ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် Karen National Liberation Army | |
---|---|
ကညီဒီကလုာ် တၢ်ထူၣ်ဖျဲး သုးမုၢ်ဒိၣ် ပြည်တွင်းပဋိပက္ခတွင် ပါဝင် | |
![]() ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ အလံတော် | |
လှုပ်ရှား | ၁၉၄၉ | –လက်ရှိ
ခံယူချက် | ကရင်အမျိုးသားရေး ဖက်ဒရယ်ပြည်ထောင်စုစနစ်[၁] |
ဦးဆောင်သူများ | စောဂျော်နီ |
ဌာနချုပ် | လေဝါ |
လှုပ်ရှားသည့် ဧရိယာ | ကယားပြည်နယ် ကရင်ပြည်နယ် |
အင်အား | ၅,၀၀၀[၂][၃]–၇,၀၀၀[၄] |
တစ်စိတ်တစ်ပိုင်း | ![]() |
မဟာမိတ် | ![]()
![]() |
ပြိုင်ဘက် | ![]()
![]() |
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကရင်: ကညီဒီကလုာ် တၢ်ထူၣ်ဖျဲး သုးမုၢ်ဒိၣ်; အင်္ဂလိပ်: Karen National Liberation Army; အတိုကောက် KNLA) သည် ကရင် အမျိုးသား အစည်းအရုံး၏ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။ ကရင်လူမျိုးများ၏ ကိုယ်ပိုင်အခွင့်အရေးအတွက် မြန်မာနိုင်ငံ အစိုးရအား ၁၉၄၉ မှ စတင်ကာ ဆန့်ကျင်တိုက်ခိုက်လာခဲ့သည့် အဖွဲ့ဖြစ်သည်။
စစ်သည်အင်အားမှာ ၂၀၀၆ ခုနှစ်တွင် ၅,၀၀၀ ခန့်၊[၂] နှင့် ၂၀၁၂ တွင် ၆,၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။[၃] ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တွင် တပ်ရင်း ၇ ခုနှင့်[၂] အထူးစစ်ဆင်ရေးများအတွက် အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းထားသည်။[၅]
အနီးဆုံးရန်သူ့တပ်မ[ပြင်ဆင်ရန်]
KNLA နှင့်အနီးဆုံး စစ်တပ်၏တပ်မမှာ ၁၉၈၈ အရေးအခင်း ရန်ကုန်မြို့တွင် ငြိမ်းချမ်စွာ ဆန္ဒပြသူများကို ရက်စက်စွာ အင်အားသုံးဖြိုခွင်းရာတွင် သုံးခဲ့သည့် တပ်မ ၂၂ ပင် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ https://www.youtube.com/watch?v=j4dsMeZUpB8
- ↑ ၂.၀ ၂.၁ ၂.၂ Asia Times - News and analysis from throughout Southeast Asia။ 27 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 June 2016 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ Burma: Prospects for a Democratic Future, by Robert I. Rotberg
- ↑ Burma center for Ethnic Studies, Jan. 2012, "Briefing Paper No. 1" http://www.burmalibrary.org/docs13/BCES-BP-01-ceasefires(en).pdf
- ↑ 'Special Force' Joins KNLA on High Alert။ 1 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 June 2016 တွင် ပြန်စစ်ပြီး။