အာရက္ခတပ်တော်
အာရက္ခတပ်တော် | |
---|---|
![]() အာရက္ခတပ်တော်၏အလံ | |
ခေါင်းဆောင်များ | ထွန်းမြတ်နိုင်[၁] ညိုထွန်းအောင်[၂] ကျော်ဟန် ခိုင်သုခ |
စတင်လှုပ်ရှားခြင်း | ၁၀ ဧပြီ ၂၀၀၉ | –လက်ရှိ
ဌာနချုပ် |
|
လှုပ်ရှားနယ်မြေ | |
နိုင်ငံရေးအယူဝါဒ |
|
Part of | ![]() |
မဟာမိတ် | ![]()
အခြား: ![]() |
ပြိုင်ဘက်များ | ![]() နိုင်ငံမဟုတ်ပြိုင်ဘက်များ ![]() |
စစ်ပွဲနှင့် တိုက်ပွဲများ | ပြည်တွင်းပဋိပက္ခများ
|
ဝဘ်ဆိုဒ် | arakanarmy.net |
အာရက္ခတပ်တော် (အင်္ဂလိပ်: Arakha Army; အတိုကောက် AA) သည်[၅] ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။[၁] ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ ဦးစီးသည်။ အာရက္ခတပ်တော် ၏ အဓိက ခေါင်းဆောင်လေးဦးမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၊ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် ၊ ဗိုလ်မှူးကြီး ကျော်ဟန် နှင့် အာရက္ခတပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ တို့ ဖြစ်သည်။
၂၀၁၉ ဇန်နဝါရီ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းလေးခုကို အာရက္ခတပ်တော် AA က တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံတော်အစိုးရက အာရက္ခတပ်တော် ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ မတ်လ ၁၁ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ မှ အာရက္ခတပ်တော် AA အား အကြမ်းဖက်အုပ်စုမှ ကြေညာထားခြင်းမှ ပြန်လည် ရုပ်သိမ်းလိုက်သည်။[၆]
၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ ဖြင့် United League of Arakan (ULA)/ Arakan Army (AA) အား မူလက အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ပေးထားခဲ့သော်လည်း အကြမ်းဖက်အုပ်စုအဖြစ် ပြန်လည်ကြေညာလိုက်သည်။[၇]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၉၇ ခုနှစ်က ရခိုင်တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် လူလတ်ပိုင်းများ၏ စုစည်းလှုပ်ရှားမှုမှ ရက္ခိုင့် တပ်တော် ပေါ်ပေါက်လာရန် အစပြုခဲ့သည်။[၈]၂၀၀၆ ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် KIA ဗိုလ်ချုပ်ဂွမ်မော်တို့ လိုင်ဇာတွင် တွေ့ဆုံခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ရခိုင်လူငယ်များကို KIA မှ စစ်သင်တန်းများ ပေးခဲ့သည်။
၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်တွင် ကချင်ပြည်နယ် KIO/ KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့တွင် ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။[၉] စတင်ဖွဲ့စည်းစဉ် အခါက တပ်တော်အမည်အား ရက္ခိုင့်တပ်မတော်ဟု အမည်ပေးခဲ့သည်။ ဖွဲ့စည်းပြီး ၁၀ နှစ် ပြည့်မြောက်သည့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ရက္ခိုင့်တပ်တော်ဟူ၍လည်းကောင်း၊ တပ်တော် ၁၅နှစ်ပြည့်မြောက်နေ့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ရက်တွင် အာရက္ခတပ်တော်ဟူ၍လည်းကောင်း အမည်များ အသီးသီးပြောင်းလဲခဲ့သည်။ [၁၀]
တိုက်ပွဲများ
[ပြင်ဆင်ရန်]အာရက္ခတပ်တော် သည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ပလက်ဝမြို့နယ်ဘက်မှ တဆင့် ရခိုင်ပြည်နယ်သို့ ထိုးဖောက် ဝင်ရောက်ရန် ကြိုးစားလာခဲ့ပြီးနောက် မြန်မာ့တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။[၉]
၂၀၁၈ ခုနှစ်တွင် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင် စသောမြို့နယ်များအထိ နယ်မြေချဲ့ထွင်လာခဲ့ပြီးနောက် တပ်မတော်နှင့် AA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပေါ်လာခဲ့ပြီး ၂၀၁၅ မှစတင်ကာ တပ်မတော်နှင့်အကြိမ် ၁၀၀ ကျော် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[၉]
၂၀၁၈ ဒီဇင်ဘာလအတွင်း တပ်မတော်မှ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့ကို ၄ လ စစ်ကြောင်း ရပ်နားလိုက်သော်လည်း ရခိုင်ပြည်နယ် မပါဝင်ခဲ့ပေ။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် AA တပ်ဖွဲ့ဝင်များက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နယ်ခြားစောင့်စခန်း (၄) ကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများလည်း ရှိခဲ့သည်။ ၂၀၁၉ ဇန်နဝါရီလကနေ မေလအထိ နှစ်ဘက် ထိတွေ့ တိုက်ပွဲဖြစ်ပွားသည့် အရေအတွက်မှာ တိုက်ပွဲပေါင်း ၁၀၀ ကျော်အထိ ရှိခဲ့သလို စစ်ဘေးရှောင် အရေအတွက်မှာလည်း လူပေါင်း ၄၀,၀၀၀ ကျော်အထိ ရှိခဲ့သည်။[၁၁]
၂၀၂၀ ခုနှစ်အတွင်းတွင် တပ်မတော်နှင့် AA တပ်ဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲများသည် ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းနှင့် ရမ်းဗြဲမြို့နယ်များထိ ကူးစပ် ကျယ်ပြန့်လာခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှုနှင့် လူဦးရေသိန်းနှင့်ချီကာ နေရပ်စွန့်ခွာ စစ်ဘေးသင့်ပြည်သူများ ဖြစ်လာခဲ့ရသည်။
မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီး ၂နှစ်ကျော်အကြာ ရှမ်းပြည်မြောက်ပိုင်းတွင် အာရက္ခတပ်တော် ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က မြန်မာ့တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့များအား တိုက်ခိုက်သည့် ၁၀၂၇ စစ်ဆင်ရေးအား စတင်သည်။[၁၂] အာရက္ခတပ်တော် သည် ယင်းစစ်ဆင်ရေးအပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရခိုင်ဒေသစစ်ဆင်ရေးအား ရခိုင်ပြည်နယ်တွင် စတင်ခဲ့သည်။ ရခိုင်ဒေသ စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ် များအပါအဝင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ်များအား ထိန်းချုပ်နိုင်ခဲ့သည်။
ရည်ရွယ်ချက်
[ပြင်ဆင်ရန်]အာရက္ခတပ်တော်သည် မျိုးနွယ်စု စုံလင်သည့် ရခိုင်လူထုအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ရခိုင်တိုင်းရင်းသားတို၏ အမျိုးသားတည်မြဲမှုနှင့် ယဉ်ကျေးမှုအမွေအနှစ်ကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် ရပ်တည်လျက်ရှိကြောင်း ဆိုသည်။ တပ်တော်သည် ရိုဟင်ဂျာတို့ကို အတင်းအကျပ် လူစုဆောင်းပြီး မြန်မာ့တပ်မတော်ကို ဆန့်ကျင်ရန် အားလုံးပါဝင်နိုင်သည့် ဖယ်ဒရယ် အစိုးရတစ်ရပ် တည်ဆောင်မည်ဟု ရည်ရွယ်ကြောင်း ဆိုသော်လည်း၊ ရက္ခိုင့်တပ်တော်က အကြမ်းဖက်မှုများနှင့် ရိုဟင်ဂျာတို့အား စစ်မှုမြေပုံပေါ်တွင် အသုံးချမှု (လူသားဒိုင်းအဖြစ် အသုံးပြုမှု) ရှိနေကြောင်း စွပ်စွဲမှုများ ရှိနေသည်။[၁၃] [၁၄] ရခိုင်နှင့် ရိုဟင်ဂျာများအကြား တင်းမာမှုများကို အလွဲသုံးစားပြုလျက် စစ်အစိုးရအနေဖြင့် ရိုဟင်ဂျာများအား အတင်းအကြပ်လူသူစုဆောင်းကာ လူသားဒိုင်းအဖြစ် အသုံးပြုလျက်ရှိသည်ဟူသော အစီရင်ခံစာများလည်း ရှိနေသည်။[၁၅] ၂၀၂၁ ခုနှစ်က Prothom Alo နှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် တပ်တော်၏ စစ်ဦးစီးဖြစ်သော ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့၏ အဖွဲ့အစည်းသည် ဘင်္ဂလားဒေ့ရှ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိရန် ရည်ရွယ်ထားပြီး ရိုဟင်ဂျာအရေးကိုလည်း အတူတကွ ကိုင်တွယ်သွားရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။[၁၆]
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်နှင့် အာရကန်ရိုဟင်ဂျာတပ်မတော် တို့အပါအဝင် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ လည်ပတ်လျက်ရှိသော လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူလူမျိုးများအား သတ်ဖြတ်ခြင်း၊ မုဒိန်းပြုကျင့်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် နှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်က ဆိုသည်။ Global Arakan Network ၏ အစီရင်ခံစာအရ RSO ကဲ့သို့သော အဖွဲ့အစည်းများသည် အလ်-ကိုင်ဒါနှင့် ဂျာမာတ်-အီ-အစ်လာမီ တို့နှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲထားသည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသအတွင်း အဆိုပါ အဖွဲ့များ အင်အားကြီးထွားလာနေသည်ကို ဘင်္ဂလားဒေ့ရှ်က မျက်ကွယ်ပြုထားသည်ဟု အာရက္ခတပ်တော်က ဆိုသည်။[၁၇]
၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာရက္ခမီဒီယာ နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် အာရက္ခတပ်တော်၏ စစ်ဦးစီးက လက်နက်ကိုင်ဆန္ဒပြမှု၏ နိုင်ငံရေး ရည်ရွယ်ချက်သည် အာရကန်၏ အချုပ်အခြာအာဏာကို ပြန်လည်ရယူရန်နှင့်၊ ဆုံးရှုံးသွားသည့် အချုပ်အခြာအာဏာကို ပြန်လည်ရယူရာတွင် မည်သည့်အရာကိုမျှ ညှိနှိုင်းခြင်း မပြုခဲ့ဘဲ၊ အနာဂတ်တွင်လည်း မည်သည့်အခါမျှ ညှိနှိုင်းမည် မဟုတ်ဟု ပြောကြားခဲ့သည်။[၁၈][၁၉]
ရက္ခိုင့် အိပ်မက် ၂၀၂၀
[ပြင်ဆင်ရန်]ရက္ခိုင့်အိပ်မက် ၂၀၂၀ သည် ရခိုင်လူထုတစ်ရပ်လုံး ချိတ်ဆက်ပြီး ရခိုင်လူထုလှုပ်ရှားမှုတစ်ရပ်ကို ၂၀၂၀ တွင် စတင်ရန် ရည်မှန်းချက်ဖြစ်သည်။[၉]
အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုများ
[ပြင်ဆင်ရန်]၂၀၂၀ နှစ် ဧပြီလ ၂၁ ရက်နေ့တွင် ပုဂ္ဂလိကကုမ္ပဏီပိုင် ပိုးသတ်ဆေးပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တစ်စီးကို မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီး၌ AA က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း တပ်မတော်အနေဖြင့် ထိုသတင်းမှန်ကန်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ထုတ်ပြနိုင်ခြင်းမရှိခဲ့ပေ။ [၂၀]
၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီးသို့ AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားစဉ် တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (R. E. C) က ထုတ်ပြန်ခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် ဘဏ်အနောက်ဘက်ရှိ သရက်ပင်တွင် သရက်သီးခူးစားနေသည့် ဘဏ်ဝန်ထမ်းတစ်ဦး၏ မိသားစုဝင် အမျိုးသမီးတစ်ဦး၊ လေးနှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ သေဆုံးခဲ့သည်။ [၂၀]
၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် နတ်မြစ်အနီး စက်လှေစောင့်ဆိုင်းနေသော မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးများနှင့် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်လှေတစ်စီးနစ်မြုပ်ကာ မြစ်ကမ်းဘေးရှိ လူအုပ်ထဲသို့ ဒုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် လူရာနှင့်ချီ သေဆုံးခဲ့ကြောင်း အသက်ရှင်ကျန်သူများက ပြောကြားခဲ့သည်။ AA ကမူ ၎င်းတို့၏ တိုက်ခိုက်မှုမဟုတ်ကြောင်း ဩဂုတ် ၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ [၂၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ About AA။ Arakan Army။ 3 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 January 2020 တွင် ပြန်စစ်ပြီး။
- ↑ About AA။ Arakan Army။ ၁၉ အောက်တိုဘာ ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ "Shadowy rebels extend Myanmar's wars"၊ Asia Times၊ 11 June 2017။
- ↑ India Accuses China of Helping Rebel Groups on Myanmar Border။ Bloomberg။ December 7, 2020 တွင် ပြန်စစ်ပြီး။
- ↑ အာရက္ခပြည်သူတွေရဲ့ ကံကြမ္မာကို တခြားလူမျိုးတမျိုးက ဆုံးဖြတ်တာ လုံးဝလက်မခံဘူး။ The Irrawaddy (၁၄ ဧပြီ ၂၀၂၄)။ ၁၈ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ Myanmar Junta removes rakhine rebels terrorist list/2021-03-11။ 6 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2021 တွင် ပြန်စစ်ပြီး။
- ↑ "အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းခြင်းကို ပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း"၊ Ministry of Information၊ 09/02/2024။ 30 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 30 May 2025။
- ↑ AA ရဲ့လာရာလမ်း
- ↑ ၉.၀ ၉.၁ ၉.၂ ၉.၃ ထွန်းထွန်းနိုင် (၇ ဖေဖော်ဝါရီ ၂၀၁၉)။ ရခိုင်တွေ AA ကို ဘာလို့ ထောက်ခံကြသလဲ။ ဧရာဝတီသတင်းဌာန။ ၂ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ “ရက္ခိုင့်တပ်တော်”ကို “အာရက္ခတပ်တော်” သို့ နာမည်ပြောင်းလဲခြင်းမှာ ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသူများအားလုံးကို ကိုယ်စားပြုလို၍ ဖြစ်ကြောင်း တပ်တော်တာဝန်ရှိသူပြောကြား။ Narinjara (၁၁ ဧပြီ ၂၀၂၄)။ ၁၈ ဧပြီ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ "တပ်မတော်မှ ၁၀၀၀ ကျော် ထိခိုက်ကျဆုံးဆိုသည့် AA ထုတ်ပြန်ချက် တပ် လက်မခံ"၊ The Irrawaddy။ 27 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 27 May 2025။
- ↑ ၁၀၂၇ စစ်ဆင်ရေးစတင်ကြေညာ။ VOA Burmese (၂၇ အောက်တိုဘာ၊ ၂၀၂၃)။ ၁၈ ဧပြီ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ You must specify archiveurl = and archivedate = when using {{cite web}}.MD Mufassir Rashid (15 February 2022)။ A precarious ceasefire in Myanmar needs international support to continue (in en)။ 23 January 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 December 2023 တွင် ပြန်စစ်ပြီး။
- ↑ You must specify archiveurl = and archivedate = when using {{cite web}}.Kyaw Lynn (26 January 2023)။ The Emergence of the ULA/AA and Question of the Rohingya Crisis (in en)။ 4 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 December 2023 တွင် ပြန်စစ်ပြီး။
- ↑ Uddin၊ Nasir။ The fate of the Rohingya may be in the Arakan Army's hands (in en)။ 8 September 2024 တွင် ပြန်စစ်ပြီး။
- ↑ "'We recognise the human rights and citizen rights of the Rohingyas'" (in en)၊ Prothom Alo၊ 2 January 2022။
- ↑ Seli၊ Yeshi (2024-12-14)။ Jihadi groups carrying out atrocities against Buddhists, Hindus on Myanmar-Bangladesh border: Arakan Army (in en)။ 2024-12-17 တွင် ပြန်စစ်ပြီး။
- ↑ ရက္ခိုင်အမျိုးသားအဖွဲချုပ် ULA ဥက္ကဋ္ဌ ရက္ခိုင့်တပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နန့် အင်တာ။ 1 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 September 2021 တွင် ပြန်စစ်ပြီး။
- ↑ Guest Column | Visions of a Federal Future for Myanmar are Fading Fast (September 2021)။ 1 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 September 2021 တွင် ပြန်စစ်ပြီး။
- ↑ ၂၀.၀ ၂၀.၁ Page 1,2,4, 7 Days Daily Newspaper, 23.4.2020
- ↑ "နတ်မြစ်အနီး ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂ဝဝ ကျော် ရှော့တိုက်ဒုံးအပစ်ခံရပြီး သေဆုံး" (in my)၊ Radio Free Asia၊ RFA Burmese၊ ၆ ဩဂုတ် ၂၀၂၄။