မာတိကာသို့ ခုန်သွားရန်

ဇော်မင်းထွန်း

ဝီကီပီးဒီးယား မှ

ဇော်မင်းထွန်း
၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရှိရသော ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
မြန်မာနိုင်ငံပြန်ကြားရေးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၂၇ မတ် ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ဝန်ကြီးချုပ်ဦးညိုစော
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၇ ဖေဖော်ဝါရီ ၂၀၂၁  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီ)
ယခင်လူဦးအောင်လှထွန်း
ဆက်ခံသူကိုယ်တိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းအဖွဲ့ခေါင်းဆောင်
တာဝန်သက်တမ်း
၅ ဖေဖော်ဝါရီ ၂၀၂၁  ၃၁ ဇူလိုင် ၂၀၂၅ []
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူရာထူးတည်ထောင်ခြင်း
ဆက်ခံသူအဖွဲ့ဖျက်သိမ်း
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းအဖွဲ့ခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ စက်တင်ဘာ ၂၀၂၅
ဝန်ကြီးချုပ်ညိုစော
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူရာထူးတည်ထောင်ခြင်း
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၅ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဗိုလ်ချုပ် စိုးနိုင်ဦး
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး
တာဝန်သက်တမ်း
ဖေဖော်ဝါရီ ၂၀၂၁  မတ် ၂၀၂၆
ယခင်လူဗိုလ်ချုပ် ထွန်းထွန်းညီ
ဆက်ခံသူဗိုလ်ချုပ် ရဲရင့်အောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမကွေးတိုင်းဒေသကြီးရေနံချောင်းမြန်မာနိုင်ငံ
နိုင်ငံသားမြန်မာ
လူမျိုးမြန်မာ
ကြင်ဖော်သင်းသင်းအောင်
သားသမီးယမုံမြင့်မြတ်
မိခင်ကျောင်းစစ်တက္ကသိုလ် (၃၇)
အလုပ်အကိုင်ဗိုလ်ချုပ်၊အဆင့်မြင့်ပြောရေးဆိုခွင့်ရှိသူ၊ဒုဝန်ကြီး
ဆုတံဆိပ်များစည်သူ
ဝက်ဘ်ဆိုဒ်မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ တပ်မတော်
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၉၀–ယနေ့အထိ
ရာထူး ဗိုလ်ချုပ်
တိုက်ပွဲ/စစ်ပွဲများ

ဗိုလ်ချုပ် ဇော်မင်းထွန်း သည် ဗိုလ်ချုပ်အဆင့်ရှိ အရာရှိတစ်ဦးဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[] []၎င်းသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းအဖွဲ့ခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။[][][]

ယင်းအပြင် သူသည် မြန်မာ့တပ်မတော်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးအဖြစ်လည်း ၅နှစ်ကျော် တာဝန်ယူခဲ့သည်။[][][၁၀][၁၁][၁၂]

ငယ်စဉ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဗိုလ်ချုပ် ဇော်မင်းထွန်းသည် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့ တွင် မွေးဖွားခဲ့သည်။[၁၃][၁၄]

၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၇ မှ ဘွဲ့ရရှိခဲ့သည်။[၁၅][၁၆][၁၇][၁၈]

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် နှင့် ထိုနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် ထမ်းဆောင်ခဲ့သူ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် စစ်တက္ကသိုလ် အပတ်စဉ်တူသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းသည် ၂၀၁၆ ခုနှစ် နောက်ပိုင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဖြစ်လာပြီးနောက် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် အချို့ကိစ္စရပ်များတွင် အမြင်ကွဲပြားမှုများ ရှိခဲ့သည်။ အထင်ရှားဆုံးဖြစ်ရပ်မှာ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲရလဒ်များနှင့် ဆက်စပ်၍ အစိုးရနှင့် စစ်တပ်အကြား ဖြစ်ပေါ်ခဲ့သည့် သဘောထားကွဲလွဲမှုများဖြစ်ပြီး နှစ်ဖက်အကြား ပြင်းထန်စွာ ဝေဖန်မှုများရှိခဲ့ကြသည်။ [၁၉][၂၀][၂၁][၂၂][၂၃]

ဇော်မင်းထွန်း (လက်ယာစွန်း) မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အစည်းအဝေးတွင်တွေ့ရှီရသော

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

ဗိုလ်ချုပ် ဇော်မင်းထွန်းသည် စစ်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် မြန်မာ့တပ်မတော် တွင် စစ်မှုထမ်းဘဝကို စတင်ခဲ့ပြီး သတင်းနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် တာဝန်များကို အများဆုံး ထမ်းဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်မှစ၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့တွင် ပါဝင်လာခဲ့ပြီး၊ ၂၀၁၉ ခုနှစ်နှင့် နောက်ပိုင်းကာလများတွင်လည်း သတင်းမီဒီယာများနှင့် ဆက်ဆံမှုအများဆုံး အဓိကပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သည်။[၂၄][၂၅][၂၆][၂၇]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းအဖွဲ့ခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ထပ်မံခန့်အပ်ခံရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဇော်မင်းထွန်း မေးမြန်းခန်းတွင် မိန့်ခွန်းပြောနေစဉ်

ထိုကာလအတွင်း မြန်မာ့တပ်မတော်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့ပြီး သတင်းစာရှင်းလင်းပွဲများကို ဦးဆောင်ခဲ့သည်။[၂၈][၂၉] [၃၀][၃၁]

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့မီဒီယာရှေ့မှ ဇော်မင်းထွန်း မိန့်ခွန်းပြောနေစဉ်

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၏ သတင်းအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရပြီး ကောင်စီ၏ တရားဝင်ကြေညာချက်များ၊ သတင်းစာရှင်းလင်းပွဲများနှင့် မီဒီယာဖြေကြားမှုများကို ဆောင်ရွက်သည်။[၃၂][၃၃][၃၄][၃၅][၃၆]

ထင်ရှားဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ဗိုလ်ချုပ် ဇော်မင်းထွန်း သည် ၂၀၂၀ ရွေးကောက်ပွဲ နှင့် ၁၀၂၇စစ်ဆင်ရေး အပါအဝင် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေး နှင့် စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲများတွင် တပ်မတော်၏ သဘောထားကို မကြာခဏ ပြောကြားခဲ့သူဖြစ်သည်။ ၎င်းသည် နိုင်ငံတကာဆက်ဆံရေးအပါအဝင် ရုရှား နှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး တပ်မတော်၏ မူဝါဒအမြင်များကို ကိုယ်စားပြု ပြောကြားရသည့်အပြင် နိုင်ငံတကာမှ ဝေဖန်မှုများရှိခဲ့သည့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကိုလည်း ကာကွယ်ပြောကြားခဲ့ရသည်။[][] [၃၇][၃၈][၃၉]ဆန့်ကျင်ဘက် နိုင်ငံရေးအုပ်စုများနှင့် ပတ်သက်၍ တင်းမာသည့် သဘောထားရှိသူအဖြစ် ဖော်ပြခံရသည်။

၂၀၂၄ ခုနှစ်တွင် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူမှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်သားများ၏ လုပ်ဆောင်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ မိုင်းဆွဲမှုကြောင့် ဖြစ်နိုင်ဟု သတင်းအမှားထုတ်ပြန်ခဲ့ရာ လူအများမှ ဝေဖန်မှုများရှိခဲ့သည်။[၄၀][၄၁]ထို့နောက် ၂၀၂၄ ခုနှစ် ဇွန် ၂၁ ရက်တွင် အင်တာဗျူးဖြင့် ဆရာတော်များအား လက်အုပ်ချီကာ တောင်းပန်ခဲ့ပြီး လက်သည်ကို အရေးယူမည်ဟု ဖြေရှင်းခဲ့ရသည်။[၄၂][၄၃]

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းတွင် ၎င်း၏ မိသားစုဝင်တစ်ဦးဖြစ်သော တူတော်စပ်သူ ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် ကချင်ပြည်နယ်၊ဖားကန့် ရှိ Lucky Men ဟိုတယ်အနီးတွင် ဖြစ်ပွားသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအတွင်း ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့သည်။[၄၄]

တာဝန်မှအနားယူခဲ့ရခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊မတ်လတွင် ၎င်း၅နှစ်ကျော် တာဝန်ယူခဲ့သော ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရာထူးမှ ဖယ်ရှားခံခဲ့ရပြီး၊၎င်းနေရာသို့ ဗိုလ်မှူးချုပ် ရဲရင့်အောင်က အစားထိုးဝင်ရောက် ထမ်းဆောင်ခဲ့သည်။ [၄၅]

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် (လက်ယာစွန်း) ဇော်မင်းထွန်းကို တွေ့ရသည်။

၂၀၂၆ ခုနှစ်၊ မတ် ၂၃ ရက် စစ်ခေါင်းဆောင် ကျန်းမာရေးနှင့် ပတ်သက်သည့်သတင်း ထုတ်ပြန်ပြီးနောက် မတ် ၂၅ ရက် တွင် ခုံရုံးဖွဲ့စစ်ဆေးခံရသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး လူမြင်ကွင်းမှ​ပျောက်ကွယ်သွားကာ မည်သည့်တာဝန်မှ​ပေးအပ်မခံရတော့ပေ။

ဂုဏ်ထူးဆောင်ဘွဲ့များ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စည်သူဘွဲ့ကို လွတ်လပ်ရေးနေ့အခမ်းအနားတွင် လက်ခံရရှိခဲ့သည်။[၄၆] [၄၇]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဗိုလ်ချုပ် ဇော်မင်းထွန်းသည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။ဇနီးဖြစ်သူမှာ ဒေါ်သင်းသင်းအောင် ဖြစ်ပြီး၊သမီးတစ်ဦး ရှိသည်။ [၄၈]

ကိုးကား

[ပြင်ဆင်ရန်]
  1. နေတိုး၊ ဖွေးဖွေး‌နှင့် ဝတ်မှုန်ရွှေရည်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေး Mizzima Burmese (၄ ဒီဇင်ဘာ ၂၀၂၆)။ ၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  2. The Department of Homeland Security Is Undermining the US Government's Longstanding Policy on Myanmar (26 November 2025)။ 30 November 2025 တွင် ပြန်စစ်ပြီး။
  3. ဗွီအိုအေ (၃၀ ဒီဇင်ဘာ ၂၀၂၀)။ "ရခိုင်ရွေးကောက်ပွဲလုပ်နိုင်ဖို့ AA နဲ့ ညှိနှိုင်းခဲ့" တပ်မတော်ပြောခွင့်ရ
  4. 1 2 Eleven Media Group (၈ မတ်လ ၂၀၂၀)။ ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ပိုမိုအရေးနိမ့်လာသည့်အတွက် တပ်မတော်က ဓာတုလက်နက်သုံးစွဲသည် ဆိုသော စွပ်စွဲချက်များ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြာ
  5. Burma News International (၄ စက်တင်ဘာ ၂၀၂၀)။ တပ်မတော်သားများ မည်သူကိုမဆို လွတ်လပ်စွာမဲပေးခွင့်ရှိဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော
  6. ဧရာဝတီ (၂၃ မတ်လ ၂၀၂၁)။ အင်တာနက် ပုံမှန် ပြန်ပေးရန် အစီအစဉ် မရှိသေးဟု စစ်ကောင်စီ ပြော
  7. Burma News International (၂၈ နိုဝင်ဘာ ၂၀၂၀)။ တပ်မတော်သည် အတိုက်အခံမဟုတ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ဆို
  8. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း 29 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  9. 1 2 moi.gov.mm။ Union Ministers and Deputy Ministers
  10. Eleven Media Group (၁၇ အောက်တိုဘာ ၂၀၁၉)။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်နှင့် TNlA အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြာ
  11. NP News (၂၇ ဇူလိုင် ၂၀၂၂)။ နစကဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးသော EAO (၉)ဖွဲ့နှင့် ဒုတိယအကျော့ ထပ်မံဆွေးနွေးနိုင်ရေး ပြင်ဆင်နေဟုဆို
  12. Eleven Media Group (၂၃ ဖေဖော်ဝါရီ ၂၀၁၉)။ ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားလာပါက တပ်မတော်သည် စတင်ရှင်းရသည့်အဖွဲ့ ဖြစ်ခြင်းကြောင့် ကိုယ်စရှင်းရမည့်ပြဿနာကို မည်သည့်အချိန်မှမဖန်တီးဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား
  13. NP News (၁၇ ဇွန် ၂၀၂၁)။ ယူနီဆက်ဖ်ကို ကျင့်ဝတ်သိက္ခာမဲ့သောအဖွဲ့အဖြစ် မမြင်လိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြေ
  14. ဗွီအိုအေ (၁၅ မေ ၂၀၂၁)။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆၃ ဦးသေဆုံးခဲ့ - စစ်ကောင်စီပြောခွင့်ရ
  15. ဧရာဝတီ (၄ မေ ၂၀၁၉)။ ဖမ်းဆီးထားသည့် ၁၃၁ ဦးကို AA နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးနေဟု တပ်မတော်ပြော
  16. ဧရာဝတီ (၁‌၆ အောက်တိုဘာ ၂၀၂၀)။ “ကျနော်တို့ ရေငုပ်သင်္ဘောက ဘင်္ဂလားဒေ့ရှ်ထက် အပြတ်ကို သာပါတယ်”
  17. ဧရာဝတီ (၂၆ ဇူလိုင် ၂၀၂၂)။ ပြည်သူနှင့် နိုင်ငံတော်ကြား တရားမျှတရေးအတွက် ကွပ်မျက်ခြင်းဖြစ်ဟု စစ်ကောင်စီပြော
  18. Yangon Media Group (၂၈ ဩဂုတ် ၂၀၂၁)။ ခိုင်လုံတဲ့သက်သေကြောင့် ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ခဲ့တာဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြာ
  19. Eleven Media Group (၁၀ မေ ၂၀၂၂)။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တက်ရောက်ရန် စာရင်းပေးထား
  20. Eleven Media Group (၁ အောက်တိုဘာ ၂၀၁၉)။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဖုန်ညိုလိပ်ဘက်တွင် AA အဖွဲ့၏ ယာယီစခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ပြောကြာ
  21. Eleven Media Group (၁၇ ဇွန် ၂၀၂၁)။ အနုပညာရှင်များထံမှ ငွေယူ၍ ပြန်လွှတ်ပေးခြင်းမျိုး မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော
  22. RFA (၂‌‌၇ မေ ၂၀၁၉)။ ရခိုင်ပြည်နယ်မှာ AA အဖွဲ့နယ်မြေသတ်မှတ်ဖို့ မဖြစ်နိုင်ကြောင်း တပ်မတော်ပြော
  23. NP News (၆ ဖေဖော်ဝါရီ ၂၀၂၂)။ နစကလက်ထက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၄ဝဝဝ နီးပါးဝင်ရောက်ခဲ့ဟုဆို
  24. NP News (၁၆ ဇွန် ၂၀၂၁)။ CRPH နှင့် NUG တို့ဘက်မှ အသက်အန္တရာယ်ပြုလာသဖြင့် ပြန်လည်ခုခံပါက ပြစ်မှုမမြောက်သည့်ဥပဒေ ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
  25. RFA (၁၁ ဧပြီ ၂၀၂၃)။ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု ၅၃ ဦးသေဆုံးကြောင်း NUG ကနဦးထုတ်ပြန်
  26. NP News (၂၆ မတ်လ ၂၀၂၂)။ တီကျစ်မိုင်းတွင်းထုတ်လုပ်မှုတွင် နိုင်ငံအတွက် ကျပ်သန်းပေါင်း ၁၅ဝဝဝ ကျော် နစ်နာမှုရှိခဲ့သောကြောင့် ဦးချစ်ခိုင်ကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေရှင်း
  27. NP News (၁ ဇွန် ၂၀၂၂)။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းသော “ဝ” အဖွဲ့အပါအဝင် တိုင်းနှင့်ပြည်နယ်များကိုလည်း ပြဋ္ဌာန်းခွင့်များပေးရန် မူဝါဒအားဖြင့် သဘောတူပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
  28. NP News (၂ စက်တင်ဘာ ၂၀၂၂)။ စင်္ကာပူထက် ဈေးနှုန်းများစွာ လျော့နည်းသော ရုရှားစက်သုံးဆီများ မကြာမီရောက်မည်ဖြစ်၍ ဆီဈေးနှုန်းများ စတင်ကျဆင်းလာနိုင်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း အသိပေး
  29. Yangon Media Group။ ရခိုင်ပြည်သူလူထုဒုက္ခမရောက်စေလို၍ AA လက်နက်ကိုင်အဖွဲ့ကို သည်းခံနေရသော်လည်း ပြဿနာဖြစ်လာလျှင် တပ်မတော်ကိုအဆိုးမဆိုနှင့် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြာ
  30. ဧရာဝတီ (၁၈ နိုဝင်ဘာ ၂၀၂၂)။ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော
  31. RFA (၁၁ ဇူလိုင် ၂၀၁၉)။ စင်္ကာပူမှာ ဖမ်းဆီးခံရတဲ့ ရခိုင် ခြောက်ဦးကိစ္စ အစိုးရဖြေဖို့ ငြင်းဆို
  32. NP News (၁၃ ဇန်နဝါရီ ၂၀၂၂)။ ဖိအားပေးတိုင်းသာပိပြားရမည်ဆိုပါက မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်တောင် လွတ်လပ်ရေးရမှာမဟုတ်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြော
  33. Eleven Media Group (၂၇ ဧပြီ ၂၀၂၂)။ ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်အတွက် လိုအပ်သည့်အထောက်အပံ့ ပစ္စည်းအပြည့်အစုံနှင့် ဆောင်ရွက်သွားမည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
  34. အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း သတင်းမီဒီယာများ၏ မေးမြန်းမှုများအား လက်ခံဖြေကြား | Ministry Of Information 2026-01-03 တွင် ပြန်စစ်ပြီး။
  35. Eleven Media Group (၁ ဇူလိုင် ၂၀၂၂)။ လိုင်စင်မဲ့ မော်တော်ယာဉ်များအား လိုင်စင် ထုတ်ပေးရန် အစီအစဉ် မရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
  36. NP News (၁၁ ဧပြီ ၂၀၂၃)။ ကန့်ဘလူ၊ ပဇီကြီးရွာအတွင်း PDF အဖွဲ့တွေ အခမ်းအနားတစ်ခုပြုလုပ်နေစဉ် စစ်တပ်မှ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ပြောဆိုချက်
  37. "Myanmar appeals for return of detained foreigners after scam center raids"၊ The Associated Press၊ ၁၄ ဒီဇင်ဘာ ၂၀၂၅။
  38. Myanmar arrests hundreds under new election law ahead of December vote (in en) (2025-12-19)။ 2026-01-03 တွင် ပြန်စစ်ပြီး။
  39. Myanmar elections unlikely to see credible outcome, EU human rights rep says (in en) (2025-10-16)။ 2026-01-03 တွင် ပြန်စစ်ပြီး။
  40. Eleven Media Group (၁၀ ဇွန် ၂၀၂၄)။ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး လိုက်ပါလာသည့် မော်တော်ယာဉ် ပစ်ခတ်ခဲ့ရမှုနှင့်ပတ်သက်၍ တွေ့ကြုံခဲ့ရမှုများကို ၎င်းဖြစ်စဉ်၌ပါဝင်သည့် ကန်သုံးဆင့် ဆရာတော်ကြီးက ရှင်းလင်းမိန့်ကြားမှုထွက်ပေါ်
  41. ဗွီအိုအေ (၂၁ ဇွန် ၂၀၂၄)။ ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေ သဘောထားထုတ်ပြန်
  42. ရန်ုကုန်ခေတ်သစ် မီဒီယာ (၂၁ ဇွန် ၂၀၂၃)။ ပျံလွန်တော်မူသွားသော ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါသော Surf ကားကို စစ်တပ်က လုံခြုံရေးအရ ပစ်ခတ်ခဲ့ကြောင်း အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်း ဝန်ခံပြီ
  43. Democratic Voice of Burma (၂၁ ဇွန် ၂၀၂၄)။ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်တာဖြစ်၊ မိုးပေါ်ထောင်ပစ်ခတ်တားဆီးခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
  44. ဗိုလ်ချုပ်ဇော်မင်းထွန်း၏ တူတော်စပ်သူ ဒု-ဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အရှင် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း စစ်သွေးကြွ KIA/PDF အောင်ပွဲခံ People Media (၁၀ အောက်တိုဘာ ၂၀၂၄)။ ၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  45. (၈၁) နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့် MOI Myanmar (၂၆ မတ် ၂၀၂၆)။ ၂၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  46. "နေတိုး၊ ဖွေးဖွေး‌နှင့် ဝတ်မှုန်ရွှေရည်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေး"၊ Mizzima News၊ ၄ ဇန်နဝါရီ ၂၀၂၆။
  47. "နေတိုး၊ ဖွေးဖွေး‌နှင့် ဝတ်မှုန်ရွှေရည်အပါအဝင် ရုပ်ရှင်သရုပ်ဆောင်များကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေး"၊ Mizzima News၊ 4 January 2026။
  48. ဥပ္ပါတသန္တိစေတီတော်၌ ဗုဒ္ဓမြတ်စွယ်တော်ပူးလာ ရဟန်းရှင်လူပြည်သူများဖြင့်စည်ကားလျက်ရှိ (18 November 2011)။ 20 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။