မာတိကာသို့ ခုန်သွားရန်

ကုလားတန်မြစ်

ဝီကီပီးဒီးယား မှ
ကုလားတန်မြစ်
ကစ္ဆပနဒီ, ဘွယ်နူးမြစ်
ကုလားတန်မြစ်ကိုဖြတ်၍ ဆောက်ထားသော ရန်ကုန်-စစ်တွေ တံတားကို မြင်ရပုံ
နိုင်ငံများ မြန်မာနိုင်ငံ, အိန္ဒိယနိုင်ငံ
ပြည်နယ်များ ချင်းပြည်နယ်, ရခိုင်ပြည်နယ်, မီဇိုရမ်ပြည်နယ်
မြစ်လက်တက်များ
 - ဘယ် Twe River, Mi River, Kalabon River, Kyegu River
 - ညာ Chal River, Tio River, Tuichang, Mat River, Kawrthingdeng River
ရင်းမြစ် west flank of Mount Zinghmuh
 - တည်နေရာ ချင်းတောင်တန်း, ချင်းပြည်နယ်, မြန်မာ
 - အမြင့် ၂,၅၆၄ m (၈,၄၁၂ ft)
မြစ်ဝ စစ်တွေ
 - တည်နေရာ ဘင်္ဂလားပင်လယ်အော်, မြန်မာ
 - အမြင့် ၀ m (၀ ft)
ရေစီးဝင်မှု
 - ပျမ်းမျှ ၃,၄၆၈ m3/s (၁၂၂,၄၇၁ cu ft/s)

ကုလားတန်မြစ် (အခြားအမည်များ ကစ္ဆပနဒီမြစ်၊ ဘွယ်နူးမြစ်၊​ ချင်မ်သွီးပွီးမြစ်) သည် အိန္ဒိယနိုင်ငံအရှေ့ပိုင်း မီဇိုရမ်ပြည်နယ်၊ မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြတ်သန်းစီးဆင်းသော ပေ(၈,၀⁠၀၀)ခန့် မြင့်သည့် မြစ်တစ်စင်း ဖြစ်သည်။ ၎င်းသည် မြောက်လတ္တီတွဒ် ၂၂° ၄၇′ ၁၀″ နှင့် ၂၂° ၁၁′ ၀၆″ အကြားတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နိုင်ငံတကာနယ်စပ်အဖြစ် တည်ရှိသည်။

တရားဝင်အားဖြင့် ကုလားတန်မြစ်ဟု ခေါ်ဆိုသည့် မြစ်ကို မီဇိုရမ်ပြည်နယ်တွင် ချင်မ်သွီးပွီးမြစ်ဟု ခေါ်ဆိုပြီး၊ ချင်းပြည်နယ်တွင် ဘွယ်နူးမြစ်ဟု ခေါ်ဝေါ်ကာ၊ ရခိုင်ပြည်နယ်တွင် ကစ္ဆပနဒီမြစ်ဟု ခေါ်တွင်သည်။

ယခင်က ဒေသခံပြည်သူများသည်လမ်းပန်းဆက်သွယ်ရေးအဖြစ် ကုလားတန်မြစ်ကို ရေလမ်းခရီးအဖြစ် အားပြုကြရသည်။ ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ်ဖြစ်သည်။ ထူးခြားထင်ရှားသည့်အချက်မှာ ချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ(တီအိုရီဘာ)အမည်ဖြင့် စီးဆင်းလာသည့်မြစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားမြစ်လည်းဖြစ်သည်။[၁]

တံတားတည်ဆောက်မှု

[ပြင်ဆင်ရန်]
ကုလားတန်မြစ် မြင်ကွင်းတစ်ခု

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ကစ္ဆပနဒီတံတားကြီးကို တည်ဆောက်ခဲ့သည်။ ရန်ကုန်- စစ်တွေ လမ်းမကြီးပေါ်တွင် တည်ရှိပြီး ကုန်စည်ကူးသန်းမူအတွက် အလွန်အရေးပါသော တံတားဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ NF 46-7 "Gangaw, Burma" U.S. Army Map Service topographic map 1:250,000, 1954, first printing April 1958