မာတိကာသို့ ခုန်သွားရန်

ထွန်းမြတ်နိုင်

ဝီကီပီးဒီးယား မှ
ထွန်းမြတ်နိုင်
ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဓာတ်ပုံ (၂၀၁၆)
မွေးဖွား (1978-11-07) ၇ နိုဝင်ဘာ၊ ၁၉၇၈ (အသက် ၄၆)
စစ်တွေမြို့ရခိုင်ပြည်နယ်
သစ္စာခံနိုင်ငံရက္ခိုင့်တပ်တော်
လက်နက်ကိုင်တပ်ရက္ခိုင့်တပ်တော်
အမှုထမ်း ကာလ၂၀၀၉–လက်ရှိ
ရာထူးအဆင့်ဗိုလ်ချုပ်
ကွပ်ကဲသည့် ဌာနစစ်ဦးစီးချုပ်၊ ရက္ခိုင့်တပ်တော်
တိုက်ပွဲ/စစ်ပွဲများမြန်မာပြည်တွင်း ပဋိပက္ခ
အိမ်ထောင်ဖက်နှင်းဇာဖြူ

ထွန်းမြတ်နိုင် (Twan Mrat Naing) သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သော အာရက္ခတပ်တော်၏ စစ်ဦးစီးချုပ် ဖြစ်သည်။[][] ထွန်းမြတ်နိုင်သည် ရက္ခိုင့်တပ်တော်ကို စတင်တည်ထောင်ခဲ့သည့် ၂၀၀၉ ခုနှစ်မှ စတင်ကာ ဦးဆောင်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ရာထူး ရယူထားသူဖြစ်သည်။ သူသည် ရခိုင်လူမျိုး တစ်ဦးဖြစ်ကာ အာရက္ခတပ်တော် ၏ ယာယီဌာနချုပ်ဖြစ်သော ကချင်ပြည်နယ် လိုင်ဇာမြို့တွင် နေထိုင်လျက်ရှိသည်။

အစောပိုင်းဘဝ

[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်တွင် အဖ ဦးရွှေမြအောင် နှင့် အမိ ဒေါ်မမြသန်း တို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဘောင်းဒွတ်သားစု ရပ်ကွက်တွင် မွေးဖွားခဲ့သည်။

ဒဿမတန်းကို စစ်တွေမြို့ အထက (၂) ကျောင်းမှ အောင်မြင်ခဲ့ပြီး ဥပဒေမေဂျာကို စစ်တွေတက္ကသိုလ်တွင် လေ့လာသင်ယူပြီ ဘွဲ့ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် အချိန်ပိုင်း အင်္ဂလိပ်စာဆရာ၊ ဧည့်လမ်းညွှန် လုပ်ကိုင်ခဲ့သည်။

လက်နက်ကိုင်ခြင်း

[ပြင်ဆင်ရန်]

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုတည်ထောင်နိုင်ရန်အတွက် နယ်စပ်ဒေသများသို့ ဆက်သွယ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ရက္ခိုင့်တပ်မတော် နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ကို လူ ၂၆ ဦးနှင့် စတင်တည်ထောင်ခဲ့ကြသည်။ ကိုထွန်းမြတ်နိုင်သည် ဗမာအစိုးရကို သူပုန်လုပ်ပြီး လက်နက်ကိုင်တော်လှန်ဖို့ အိပ်မက်ကြီးတစ်ခုရှိခဲ့သည်။ သူသည် ၁၉၉၈ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်တပ်မတော် ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ဆက်သွယ်ခဲ့သည်။ အိန္ဒိယအစိုးရက ခိုင်ရာဇာတို့ကို လုပ်ကြံသတ်ဖြတ်ပြီးနောက် ထွန်းမြတ်နိုင် ရခိုင်ကိုပြန်လာပြီး စစ်တွေတက္ကသိုလ်မှ ဘာသာစကားများကို သင်တန်းတက်ခဲ့သည်။ ၂၀၀၄ ခုနှစ် မှ ရခိုင်လူငယ်များစုသည် လက်နက်ကိုင် အဖွဲ့အစည်း ကို ထည်ထောင်နရန် ဆွေးနွေးကြခဲ့သည်။[] ၂၀၀၈ မှ ကချင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်ချုပ်နှင့် ဆက်သွယ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ရက္ခိုင့်တပ်တော်ကို အောင်မြင်စွာ စတည်ထောင်ခဲ့သည်။ ကချင်လွတ်မြောက်ရေးတပ်မတော်က လက်နက်များ မထုတ်ပေးသေးစဉ်ကာလအတွင်း ထွန်းမြတ်နိုင်နှင့် ဇော်မျိုးသက် (ခေါ်) ညိုထွန်းအောင် တို့သည် ဒုက္ခမြောက်မြားစွာနှင့် ကြုံခဲ့သည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကွန်ဖက်ဒရယ်စနစ်ကို သဘောကျသည်။

မိသားစုဝင်များ ဖမ်းဆီးခံရခြင်း

[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ထွန်းမြတ်နိုင်၏ ညီ ဦးထွန်းမြတ်ကျော် အပါအဝင် ရခိုင်လူမျိုး ငါးဦးကို စင်ကာပူအစိုးရက ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။[][]

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ညီမဖြစ်သူ ဒေါ်မိုးနှင်းဖြူနှင့် အမျိုးသားဖြစ်သူ ဦးကျော်နိုင် တို့အား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ အပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သူတို့သည် မန္တလေးမြို့တွင် တွေ့ရှိဖမ်းဆီးခဲ့သော ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူနှင့် ကလေးနှစ်ဦးတို့အား ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ ချင်းမိုင်မြို့တွင် ဖမ်းဆီးခဲ့သည်။[] မြန်မာအစိုးရက ပေးပို့ထားသော ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်နေသူများစာရင်းတွင် သူမ၏ အမည်ပါရှိသည့်အတွက် ချင်းမိုင်မြို့ရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖမ်းဆီးခံမိသားစုသည် UNHCR ၏ အစီအစဉ်ဖြင့် ဆွစ်ဇာလန်နိုင်ငံသို့ နိုင်ငံရေးခိုလှုံရန် ထွက်ခွာသွားခဲ့သည်။[][]

၂၀၂၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဦးအောင်ြမတ်ကျော်၊ ဒေါ်မိုးနှင်းဖြူနှင့် အမျိုးသားတို့အား ဖမ်းဆီးခံထားရာမှ အမှုများအားလုံး ပယ်ဖျက်ကာ လွှတ်ပေးခဲ့သည်။ တပ်မတော်မှ နိုင်ငံတော်အာဏာအား သိမ်းယူပြီးနှစ်တွင် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။[]

မိသားစု

[ပြင်ဆင်ရန်]

ထွန်းမြတ်နိုင်တွင် ညီအစ်ကိုမောင်နှမ စုစုပေါင်း ၇ ဦး ရှိသည်။ မွေးချင်းမောင်နှမ ၇ ဦးအနက် ဒုတိယမြောက်သားဖြစ်သည်။

ထွန်းမြတ်နိုင်၏ ဇနီးမှာ မနှင်းဇာဖြူ ဖြစ်ပြီး သားတစ်ဦး၊ သမီးတစ်ဦး ရှိသည်။ မနှင်းဇာဖြူ၏ ဖခင်မှာ ရခိုင်အမျိုးသားပါတီဝင်နှင့် ရခိုင်ပြည်နယ် လွှတ်တော်၊ ဒုတိယအကြိမ် ဥက္ကဋ္ဌ၏ သမီးတော်စပ်သည်။

လူမျိုးတုန်း သတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ

[ပြင်ဆင်ရန်]

ထွန်းမြတ်နိုင်သည် ရိုဟင်ဂျာ အသိုင်းအဝိုင်းပေါ် အိတ်စ် (ယခင် တွစ်တာ)လူမှုကွန်ယက်မှတဆင့် လှောင်ပြောင်ခဲ့သဖြင့် အမုန်းစကားများ ဖြန့်ဝေသည်ဟုဆိုကာ စွပ်စွဲခဲ့ရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅-၆ ရက်တို့တွင် မြန်မာစစ်တပ်နှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အာရက္ခတပ်တော်ကို မောင်တောမြို့နယ်နေ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာ စစ်တပ်မှ Drone များ၊ အဝေးပစ်အမြောက်များဖြင့် လူမျိုးတုံးသတ်ဖြတ်ခဲ့မှုကို ရက္ခိုင့်တပ်တေ်ကိုစွပ်စွဲခဲ့သည်။[၁၀]

ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးက စုံစမ်းစစ်ဆေးလျက်ရှိသည်။ [၁၁]

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. About AAArakan Army။ 3 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ ဇွန် ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. Arakan Army LeadersArakan Army။ 3 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ ဇန်နဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  3. "Explainer: The insurgents plunging Myanmar's Rakhine back into chaos" (in en)၊ Reuters၊ 2019-01-15။ 
  4. "Myanmar citizens deported from Singapore over alleged insurgent ties remanded in custody" (in en)၊ Reuters၊ 26 July 2019။ 
  5. "AA Chief's Brother, Several Arakanese Arrested in Singapore"၊ The Irrawaddy၊ 10 July 2019။ 
  6. Spouse and children of AA chief arrested in Chiang Mai (in en)။ February 28, 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-05-18 တွင် ပြန်စစ်ပြီး။
  7. "Wife, Children of Leader of Myanmar's Arakan Army Detained in Thailand"၊ The Irrawaddy၊ 6 December 2019။ 
  8. "AA chief's wife, children left for Switzerland" (in en)၊ Narinjara၊ 26 February 2020။ 
  9. Myanmar Junta Drops Charges Against Arakan Army Chief's Relatives (10 June 2021)။ November 30, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  10. Fortifyrights (27 August 2024)။ International Criminal Court: Investigate Arakan Army Massacre of Rohingya Civilians, Hold Perpetrators Accountable (in en)။ 8 September 2024 တွင် ပြန်စစ်ပြီး။
  11. "Rohingya Muslims face new threat from Arakan Army after being persecuted by Myanmar military"၊ Anadolu Agency၊ December 4, 2024။ 

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]