မော်လူးမြို့
မော်လူးမြို့ | |
---|---|
မြို့ | |
မော်လူးမြို့ တည်နေရာ | |
ကိုဩဒိနိတ်: 24°27′54″N 96°10′47″E / 24.4649°N 96.1796°Eကိုဩဒိနိတ်: 24°27′54″N 96°10′47″E / 24.4649°N 96.1796°E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | စစ်ကိုင်းတိုင်းဒေသကြီး |
ခရိုင် | ကသာ |
မြို့နယ် | အင်းတော် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မော်လူးမြို့ သည် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ပါဝင်သော မြို့ငယ်တစ်မြို့ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနားကားလမ်း နံဘေးတွင် တည်ရှိသည်။
ကသာခရိုင် အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စုကို မြို့အဖြစ် တိုး ချဲ့ပြင်ဆင် ဖွဲ့စည်းကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနက ၂၀၁၈ခုနှစ် မေ လ ၁၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။[၁]
အင်းတော်မြို့နယ် မော်လူး ကျေးရွာအုပ်စုမှ မော်လူး၊ ဟဲနု၊ ကရင်၊ အုန်းဒုတ်၊ မင်းသာကျေး ရွာငါးရွာကို စုစည်း၍ မင်းရာဇာ၊ မင်းဇေယျာ၊ မင်းချမ်းသာ၊ မင်း သုခ၊ မင်းသစ္စာ၊ မင်းသီရိဟူ၍ ရပ်ကွက်ခြောက်ခု ပါဝင်သော မော်လူးမြို့အဖြစ် တိုးချဲ့ဖွဲ့စည်း သဖြင့် ကျေးရွာငါးရွာကို ပယ် ဖျက်ခဲ့သည်။ မော်လူးကျေးရွာ အုပ်စုတွင် ကျန်ရှိသော ပဲခူး၊ ရွာ ရှည်၊ သက်ရင်းတာ ဟူသည့်ကျေး ရွာ သုံးရွာစုစည်း၍ ပဲခူးကျေးရွာ အုပ်စု၊ နားခွင်းကျင် ကျေးရွာနှင့် လွင်ဦးကျေးရွာနှစ်ရွာ စုစည်း၍ နားခွင်းကျင်ကျေး ရွာအုပ်စုအဖြစ် အမည် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
စေတီပုထိုးများ[ပြင်ဆင်ရန်]
ဒီပင်္ကရာမဟောစေတီတော်သည် မော်လူးမြို့ နှင် ၁ မိုင် အကွာတွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ပွဲတော်ကျင်းပခွင့် ဘုရားပွဲတော်များထဲမှာ ဒီပင်္ကရာဘုရားပွဲတော်သည်လည်း တစ်ပွဲ အပါအဝင်ဖြစ်သည်။ တတိယ သင်္ဂါယနာတင် သီရိဓမ္မာသောကမင်း ကြီး လှူဒါန်းကောင်းမှုဖြစ်သော တန် ခိုးကြီး သမိုင်းဝင် စေတီ တစ်ဆူဖြစ်သည်။[၂]ကိုးကား အမှား - Closing </ref>
missing for <ref>
tag
ကိုးကား[ပြင်ဆင်ရန်]
- ↑ မျိုးမင်းဦး (၂၃ မေ ၂၀၁၈)။ စစ်ကိုင်းတိုင်းရှိ မော်လူးနှင့် စိုင်ပြင်ကို မြို့အဖြစ် ပြင်ဆင်ဖွဲ့စည်း။ 7Day News။ 13 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ https://www.myanmarevent.net/event_detail.php?id=796[လင့်ခ်သေ]