အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည် မိုင်းလားဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်း အကြောင်း ဖြစ်သည်။ ကိုးကန့်ဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်း အတွက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကို ကြည့်ပါ။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
အင်္ဂလိပ် အမည်National Democratic Alliance Army-Eastern Shan State (NDAA-ESS)
နာယကဦးစိုင်းလင်း
အထွေထွေ အတွင်းရေးမှူးSao Hsengla
ဒုဥက္ကဋ္ဌဦးစံဖဲ
တည်ထောင်ခြင်း၁၉၈၉ (၁၉၈၉)
ခွဲထွက်ဗမာပြည် ကွန်မြူနစ်ပါတီ
ဌာနချုပ်မိုင်းလားဒေသ
ရှမ်းပြည်နယ်မြန်မာနိုင်ငံ
အရောင်    အဝါ၊ အစိမ်း နှင့် အနီ

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အင်္ဂလိပ်: National Democratic Alliance Army; အတိုကောက် NDAA),[၁] သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - ရှမ်းပြည် အရှေ့ပိုင်း (National Democratic Alliance Army-Eastern Shan State (NDAA-ESS))၊ (ရှမ်းပြည်အရှေ့ပိုင်း တပ်မတော်)[၂] ဟူ၍လည်း ခေါ်သည်။ ရှမ်းအထူးဒေသ ၄ ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသတွင် အခြေစိုက်သည်။[၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) သည် ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသအဖြစ်မှ ၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်နေ့တွင် ဦးစိုင်းလင်း ဦးဆောင်သည့်အခါ တိုင်းရင်းသားများပါဝင်သည့် တပ်ဖွဲ့ဝင်များက ခွဲထွက်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဇွန် (၃ဝ) ရက်နေ့အား တပ်ဖွဲ့ထူထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မွေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. NDAA and UWSA deny involvement in Mekong incident။ 1 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2015 တွင် ပြန်စစ်ပြီး။
  2. The National Democratic Alliance Army-Eastern Shan State။ 18 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2015 တွင် ပြန်စစ်ပြီး။
  3. Another wrong turn in Mong La။ 3 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2015 တွင် ပြန်စစ်ပြီး။