်ရှိ ပွန်ချောင်းသို့ စီးဝင်သည်။[]

လူဦး​ရေ

[ပြင်ဆင်ရန်]

ဖရူဆိုမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ကရင်နှင့် ရှမ်းလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၀၁%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယလူမျိုးများဖြစ်သည်။ ဖရူဆိုမြို့နယ်၏ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ လူဦးရေမှာ ၂၉,၇၈၉ ဦး ဖြစ်သည်။[]

စီးပွားရေး

[ပြင်ဆင်ရန်]

ဖရူဆိုမြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွာရေးအရ တိုးတက်မှုနှေးကွေးသော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်​နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ မြေပဲ၊ အစေ့ထုတ်ပြောင်းတို့ဖြစ်ပြီး လွိုင်​ကော်မြို့သို့ အဓိကတင်ပို့​ရောင်းချသည်။[]

​​ဈေးများ

[ပြင်ဆင်ရန်]
  • ဖရူဆိုမြို့မ​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး

[ပြင်ဆင်ရန်]

ဖရူဆိုမြို့နယ်သည် ကုန်းလမ်း​ဆုံရာ လမ်းမ​ပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်​ရေး​ကောင်းမွန်သည်။

ပညာရေး

[ပြင်ဆင်ရန်]

အ​ခြေခံပညာ

[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၁ကျောင်းရှိသည်။

  • အထက ဖရူဆို

အထက(ခွဲ)/အလက

[ပြင်ဆင်ရန်]
  • အလက (ထ(ခွဲ)) မာခ​ရော်​ရှေ့
  • အလက (ထ(ခွဲ)) ဟိုယာ
  • အလက (ထ(ခွဲ)) ထီး​ပေါ်ဆို
  • အလက ဒိုးလာ​ဆော

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၈၉ကျောင်းရှိသည်။ []

ကျန်းမာရေး

[ပြင်ဆင်ရန်]

ဖရူဆိုမြို့နယ်တွင် မြို့နယ်ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၅ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၀ ခု တည်ရှိသည်။[]

​ဆေးရုံများ

[ပြင်ဆင်ရန်]
  • ဖရူဆို ပြည်သူ့​ဆေးရုံ
  • ဟိုယာ တိုက်နယ်​ဆေးရုံ

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ ဖရူဆိုမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (PDF)။ ဖရူဆိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ အောက်တိုဘာ ၂၀၁၇။ ၈ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ဖရူဆိုမြို့နယ်၏ ဒေသန္တရအချက်အလက်များ။ ကယားပြည်နယ်အစိုးရအဖွဲ့။ ၈ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။