မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

Fighting Peacock Flag.png

ABSDF insignia.png
အပေါ်: Variant of the Fighting Peacock flag used by the ABSDF
အောက်: Insignia of the ABSDF
လှုပ်ရှား ၁ နိုဝင်ဘာ ၁၉၈၈ (၁၉၈၈-၁၁-၀၁)–လက်ရှိ
ခံယူချက် Liberal democracy[၁]
Political freedom
Antimilitarism
ဦးဆောင်သူများ ဦးသံခဲ
ဦးမျိုးဝင်း
Sonny Mahinder
ဌာနချုပ် Mobile headquarters
လှုပ်ရှားသည့် ဧရိယာ မြန်မာ-ထိုင်း နယ်စပ်;
မြန်မာ-တရုတ် နယ်စပ်
အင်အား ၆၀၀[၁]–၁,၀၀၀[၂]
မဟာမိတ်

ကချင်လွတ်မြောက်ရေးတပ်မတော်
ကရင် အမျိုးသား အစည်းအရုံး

ပြိုင်ဘက်

မြန်မာနိုင်ငံ မြန်မာနိုင်ငံအစိုးရ

ပြည်ထောင်စုမြန်မာနိုင်ငံ (၂၀၁၁ အထိ)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အင်္ဂလိပ်: All Burma Students' Democratic Front; အတိုကောက် ABSDF; မ၊ က၊ ဒ၊ တ) သည် မြန်မာနိုင်ငံ နယ်စပ်တလျောက် အခြေစိုက်ထားသည့် အင်အားအကြီးမားဆုံး လူငယ်၊ ကျောင်းသား အဖွဲ့အစည်း ဖြစ်သည်။ ၁၉၈၈ နိုဝင်ဘာလ ၁ ရက်နေ့တွင် တည်ထောင်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အတွက် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ နှင့်အတူ တိုက်ပွဲဝင်နေသော အတိုက်အခံ အဖွဲ့အစည်း ဖြစ်သည်။ မြန်မာ စစ်အစိုးရအား လက်နက်ကိုင် တိုက်ခိုက်နေသော အဖွဲ့အစည်းတရပ်ဖြစ်ပြီး လက်နက်ကိုင် တိုက်ပွဲ အတွက် ၁၉၈၈ ကတည်းက ကျောင်းသားတပ်မတော် ကို ဖွဲ့စည်းခဲ့သည်။

၁၉⁠၉၁ တတိယအကြိမ် ညီလာခံတွင် မိုးသီးဇွန် ဦးဆောင်သော အဖွဲ့ နှင့် Dr. နိုင်အောင် ဦးဆောင်သောအဖွဲ့ နှစ်ဖွဲ့ ကွဲသွားခဲ့သည်။ ၁၉⁠၉၆ စက်တင်ဘာ လ ၅ ရက်တွင် ပြန်လည်ပေါင်းစည်းခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးအား မတရားအသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ကြေငြာခဲ့သည်။[၃]

ဦးတည်ချက်များ[ပြင်ဆင်ရန်]

  1. မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊
  2. ဒီမိုကရေစီ နှင့် လူအခွင့်အရေး ထွန်းကားရေး၊
  3. ပြည်တွင်းငြိမ်းချမ်းရေး၊
  4. စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၊

ဦးဆောင်မှု[ပြင်ဆင်ရန်]

ကော်မတီစနစ် ဦးဆောင်မှု အဆင့်ဆင့်ကို ညီလာခံများမှ ရွေးချယ်သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၄ အထိ ညီလာခံ ၁၀ ကြိမ် ခေါ်ယူကျင်းပခဲ့သည်။

ဥက္ကဋ္ဌများ[ပြင်ဆင်ရန်]

  1. ရဲဘော် ထွန်းအောင်ကျော် (ပထမအကြိမ်ညီလာခံ သက်တမ်း၊ ၁၉၈၈-၁၉၈၉)
  2. ရဲဘော် မိုးသီးဇွန် (ဒုတိယအကြိမ် ညီလာခံသက်တမ်း၊ ၁၉၈၉-၁၉⁠၉၁၊ တတိယအကြိမ်ညီလာခံသက်တမ်း၊ ၁၉⁠၉၁-၁၉⁠၉၆၊ ပေါင်းစည်းရေးညီလာခံ သက်တမ်း ၁၉⁠၉၉ )
  3. ရဲဘော် Dr. နိုင်အောင် (တတိယအကြိမ် ညီလာခံ သက်တမ်း၊ ၁၉⁠၉၁-၁၉⁠၉၆၊ ပေါင်းစည်းရေးညီလာခံ သက်တမ်း ၁၉⁠၉၆-၁၉⁠၉၉၊ ပဉ္စမအကြိမ် ညီလာခံသက်တမ်း၊ ၁၉⁠၉၉-၂၀⁠၀၁)
  4. ရဲဘော် စိုင်းမြင့်သူ (ပဉ္စမအကြိမ် ညီလာခံသက်တမ်း၊ ၂၀၀၁)
  5. ရဲဘော် သံခဲ (ဆဋ္ဌမအကြိမ် ညီလာခံသက်တမ်း (၂၀၀၁-၂၀၀၃) မှ ဒသမအကြိမ် ညီလာခံသက်တမ်း (၂၀၁၄- )- အထိ)

[၄]

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး[ပြင်ဆင်ရန်]

  • ၂၀၁၂ ခုနှစ်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ စတင်ဆောင်ရွက်သည်။
  • ၂၀၁၃ ခုနှစ် ဩဂုတ်လ တွင် ရန်ကုန်မြို့၌ ပြည်နယ်အဆင့် ပြည်တွင်းငြိမ်းချမ်းရေး သဘောတူညီချက်များ ကို ကရင်ပြည်နယ်အစိုးရ နှင့် လက်မှတ်ရေးထိုးသည်။
  • ၂၀၁၃ ခုနှစ် ဩဂုတ်လ တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုအဆင့် ပြည်တွင်းငြိမ်းချမ်းရေးသဘောတူညီချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် လက်မှတ်ရေးထိုးသည်။
  • ၂၀၁၅ ခုနှစ် ေအာက်တိုဘာလ ၁၅ ရက်နေ့၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုစာချုပ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုစာချုပ်ပါ သဘောတူညီချက်များအရ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ကျင်းပခဲ့ပြီး ထိုအစည်းအဝေးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) တို့ကို ဖွဲ့စည်းရာတွင် အဆင့်မြင့်တာဝန်ရှိသူများ ပါဝင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ[ပြင်ဆင်ရန်]

  • ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်ကျင်းပသည့် (ပထမအကြိမ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ ၁၉ ဦးပါ ကိုယ်စားလှယ်အဖွဲ့လွှတ်ခဲ့သည်။
  • ၂၀၁၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ လ ၃ ရက် အထိ ကျင်းပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ သို့ ၂၃ ဦးပါ ကိုယ်စားအဖွဲ့ တက်ရောက်ခဲ့သည်။
  • ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ (ဒုတိယအစည်းအဝေး) သို့တက်ရောက်ခဲ့သည်။
  • ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ (တတိယအစည်းအဝေး) သို့ တက်ရောက်ခဲ့သည်။

ဖြန့်ကျက်မှု[ပြင်ဆင်ရန်]

မြန်မာနိုင်ငံနယ်စပ်အသီးသီးတွင် ဖြန့်ကျက်တည်ရှိသည်။ ထိုင်း-မြန်မာ နယ်စပ်ဒေသအခြေပြုအဖွဲ့များအပြင် အိန္ဒိယ နယ်စပ် အခြေစိုက် အဖွဲ့များအား မကဒတ(အနောက်ပိုင်း)၊ တရုတ်နယ်စပ် အခြေစိုက် အဖွဲ့များအား မကဒတ(မြောက်ပိုင်း) နယ်မြေများဖြင့် ဖွဲ့စည်းထားသည်။

ထူးခြားချက်များ[ပြင်ဆင်ရန်]

  • မကဒတ သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွင်း လူမျိုးကို အခြေမခံသည့် တခုတည်းသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ သို့သော် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သည့်အတွက် တိုင်းရင်းသားအဖွဲ့အစည်း တစ်ခု အဖြစ် လက်ခံ သတ်မှတ်ထားကြသည်။
  • မကဒတ သည် ကိုယ်ပိုင်သိမ်းပိုက်စိုးမိုးထားသော နယ်မြေမရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
  • မကဒတ ကို စတင်ဖွဲ့စည်းစဉ်ကတည်းက ကျောင်းသား၊ အလုပ်သမား၊ လယ်သမား အစရှိသည့် လူတန်းစားအရပ်ရပ် ပါဝင်ခဲ့သော်လည်း ၈၈၈၈ အရေးတော်ပုံကြီး ကို ဦးဆောင်စတင်ခဲ့သည့် ကျောင်းသားများကို ရည်ညွှန်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး နှင့် ကျောင်းသားတပ်မတော် ဟူသော အမည်ကို ရွေးချယ်သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

အခြားအချက်အလက်များ[ပြင်ဆင်ရန်]

၂၀၀၁ ခုနှစ် နိုဝင်ဘာ ၁၁ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦး တိုက်ခိုက်ခံရမှုနောက်ပိုင်း မှ ၂၀၁၀ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အမေရိကန်အစိုးရ၏ အကြမ်းဖက်အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ MMPM: Stakeholders - ABDSF
  2. Burma: Prospects for a Democratic Future, by Robert I. Rotberg
  3. အောင်ဇော်ထွန်း (၁၂ အောက်တိုဘာ ၂၀၁၅)။ NCA လက်မှတ်ထိုးမည့် တိုင်းရင်းသားအဖွဲ့ ရှစ်ဖွဲ့အနက် မတရားအသင်းအဖြစ် သတ်မှတ်ထားသည့် အဖွဲ့သုံးဖွဲ့အား မတရားအသင်းအဖြစ်မှ ပြည်ထဲရေးဝန်ကြီးဌာန ပယ်ဖျက်။ Eleven Media Group။ ၁၃ အောက်တိုဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  4. Account Suspended
  5. Student army taken off US terror list