ဝေယံထွန်း သေဆုံးမှု

ဝီကီပီးဒီးယား မှ

ဝေယံထွန်း (၂၀၀၅ – ၂၀ ဖေဖော်ဝါရီ ၂၀၂၁) သည် မန္တလေးမြို့မှ ၁၆ နှစ်အရွယ် အလုပ်သမားနှင့် ဆန္ဒပြသူတစ်ဦး ဖြစ်ပြီး ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် သေဆုံးခဲ့သူ ဖြစ်သည်။[၁] ဝေယံထွန်းသေဆုံးပြီးနောက် စစ်အာဏာသိမ်းမှုအတွင်း ဆန္ဒပြမှုများတွင် သူ၏ ဓာတ်ပုံကို ကိုင်ဆောင်ဆန္ဒပြကြသည်အထိ ထင်ရှားခဲ့သူ ဖြစ်သည်။ ဝေယံထွန်းသည် ဆန္ဒပြသူများအား စစ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုအပေါ် တွန်းလှန်သည့် အနေဖြင့်နှင့် အစောပိုင်း သူရဲကောင်းတစ်ဦးအနေဖြင့် သတ်မှတ်ခံခဲ့ရသည်။[၂][၃][၄] သူ့အား ဂုဏ်ပြုသည့်အနေဖြင့် ဝေယံထွန်း အလုပ်လုပ်ခဲ့သည် ၄၁ လမ်းဈေးအား ဝေယံထွန်းညဈေးဟု အမည်ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။

ဆန္ဒပြခြင်းနှင့် သေဆုံးမှု[ပြင်ဆင်ရန်]

စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားသူများအား ဖမ်းဆီးထားခြင်းကို ဝေယံထွန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မန္တလေးမြို့၊ ရတနာပုံသင်္ဘောကျင်းအနီးတွင် ဆန္ဒပြနေခဲ့သည်။ ဆန္ဒပြသူများအား စစ်တပ်က ပစ်ခတ်ခဲ့ရာတွင် ဒဏ်ရာရရှိသူများအား ဝေယံထွန်းက သူ၏ တွန်းလှည်းဖြင့် ကူညီပေးနေစဉ် ဦးခေါင်းအား ပစ်ခတ်ခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့တွင် ဆန္ဒပြကာလအတွင်း ပထမဆုံး သေဆုံးခဲ့သူနှစ်ဦးတွင် ဝေယံထွန်းသည် တစ်ဦးအပါအဝင် ဖြစ်သည်။ "နေပြည်တော်မြို့တွင် မြသွဲ့သွဲ့ခိုင် သေဆုံးမှုအပြီး နောက်တစ်ရက်တွင် မန္တလေးမြို့ ဆန္ဒပြသူများအား သေဆုံးသည်အထိ ပစ်ခတ်ခဲ့ခြင်းအား ကျွန်ုပ်တို့ များစွာ စိတ်ထိခိုက်ရကြောင်း၊ စစ်တပ်အနေဖြင့် မြန်မာပြည်သူလူထုအား အကြမ်းဖက်နေမှုများ အဆုံးသတ်ရန်" အမေရိကန်သံရုံး က ထုတ်ပြန်ခဲ့သည်။[၅]

မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ဝေယံထွန်းသည် ပထမဆုံးသော ကလေးလူငယ်သူရဲကောင်း တစ်ဦး ဖြစ်လာခဲ့သည်။ လက်ကိုင်ဖုန်းနှင့် မော်တော်ဆိုင်ကယ် ဝယ်ယူရန် ဝေယံထွန်း စုဆောင်းထားသည့် ငွေကြေးများအား နာရေးအတွက် သူ၏ မိသားစုက အသုံးပြုခဲ့ရသည်။ [၆][၇]

ကိုးကား[ပြင်ဆင်ရန်]