တင်အောင်စန်း
တင်အောင်စန်း | |
|---|---|
| နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | မင်းအောင်လှိုင်အစိုးရ |
| သမ္မတ | မင်းအောင်လှိုင် |
| လက်ထောက် | ထင်ကျော်သူ |
| ယခင်လူ | ကိုယ်တိုင် |
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၁၆ မတ် ၂၀၂၆ – ၁၀ ဧပြီ ၂၀၂၆ | |
| ယခင်လူ | ကျော်မင်းလှိုင် (NLD) (၂၀၁၅ ရွေးကောက်ပွဲ) |
| ဆက်ခံသူ | လစ်လပ် |
| မဲဆန္ဒနယ် | ဥတ္တရသီရိမြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ခိုင်လုံမဲ ၂၄၇၇၀ (၆၁.၀၉ရာခိုင်နှုန်း) |
| အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၂ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | မင်းအောင်လှိုင် |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၅ ဩဂုတ် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ |
| ယခင်လူ | ဗိုလ်ချုပ်ကြီး မိုးအောင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| ဝန်ကြီးချုပ် | ညိုစော |
| ယခင်လူ | အောင်ဆန်းစုကြည် (ယခင်သမ္မတရုံးဝန်ကြီးအဖြစ်) |
| နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၁၈ ဒီဇင်ဘာ ၂၀၂၄ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ညိုစော (ဝန်ကြီးချုပ်တာဝန်နှင့်အတူ) |
| ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃ ဩဂုတ် ၂၀၂၃ – ၁၈ ဒီဇင်ဘာ ၂၀၂၄ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| ယခင်လူ | မြထွန်းဦး |
| ဆက်ခံသူ | မောင်မောင်အေး |
| ဒုတိယဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၂၁ – ၃ ဩဂုတ် ၂၀၂၃ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| ယခင်လူ | သန့်စင်မောင် |
| ဆက်ခံသူ | မြထွန်းဦး |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁[၁] – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁ |
| ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ကောင်စီစတင် |
| ဆက်ခံသူ | ကောင်စီဖျက်သိမ်း |
| ကာကွယ်ရေးဦးစီးချုပ်(ရေ) | |
| တာဝန်သက်တမ်း ၁၁ ဩဂုတ် ၂၀၁၅ – ၃ ဖေဖော်ဝါရီ ၂၀၂၁ | |
| ယခင်လူ | ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ |
| ဆက်ခံသူ | ဗိုလ်ချုပ်ကြီး မိုးအောင် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | အောက်တိုဘာ ၁၆၊ ၁၉၆၀ |
| နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
| ကြင်ဖော် | ဒေါ်သန်းသန်းအေး |
| သားသမီး | မယဉ်မင်းသူ |
| ဆုတံဆိပ်များ | ဇေယျကျော်ထင်ဘွဲ့ စည်သူဘွဲ့ (၂၀၂၁) သရေစည်သူ (၂၀၂၆) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | |
| တပ် | ကက(ရေ) |
| ကိုယ်ပိုင်အမှတ် | ရေ/ ၁၂၈၂ |
ဦးတင်အောင်စန်း (၁၆ အောက်တိုဘာ ၁၉၆၀ ဖွား)[၂] သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင်အစိုးရအဖွဲ့၌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။
သူသည် ဥတ္တရသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းမှ ဦးမင်းအောင်လှိုင်အစိုးရအဖွဲ့ဝင်ဝန်ကြီး ဖြစ်လာသူဖြစ်သည်။[၃][၄]ယင်းမတိုင်ခင် ဦးညိုစောအစိုးရ၏ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၁) ၏ ပြည်ထောင်စုဝန်ကြီးအပြင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
မြန်မာ့တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် တာဝန်ယူခဲ့သူ ဦးတင်အောင်စန်းသည် ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး[၅]၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံးဝန်ကြီး စသည့် အရေးပါသော ရာထူးများကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် စတင်ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်သို့ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမဲဆန္ဒနယ်မှ ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ဖြစ်သည်။[၆]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]အဖ ဦးလှအောင်၊အမိ ဒေါ်သီသီ တို့မှ ၁၉၆၀ ပြည့်နှစ်၊အောက်တိုဘာ ၁၆ ရက် တွင် ရန်ကုန်မြို့ ၌ မွေးဖွားခဲ့သည်။
ဖခင်ဖြစ်သူ တပ်မတော်သား တာဝန်ကျရာနေရာများသို့ ပြောင်းရွှေ့ လိုက်ပါရင်း၊ အမက(၁) ပဲနွယ်ကုန်း၊အမက (၄)အင်းစိန်၊အထက(၁)မေမြို့၊အထက(၉)မန္တလေး နှင့် အထက(၁)ရန်ကင်း တို့တွင် ပညာသင်ကြားခဲ့သည်။
၁၉၇၆ ခုနှစ် တွင် အထက(၁) ရန်ကင်း မှ ဆယ်တန်း အောင်မြင်ခဲ့သည်။၁၉၇၈ ခုနှစ် တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၃)သို့ တက်ရောက်ခဲ့သည်။၎င်းသည် ဗိုလ်ချုပ်ကြီး(ငြိမ်း) ညိုစော နှင့် တစ်ပတ်စဉ်ထဲ ဖြစ်သည်။
၁၉၈၂ ခုနှစ် တွင် စစ်တက္ကသိုလ် မှ အောင်စစ်သည်ဆု၊ လေ့ကျင့်ရေးထူးချွန်ဆု တို့ဖြင့် သင်တန်းဆင်းခဲ့သည်။ယင်းနောက် တပ်မတော်(ရေ) စီမံခန့်ခွဲရေးအရာရှိငဘ်သင်တန်း(၁/၈၂)ကို တက်ရောက်ခဲ့ပြီး အကောင်းဆုံးကျောင်းသားဆုကို ရရှိခဲ့သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ်၊ အပတ်စဉ် (၂၃) ကျောင်းဆင်းဖြစ်ပြီး၊ ကိုယ်ပိုင်အမှတ်မှာ ရေ/၁၂၈၇ ဖြစ်သည်။အမေရိကန်နိုင်ငံ တွင် ဖွင့်လှစ်သည့် အမေရိကန်နေဗီဆီးလ်သင်တန်းဆင်း တစ်ဦးလည်းဖြစ်ပြီး၊ထိုသင်တန်းကို ၁၉၈၅ ခုနှစ်၊မေလ ၂၀ ရက် မှ ၁၉၈၆ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက် အထိ တက်ရောက်ခဲ့သူဖြစ်သည်။
၎င်းသည် အမေရိကန်ပြည်ထောင်စုတွင် စစ်သင်တန်း တက်ရောက်အောင်မြင်ခဲ့သူ ရှားရှားပါးပါး ဗိုလ်ချုပ်တစ်ဦးအဖြစ် မှတ်တမ်းတင်ခံရသည် ။[၇]အဆိုပါသင်တန်း၌ နိုင်ငံပေါင်းစုံမှ အရာရှိသင်တန်းသား (၁၂၇)ဦး တက်ရောက်ခဲ့ပြီး၊ခက်ခဲပင်ပန်းကြမ်းတမ်းသည့် သင်ခန်းစာနှင့်လေ့ကျင့်ခန်းများကြောင့် မြန်မာ ၂ ဦးအပါအဝင် ၂၉ ဦးသာ သင်တန်းဆင်းနိုင်ခဲ့သည်။ထိုထဲ ၎င်းပါဝင်ခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ အငြိမ်းစားယူပြီးနောက် စစ်ဦးစီးအရာရှိချုပ်(ရေ)အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းအား ၂၀၁၅ခုနှစ်၊ ဩဂုတ်လ ၁၀ရက် တွင် ရာထူးတိုးမြှင့်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် ခန့်အပ်ခဲ့သည်။[၈][၉]
၂၀၂၁ နောက်ပိုင်း တာဝန်များ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် တပ်ရာထူးမှ လျှော့ကျကာ အသစ်ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နစက အမိန့်အမှတ် ၁၅/၂၀၂၁ အားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[၁၀]
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။[၁၁] ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ ရက်တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး အဖြစ်မှ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် တွင် နစက အမိန့်အမှတ် ၅၂/၂၀၂၄ အားဖြင့် ကာကွယ်ရေးဝန်ကြီးအဖြစ်မှ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁)၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲတာဝန် ပေးအပ်ခံရသည်။ ထိုသို့ တာဝန်ပေးအပ်ခံရသည့်နေ့မှာပင် ဗိုလ်ချုပ်ကြီး ရာထူးမှတစ်ပါးတည်း အနားပေးခံရသည်။[၁၂]
အရပ်သားဘဝ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက် တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမိန့်အမှတ် ၆ /၂၀၂၅ ဖြင့် ၎င်းအား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၁၃]
အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။အဆိုပါမဲဆန္ဒနယ်တွင် ပြည်သူ့ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့်ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့လည်း ဝင်ပြိုင်ခဲ့ကြသည်။ဦးတင်အောင်စန်းသည် ဥတ္တရသီရိမြို့နယ်အတွင်း မဲပေးကြသူများ၏ ခိုင်လုံမဲ စုစုပေါင်း ၄၀၅၄၅ မဲ ရှိရာတွင် ၂၄၇၇၀မဲ ဖြင့် (မဲပေးကြသူများ၏ ရာခိုင်နှုန်း ၆၁.၀၉ ရာခိုင်နှုန်းဖြင့်)အနိုင်ရရှိခဲ့သည်။
ဤသို့ဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။[၁၄]
ထို့နောက် ဦးမင်းအောင်လှိုင်အစိုးရအဖွဲ့ဝင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ပေးအပ်ခံရသည်။[၁၅]၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်သမ္မတရုံးတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းအား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပူးတွဲခန့်အပ် တာဝန်ပေးခဲ့သည်။[၁၆]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးနှင့် အိမ်ထောင်ကျကာ ယဉ်မင်းသူ ခေါ် သမီးတစ်ဦးရှိသည်။[၁၇] ယဉ်မင်းသူသည် Global Icon General Trading Company Limited ဒါရိုက်တာတစ်ဦးဖြစ်သည်။[၁၈]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်မြင့်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၉]
၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၂၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း"။ 2 February 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 1 February 2023။
- ↑ Issuance of Executive Order "Blocking Property With Respect To The Situation In Burma;" Burma-related Designations and Designations Updates | U.S. Department of the Treasury။ ၁၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံ၏ အစိုးရသစ်၌ ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခု ဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု (in en-US)။ 17 April 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-04-08 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
- ↑ "စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ"၊ Myanmar Now၊ 6 May 2021။
- ↑ တပ်မတော်ထိပ်တန်းရာထူးများအပြောင်းအလဲပြုလုပ် (in en)။ 7 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယ ဗိုလ်ချုပ်ကြီးများ အပါအဝင် အရာရှိကြီး ၄၅ ဦး ကြံ့ခိုင်ရေးပါတီသို့ ကူးပြောင်း။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ "အစိုးရသစ်က ပြည်ထောင်စု ဝန်ကြီးတွေရဲ့ အမည်စာရင်း ထုတ်ပြန်"။ 2 February 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 1 February 2023။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း"။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ Ministry of Information။ 31 July 2025 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်း။ MOI Myanmar (၅ ဩဂုတ် ၂၀၂၅)။ ၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်။ ၂၁ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူ အဆိုပြုတင်ပြသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား လွှတ်တော်သို့တင်သွင်း (in my)။ 2026-04-08 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ခန့်အပ်ခြင်း | Ministry Of Information (in en)။ 2026-04-22 တွင် ပြန်စစ်ပြီး။
- ↑ Myanmar military SAC members, their businesses and associates that require targeted sanctions။ 2021-02-11 တွင် ပြန်စစ်ပြီး။
- ↑ GLOBAL ICON GENERAL TRADING COMPANY LIMITED။ 2021-02-11 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်သမ္မတရုံး (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်). "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် အတွဲ(၇၄) (အမှတ်(၅၁)): ၂၅၉. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်. Retrieved on ၂၀၂၁-၀၉-၂၉.
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။
| စစ်ဖက်ဆိုင်ရာ ရုံးများ | ||
|---|---|---|
| ယခင်က ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ |
ကာကွယ်ရေးဦးစီးချုပ်(ရေ) ၂၀၁၅ – ၂၀၂၁ |
ဆက်ခံသူ ဗိုလ်ချုပ်ကြီး မိုးအောင် |