တင်အောင်စန်း
တင်အောင်စန်း | |
---|---|
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၃ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၊ ဦးသန်းဆွေ ၊ ဦးဝင်းရှိန်တို့နှင့်အတူ | |
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၈ ဒီဇင်ဘာ ၂၀၂၄ | |
ယခင်လူ | ကိုယ်တိုင် |
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၃ ဩဂုတ် ၂၀၂၃ – ၁၈ ဒီဇင်ဘာ ၂၀၂၄ | |
ယခင်လူ | မြထွန်းဦး |
ဆက်ခံသူ | မောင်မောင်အေး |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂ ဖေဖော်ဝါရီ ၂၀၂၁[၁] | |
ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃ | |
ယခင်လူ | ဦးသန့်စင်မောင် |
ဆက်ခံသူ | မြထွန်းဦး |
ကာကွယ်ရေးဦးစီးချုပ်(ရေ) | |
တာဝန်သက်တမ်း ၁၁ ဩဂုတ် ၂၀၁၅ – ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ |
ဆက်ခံသူ | ဗိုလ်ချုပ်ကြီး မိုးအောင် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | အောက်တိုဘာ ၁၆၊ ၁၉၆၀ |
ကြင်ဖော်(များ) | ဒေါ်သန်းသန်းအေး |
သားသမီး | မယဉ်မင်းသူ |
ဆုတံဆိပ်များ | ဇေယျကျော်ထင် စည်သူ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ရေ) |
ရာထူး | ဗိုလ်ချုပ်ကြီး |
တပ် | ကက(ရေ) |
ဗိုလ်ချုပ်ကြီး တင်အောင်စန်း (၁၆ အောက်တိုဘာ ၁၉၆၀ မွေးဖွား[၂]) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ်ဖြစ်သည်။သူသည် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ [၃] ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အပြင် ကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်များ ထမ်းဆောင်ခဲ့သည်။လက်ရှိတွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသည်။
တပ်မတော်တာဝန်
[ပြင်ဆင်ရန်]ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ အငြိမ်းစားယူပြီးနောက် စစ်ဦးစီးအရာရှိချုပ်(ရေ)အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်းအား ၂၀၁၅ ဩဂုတ်လတွင် ရာထူးတိုးမြှင့်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် ခန့်အပ်ခဲ့သည်။[၄][၅] ၎င်းသည် အမေရိကန်ပြည်ထောင်စုတွင် စစ်သင်တန်း တက်ရောက်အောင်မြင်ခဲ့သူ ရှားရှားပါးပါး ဗိုလ်ချုပ်တစ်ဦးဖြစ်သည်ဟု ဆိုသည်။[၆]
နိုင်ငံရေးတာဝန်
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် တပ်ရာထူးမှ လျှောကျကာ အသစ်ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ်လည်းကောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[၇]
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။[၈] ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက်တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ်မှ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ထမ်းဆောင်သည်။၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ရက် တွင် ကာကွယ်ရေးဝန်ကြီး အဖြစ်မှ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသည်။
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးနှင့် အိမ်ထောင်ကျကာ ယဉ်မင်းသူ ခေါ် သမီးတစ်ဦးရှိသည်။[၉] ယဉ်မင်းသူသည် Global Icon General Trading Company Limited ဒါရိုက်တာတစ်ဦးဖြစ်သည်။[၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း"။ 2 February 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 1 February 2023။
- ↑ Issuance of Executive Order "Blocking Property With Respect To The Situation In Burma;" Burma-related Designations and Designations Updates | U.S. Department of the Treasury။ ၁၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်ထိပ်တန်းရာထူးများအပြောင်းအလဲပြုလုပ် (in en)။ 7 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယ ဗိုလ်ချုပ်ကြီးများ အပါအဝင် အရာရှိကြီး ၄၅ ဦး ကြံ့ခိုင်ရေးပါတီသို့ ကူးပြောင်း။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ "စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ"၊ Myanmar Now၊ 6 May 2021။
- ↑ "အစိုးရသစ်က ပြည်ထောင်စု ဝန်ကြီးတွေရဲ့ အမည်စာရင်း ထုတ်ပြန်"။ 2 February 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 1 February 2023။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း"။
- ↑ Myanmar military SAC members, their businesses and associates that require targeted sanctions။ 2021-02-11 တွင် ပြန်စစ်ပြီး။
- ↑ GLOBAL ICON GENERAL TRADING COMPANY LIMITED။ 2021-02-11 တွင် ပြန်စစ်ပြီး။
စစ်ဖက်ဆိုင်ရာ ရုံးများ | ||
---|---|---|
ယခင်က ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ |
ကာကွယ်ရေးဦးစီးချုပ်(ရေ) ၂၀၁၅ – ၂၀၂၁ |
ဆက်ခံသူ ဗိုလ်ချုပ်ကြီး မိုးအောင် |