ဖားကန့် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု

ဝီကီပီးဒီးယား မှ
ဖားကန့် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
၂၀၂၁-၂၀၂၂ မြန်မာနိုင်ငံ ခုခံတော်လှန်စစ်၏ တစိတ်တပိုင်း
တည်နေရာ
25°49′50″N 96°21′36″E / 25.830581°N 96.36007°E / 25.830581; 96.36007
ပစ်မှတ် ကချင်လွတ်လပ်ရေးအဖွဲ့
ကချင်လွတ်မြောက်ရေးတပ်မတော်
ရက်စွဲ၂၃ အောက်တိုဘာ ၂၀၂၂
ည ၈:၄၀ အချိန်ခန့် (UTC + 06:30 (MMT))
ကျူးလွန်သူမြန်မာနိုင်ငံ တပ်မတော် (လေ)
ထိခိုက်သေဆုံးမှုအရပ်သား ၈၀ ခန့် သေဆုံး၊ ကေအိုင်အို အရာရှိများနှင့် တပ်သားများ သေဆုံး[၁] [၂] [၃][၄]
အနန့်ပါ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အနန့်ပါ
အနန့်ပါ
အနန့်ပါ၊ ကချင်ပြည်နယ်

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက် ညတွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ဖားကန့်မြို့နယ်တွင် မြန်မာ တပ်မတော် (လေ)မှလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ပစ်မှတ်သည် ကချင်လွတ်လပ်ရေးအဖွဲ့ တပ်မဟာ ၉ နယ်မြေ အနန့်ပါ ဒေသအတွင်း၌ ပစ်မှတ်ထားခြင်း ဖြစ်သည်။ လေဟာပြင်ဖျော်ဖြေပွဲတစ်ခုကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် KIO မှ အရာရှိများနှင့် ဂီတဖျော်ဖြေသူများ အပါအဝင် အရပ်သား ၈၀ ထက်မနည်း သေဆုံးခဲ့သည်။

ဖြစ်ပွားမှု[ပြင်ဆင်ရန်]

ဖားကန့်မြို့နယ် အနန့်ပါ၌ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီအချိန်ခန့်တွင် တိုက်လေယာဉ် ၂ စင်းမှ ၃ စင်း ပျံသန်းခဲ့ပြီး ဗုံး ၄ လုံး ကျဲချထိမှန်ခဲ့ကြောင်း မျက်မြင်သက်သေများ၏ အဆိုအရ သိရသည်။ အဆိုပါ ဂျက်လေယာဉ်များသည် Yak 130 တိုက်လေယာဉ်/လေ့ကျင့်ရေး လေယာဉ်အများစုဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အမှတ် ၆၂ တိုက်ခိုက်ရေးတပ်စုနှင့်အတူ တပ်ဖြန့်ချထားသော မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် မှ ပျံသန်းလာခြင်းဖြစ်ကြောင်း ဆိုသည်။ [၅] တိုက်ခိုက်ခံရချိန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲ၏ တောက်ပသော မီးရောင်များက နေရာပြသနေသကဲ့သို့ ဖြစ်ခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲသည် KIO တည်ထောင်ခြင်း (၆၂) နှစ်မြောက် အခမ်းအနားအတွက် ပြုလုပ်ခြင်း ဖြစ်သည်။ အစောပိုင်း စာရင်းများအရ သေဆုံးသူဦးရေမှာ ၈၀ ကျော်ရှိပြီး အများစုမှာ အခမ်းအနားသို့ လာရောက်ကြသည့် အရပ်သားများဖြစ်ပြီး နာမည်ကြီး ကချင် ထင်ရှားသူများနှင့် အဆိုတော်များ ပါဝင်သည်။ ထို့အပြင် ကေအိုင်အို အဆင့်မြင့် အရာရှိများနှင့် တပ်သားများလည်း ကျဆုံးခဲ့သည်။ ဒဏ်ရာရသူမှာ ၁၀၀ ကျော်ရှိခဲ့သည်။ [၆] ဂျီနီဗာကွန်ဗင်းရှင်း လေးခုမှ ချမှတ်ထားသော ညှိနှိုင်းဆောင်ရွက်မှု စည်းမျဉ်းများဖြင့် ကချင်စစ်တပ်အခြေစိုက်စခန်းကိုသာ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း စစ်အစိုးရက ငြင်းဆိုခဲ့သည်။ အရပ်သားသေဆုံးမှုနှင့် ဖျော်ဖြေတင်ဆက်မှုများသည် သတင်းမှားများနှင့် မဟုတ်မမှန် သတင်းများအပေါ် အခြေခံသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ဒါဇင်များစွာအနက် သရုပ်ဆောင် လထော်ဇောင်ဒင်၊ အဆိုတော် အော်ရာလီ၊ အဆိုတော် ဂလောင်ယော်လွင်၊ စန္ဒယားဆရာ ကိုကင်းတို့ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ KIO နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပရိသတ်များအား ဖျော်ဖြေရန် အဆိုတော် ၉ ဦးအား ဖိတ်ကြားထားခဲ့ကြောင်း ကချင်သတင်းအဖွဲ့ (KNG) က ပြောသည်။ လေကြောင်းတိုက်ခိုက်ချိန်တွင် ဂီတဖျော်ဖြေပွဲသို့ တက်ရောက်လာကြသည့် အရပ်သား ၈၀ ကျော် သေဆုံးခဲ့ပြီး ယင်းသည် ပြည်တွင်းစစ် စတင်ချိန်မှစ၍ အရပ်သားများ အသေအပျောက် အများဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။ စင်မြင့်အနီးတွင် ဗုံးတစ်လုံး ကျရောက်ခဲ့ပြီး ဖျော်ဖြေတင်ဆက်သူ သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ [၇] [၈] [၉]

တိုက်ခိုက်မှုအပြီးတွင် ဖားကန့် နှင့် မြစ်ကြီးနားမြို့ များသို့ ဒဏ်ရာရသူများကို ခေါ်ဆောင်လာသည့် ကားများကို ကန်ဆီးရွာ လုံခြုံရေးဂိတ်တွင် တားဆီးခဲ့သည်။ [၁၀]

တုံ့ပြန်မှုများ[ပြင်ဆင်ရန်]

နိုင်ငံတကာ တုံ့ပြန်မှု

လက်နက်မဲ့ အရပ်သားများအပေါ် အင်အား အလွန်အကျွံ အချိုးအစား မညီမျှစွာ အသုံးပြုမှုအတွက် အလွန်စိုးရိမ်ပူပန်မှုနှင့် ဝမ်းနည်းကြေကွဲကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ [၁၁]

အာဆီယံ ဥက္ကဋ္ဌ ပရက်ဆိုခွန် က လေကြောင်း တိုက်ခိုက်မှု နှင့် မကြာသေးခင်က ဖြစ်ပွားခဲ့သော အင်းစိန် အကျဉ်းထောင် ဗုံးခွဲမှု အပြီး ပြင်းထန်စွာ စိုးရိမ်ကြောင်း ဖော်ပြသော ကြေညာချက်တစောင်ကို အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ သူသည် နှိုးဆော်သံဖြင့် စောင့်ကြည့်နေပြီး အကြမ်းဖက်မှုကို ချုပ်ထိန်းရန် တိုက်တွန်းထားသည်။ [၁၂]

ဂျပန်နိုင်ငံ၏ အစိုးရအဖွဲ့ အတွင်းဝန် Matsuno Hirokazu က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းသားများ လွှတ်ပေးရေးနှင့် ဒီမိုကရေစီ အစိုးရ ပြန်လည်ထူထောင်ရေးတို့ကို တောင်းဆိုသည့် ကြေညာချက်တွင် အဆိုပါ တိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ [၁၃]

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီးနောက် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများ ချက်ချင်းပြုလုပ်ရန် ဩစတြေးလျလွှတ်တော်အမတ် Zoe Daniel က တောင်းဆိုလိုက်သည်။ [၁၄]

ပြည်တွင်းတုံ့ပြန်မှု

KIA လက်နက်ကိုင်အဖွဲ့သည် တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသူများကို သတိရစေရန် အလံတိုင်တစ်ဝက်တွင် လွှင့်တင်ခဲ့သည်။ [၁၅] KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော် က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရည်ရွယ်ထားသည့် တရားဝင်စာတစ်စောင်တွင် “အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာပါ” ဟု ဆိုထားသည်။ [၁၆]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Ethnic group says Myanmar air attack kills 60 at celebration
  2. Air strike during Myanmar concert kills at least 30 - media, opposition
  3. Mike (2022-10-24)။ Myanmar Junta’s Deadly Airstrike on Kachin Concert a War Crime: KIA (in en-US)။ 2022-10-24 တွင် ပြန်စစ်ပြီး။
  4. Paddock၊ Richard။ "Airstrike Kills at Least 80 During Outdoor Concert in Myanmar"၊ New York Times၊ 2022-10-25။ 
  5. KIA တေးဂီတပွဲကို ဗုံးကြဲခဲ့သူများမှာ ယက္ခနာမည်ဝှက်ရှိသည့် တိုက်လေယာဉ်မှူးများဖြစ် (in my)။ 2022-10-25 တွင် ပြန်စစ်ပြီး။
  6. Singers and soldiers among over 60 killed at celebration in Myanmar military air attack, ethnic group says (in en-US)။ 2022-10-24 တွင် ပြန်စစ်ပြီး။
  7. Myanmar airstrike kills dozens at concert, says Kachin separatist group (in en) (2022-10-24)။
  8. "Ethnic group says Myanmar air attack kills 60 at celebration" (in en-US)။ 
  9. Ethnic group says Myanmar air attack kills 60 at celebration (in en) (2022-10-24)။
  10. ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရပြည်သူ ၁၀၀ ကျော်ကို ဆေးကုခွင့်မရအောင် စစ်တပ်က တားမြစ်ထား (in en-GB) (2022-10-24)။ 2022-10-24 တွင် ပြန်စစ်ပြီး။
  11. Lotha၊ Lesly (2022-10-24)။ Statement by the United Nations in Myanmar on reported airstrikes in Hpakant, Kachin State
  12. ASEAN Chairman’s Statement on the Recent Escalation of Violence in Myanmar. (2022-10-25)။
  13. "Japan's govt. spokesperson condemns Myanmar military's attack in Kachin"၊ 2022-10-25။ 
  14. Australian MP calls for ‘immediate’ sanctions against Myanmar following junta massacre of Kachin State civilians (in en) (2022-10-25)။
  15. "KIO အုပ်ချုပ်နယ်မြေများ၊ ဗဟိုဌာနချုပ် အစိုးရရုံးများနှင့် ပညာရေးကျောင်းတိုင်းတွင် အလံကို တိုင်တစ်ဝက်ချကာလွင့်ထူရန် KIO ညွန်ကြား"၊ 25 October 2022။ 
  16. KIA တေးဂီတပွဲကို ဗုံးကြဲခဲ့သူများမှာ ယက္ခနာမည်ဝှက်ရှိသည့် တိုက်လေယာဉ်မှူးများဖြစ် (in my)။ 2022-10-25 တွင် ပြန်စစ်ပြီး။