ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်

ဝီကီပီးဒီးယား မှ
ကုလသမဂ္ဂ ၏ အထွေထွေ အတွင်းရေးမှူးချုပ်
Emblem of the United Nations.svg
António Guterres - 2019 (48132270313) (cropped).jpg
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ပေါ်တူဂီနိုင်ငံ အန်တိုနီရို ဂူတာရက်စ်

၁ ဇန်နဝါရီ ၂၀၁၇ (၂၀၁၇-၀၁-၀၁) မှစ၍
ကုလသမဂ္ဂ
အထွေထွေ အတွင်းရေးမှူးချုပ်ရုံး
ပုံစံHis Excellency
စံအိမ်Sutton Place
ရုံးတည်နေရာကုလသမဂ္ဂဌာနချုပ်
နယူးယောက်မြို့နယူးယောက်ပြည်နယ်၊ အမေရိကန် ပြည်ထောင်စု
အဆိုပြုသူလုံခြုံရေးကောင်စီ
ခန့်အပ်သူအထွေထွေညီလာခံ
သက်တမ်း၅ နှစ်
(သက်တမ်းတိုးနိုင်၊ ၂ ကြိမ်ထိ ကန့်သတ်ထား)
ဖွဲ့စည်းပုံ အခြေခံဥပဒေကုလသမဂ္ဂ ဖွဲ့စည်းပုံဥပဒေ
စတင်ထမ်းဆောင်သူနော်ဝေနိုင်ငံ ထရီဗီလီ
ဖွဲ့စည်းခြင်းဇွန် ၂၆၊ ၁၉၄၅; ၇၇ နှစ် အကြာက (၁၉၄၅-၀၆-26)
လက်ထောက်ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်
ဝက်ဘ်ဆိုဒ်un.org/sg

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (အင်္ဂလိပ်: Secretary-General of the United Nations; အတိုကောက် UNSG သို့မဟုတ် SG) သည် ကုလသမဂ္ဂ၏ ပင်မဌာနငါးခုတွင် အပါအဝင်ဖြစ်သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ အကြီးအကဲဖြစ်သည်။ အထွေထွေအတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ၏ အုပ်ချုပ်ရေးအရာရှိအဖြစ် တာဝန်ယူသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် အထွေထွေအတွင်းရေးမှူးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကုလသမဂ္ဂ ဖွဲ့စည်းပုံဥပဒေ၏ အခန်း ၁၅ တွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေအတွင်းရေးမှူးချုပ်မှာ အန်တိုနီရို ဂူတာရက်စ် ဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှတဆင့် ခန့်အပ်ခဲ့သည်။

နေအိမ်[ပြင်ဆင်ရန်]

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နေထိုင်ရာသည် အမှတ် ၃၊ ယောက်ရိပ်သာ / ဆက်တွန်ရပ်၊ မဟက်တန်၊ နယူးယောက်မြို့၊ နယူးယောက်ပြည်နယ်၊ အမေရိကန် ပြည်ထောင်စု ဖြစ်သည်။ နေအိမ်သည် ၁၉၂၁ ခုနှစ်တွင် အန်း မော်ဂန် အတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂသို့ ၁၉၇၂ ခုနှစ်တွင် လှူဒါန်းခဲ့သည်။[၁]

အထွေထွေအတွင်းရေးမှူးချုပ်များ စာရင်း[ပြင်ဆင်ရန်]

ပုံ အထွေထွေ အတွင်းရေးမှူးချုပ်
(မွေးဖွား–ကွယ်လွန်)
ရာထူးသက်တမ်း နိုင်ငံ UN ဒေသအုပ်စု နုတ်ထွက်ရခြင်း အကြောင်းရင်း ကိုးကား
Sr. Gladwyn Jebb.jpg ဂေါ်လ်ဒွင်ဂျက်ဘ်
(၁၉၀၀–၁၉၉၆)
၂၄ အောက်တိုဘာ ၁၉၄၅ –
၁ ဖေဖော်ဝါရီ ၁၉၄၆
 ယူနိုက်တက်ကင်းဒမ်း အနောက် ဥရောပနှင့် အခြား ထရီဗီလီ အား တရားဝင် မရွေးချယ်ရသေးမီ ယာယီ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ခေတ္တ ဆောင်ရွက်ခဲ့သည်။ [၂]
Trygve Lie.jpg ထရီဗီလီ
(၁၈၉၆–၁၉၆၈)
Trygve Lie Signature.svg
၂ ဖေဖော်ဝါရီ ၁၉၄၆ –
၁၀ နိုဝင်ဘာ ၁၉၅၂
 နော်ဝေ အနောက် ဥရောပနှင့် အခြား နုတ်ထွက် [၃]
Dag Hammarskjöld.jpg ဒက်ဟမ်းမားရှိုး
(၁၉၀၅–၁၉၆၁)
Sign Dag Hammarskjold.png
၁၀ ဧပြီ ၁၉၅၃ –
၁၈ စက်တင်ဘာ ၁၉၆၁
 ဆွီဒင် အနောက် ဥရောပနှင့် အခြား ကွန်ဂိုသို့ ငြိမ်းချမ်းရေးမစ်ရှင်အတွက် အသွား မြောက်ရိုဒီးရှား (ယခု ဇမ်ဘီယာနိုင်ငံ) တွင် လေယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့သည်။ [၄]
U Thant at UN press conference.PNG ဦးသန့်
(၁၉၀၉–၁၉၇၄)
U Thant Signature.svg
၃၀ နိုဝင်ဘာ ၁၉၆၁ –
၃၁ ဒီဇင်ဘာ ၁၉၇၁
 မြန်မာ အာရှ-ပစိဖိတ် တတိယအကြိမ် ရွေးချယ်ခံရန် ငြင်းဆန်ခဲ့သည်။ [၅]
Bundesarchiv Bild 183-M0921-014, Beglaubigungsschreiben DDR-Vertreter in UNO new.png ကွတ်ဝေါလ်ဟိုင်း
(၁၉၁၈–၂၀၀၇)
Kurt Waldheim Signature.svg
၁ ဇန်နဝါရ္ ၁၉၇၂ –
၃၁ ဒီဇင်ဘာ ၁၉၈၁
 ဩစတြီးယား အနောက် ဥရောပနှင့် အခြား သူ၏ တတိယသက်တမ်းအား တရုတ်မှ ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ [၆]
Javier Pérez de Cuéllar (1982).jpg ဟာဗီးယား ပဲရက်စ် ဒီကွေးလျား
(၁၉၂၀ မွေးဖွား)
Javier Pérez de Cuéllar (firma).jpg
၁ ဇန်နဝါရီ ၁၉၈၂ –
၃၁ ဒီဇင်ဘာ ၁၉၉၁
 ပီရူး လက်တင်အမေရိကနှင့် ကာရစ်ဘီယံ တတိယသက်တမ်းအတွက် အရွေးချယ်မခံ [၇]
Boutros Boutros-Ghali (1980).jpg ဘူးထရို့စ် ဘူးထရို့စ် ဂါလီ
(၁၉၂၂–၂၀၁၆)
Signature of Boutros Boutros-Ghali.svg
၁ ဇန်နဝါရီ ၁၉၉၂ –
၃၁ ဒီဇင်ဘာ ၁၉၉၆
 အီဂျစ် အာဖရိက သူ၏ ဒုတိယသက်တမ်းအား အမေရိကန် ပြည်ထောင်စုမှ ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ [၈]
Kofi Annan 2012 (cropped).jpg ကိုဖီအန်နန်
(၁၉၃၈-၂၀၁၈)
Kofi Annan signature.svg
၁ ဇန်နဝါရီ ၁၉၉၇ –
၃၁ ဒီဇင်ဘာ ၂၀၀၆
 ဂါနာ အာဖရိက သက်တမ်းနှစ်ကြိမ်အပြီး အနားယူခဲ့သည်။ [၉]
Ban Ki-Moon Davos 2011 Cropped.jpg ဘန်ကီမွန်း
(၁၉၄၄ မွေးဖွား)
Ban Ki Moon Signature.svg
၁ ဇန်နဝါရီ ၂၀၀၇ –
၃၁ ဒီဇင်ဘာ ၂၀၁၆
 တောင်ကိုရီးယား အာရှ-ပစိဖိတ် သက်တမ်းနှစ်ကြိမ်အပြီး အနားယူခဲ့သည်။ [၁၀]
António Guterres November 2016.jpg အန်တိုနီရို ဂူတာရက်စ်
(၁၉၄၉ မွေးဖွား)
Assinatura António Guterres.svg
၁ ဇန်နဝါရီ ၂၀၁၇ –
လက်ရှိ
 ပေါ်တူဂီ အနောက်ဥရောပနှင့် အခြား
ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခဲ့သူများ၏ နိုင်ငံသားပြ မြေပုံ

သက်ရှိထင်ရှား အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းများ[ပြင်ဆင်ရန်]

မေ ၂၀၂၃ အထိ သက်ရှိထင်ရှားရှိနေသော အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းမှာ ဘန်ကီမွန်း ဖြစ်သည်။ ​နောက်ဆုံး ကွယ်လွန်ခဲ့သော အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းမှာ ၂၀၂၀ပြည့်နှစ် မတ်လ ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဟာဗီးယား ပဲရက်စ် ဒီ ကွေးလျား (၁၉၈၂ -၁၉၉၁) ဖြစ်သည်။[၁၁]ကိုဖီအန်နန်မှာ ၂၀၁၈ခုနှစ် ဩဂုတ်လ၁၈ရက်တွင်ကွယ်လွန်ခဲ့သည်။[၁၂][၁၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Teltsch, Kathleen. "Town House Offered to UN", New York Times, 15 July 1972. Accessed 27 December 2007.
  2. Stout၊ David။ "Lord Gladwyn Is Dead at 96; Briton Helped Found the UN"၊ New York Times၊ 26 October 1996။ 31 October 2008 တွင် ပြန်စစ်ပြီး 
  3. The United Nations: Trygve Haldvan Lie (Norway). Accessed 13 December 2006.
  4. The United Nations: Dag Hammarskjöld (Sweden) Archived 20 September 2014 at the Wayback Machine.. Accessed 13 December 2006.
  5. United Nations: U Thant (Myanmar). Accessed 13 December 2006.
  6. The United Nations: Kurt Waldheim (Austria). Accessed 13 December 2006.
  7. The United Nations: Javier Pérez de Cuéllar (Peru). Accessed 13 December 2006.
  8. The United Nations: Boutros Boutros-Ghali (Egypt). Accessed 13 December 2006.
  9. The United Nations: The Biography of Kofi A. Annan. Accessed 13 December 2006.
  10. Ban Ki-moon is sworn in as next Secretary-General of the United Nations။ United Nations။
  11. McFadden၊ Robert D.။ "Javier Pérez de Cuéllar Dies at 100; U.N. Chief Brokered Peace Pacts" (in en-US)၊ The New York Times၊ 2020-03-05။ 
  12. "Kofi Annan, former UN chief, dies at 80"၊ BBC။ 
  13. Former UN chief Kofi Annan dies။ Al-Jazeera။