မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
| မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် | |
|---|---|
| စတင်လှုပ်ရှားခြင်း | ဇူလိုင် ၁၉၅၈–လက်ရှိ |
| ဌာနချုပ် | ရေးချောင်းဖျား |
| လှုပ်ရှားနယ်မြေ | မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ [တနင်္သာရီတိုင်းဒေသကြီး]] |
| နိုင်ငံရေးအယူဝါဒ | မွန်အမျိုးသားရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး |
| Part of | မွန်ပြည်သစ်ပါတီ |
| ပြိုင်ဘက်များ | |
| စစ်ပွဲနှင့် တိုက်ပွဲများ | မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများ |

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌမှာ နိုင်ဟံသာ၊ ဖြစ်ပြီး ဒုဥက္ကဋ္ဌမှာ နိုင်အောင်မင်းဖြစ်သည်။ အထွေထွေအတွင်းရေးမှူးမှာ နိုင်အောင်မင်းဖြစ်ပြီး တွဲဖက်အတွင်းရေးမှူးမှာ န်ုင်ဇွဲယျဖြစ်သည်။ ဗဟိုအလုပ်မှုဆောင်များမှာ နိုင်သိုက်ထော နိုင်ဝင်းလှနှင့် နိုင်ဗညားလယ်တို့ ဖြစ်ကြသည်။ မွန်ပြည်သစ်ပါတီ ၏လက်နက်ကိုင်အဖွဲ့အစည်းမှာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဖြစ်ပြီး အကြီးအကဲ မှာဗိုလ်ချုပ်ကြီး လယီဂကောင်းဖြစ်သည်။ တော်လှန်ရေးသက်တမ်း အနှစ်(၆၀) ကျော်ရှိပြီး စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့သည့် မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲဝင်ရေးနှင့် တပ်ဖွဲ့အသွင်ပြောင်းရေးအတွက် မွန်ပြည်သူတို့ထံမှ ဆန္ဒခံယူသွားမည်ဟု သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးအတွက် ပထမခြေလှမ်းအဖြစ် အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီနှင့် အသွင်ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီကို ကမ်းလှမ်းခဲ့ကြောင်း မော်လမြိုင်ခရိုင်မှ မွန်ပြည်သစ်ပါတီ ထိပ်တန်းအရာရှိတဦးက ပြောသည်။
မွန်ပြည်သစ်ပါတီဘက်မှမူ ယင်းသို့ စစ်အစိုးရ ကိုယ်စားလှယ်၏ ကမ်းလှမ်းချက်ကို ၂၀၀၉ ခု ဇူလိုင်လကုန်ပိုင်းတွင် အကြောင်းပြန်မည်ဟုသာ ပြောကြားခဲ့ကြောင်း အဆိုပါအရာရှိက ပြောသည်။
တပ်ဖွဲ့အသွင်းပြောင်းရေးအပေါ် ပါတီ၏ ဖြစ်ပေါ်လာနိုင်သည့် ရပ်တည်ချက်အသစ်နှင့် ပတ်သက်၍ ၎င်းက ပြောကြားရန် ငြင်းဆိုခဲ့သည်။ ဇွန် (၇) ရက် နံနက်ပိုင်းက ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် တွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် မွန်ပြည်သစ်ပါတီနှင့် နအဖတို့၏ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး မတ်လဆန်းပိုင်း၌ ပထမအကြိမ် တွေ့ဆုံခဲ့သည်။
မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘောမတူကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အစောပိုင်းက ကြေညာထားပြီး ဖြစ်သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ လက်ခံ မခံကိုမူ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
နအဖကိုယ်စားလှယ် အရှေ့တောင်ပိုင်း တိုင်းမှူးက မြန်မာနိုင်ငံတောင်ပိုင်းမှ အပစ်ရပ်အဖွဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များအား တွေ့ဆုံနေသကဲ့သို့ နအဖ၏ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ပါဝင်သည့် တိုင်းမှူးအဖွဲ့တို့ကလည်း တရုတ်-မြန်မာနယ်စပ်တလျှောက်မှ အင်အားကြီး အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် တွေ့ဆုံခဲ့သည်။၂၀၁၈ ခုနှစ် ဖေဖော်ဝရီ ၁၃ ရက်နေ့တွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၄ ခွဲထွက်ခြင်း
[ရင်းမြစ်ကို တည်းဖြတ်ရန်]၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် "မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)" အမည်ဖြင့် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ကြေညာခဲ့သည်။[၁][၂] မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်အာဏာရှင်တိုက်ဖျက်ရေး) နှင့် ယင်း၏ နိုင်ငံရေးအဖွဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)[၃] ကို မွန်ပြည်သစ်ပါတီမှအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်တို့ ဦးဆောင်သည်။[၄] ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ ပြောရေးဆိုခွင့်ရှိသူက ဒေသခံ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[၅]
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ၏ အမှတ် (၅) တပ်ရင်းတစ်ခုလုံး သည် ၎င်းတို့၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဗွတ်မွန် ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သည်။ MNLA အမှတ် (၅) တပ်ရင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဗလဲ့ဒွန်းဖိုက်၊ ဂျပန်ရေတွင်းစသည့် ဘုရားသုံးဆူဒေသတစ်ဝိုက်တွင် အခြေပြုလှုပ်ရှားနေသည့် တပ်ရင်းဖြစ်သည်။[၆]
ကိုးကား
[ရင်းမြစ်ကို တည်းဖြတ်ရန်]- ↑ "အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ကြေညာ" (in my)၊ Democratic Voice of Burma၊ 14 February 2024။
- ↑ "မွန်ပြည်သစ်ပါတီမှအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်တို့မှ ပါတီတွင်းမှ ယုံကြည်ချက်တူသူများနှင့် လက်တွဲ၍ စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ကြေညာချက်ထုတ်" (in my)၊ Narinjara၊ 14 February 2024။
- ↑ "New Mon State Party breakaway formed to fight Myanmar junta" (in en)၊ Mizzima၊ 17 February 2024။
- ↑ "Ethnic Mon Party Offshoot Declares War on Myanmar Junta" (in en)၊ The Irrawaddy၊ 15 February 2024။
- ↑ "Anti -Dictatorship Wing of Mon Party Pledges to Join with Resistance Forces" (in en)၊ Independent Mon News Agency၊ 26 February 2024။
- ↑ "MNLA အမှတ် (၅) တပ်ရင်းတစ်ခုလုံး NMSP-AD ထံ ပူးပေါင်းဟု ဆို"၊ Independent Mon News Agency။ 25 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 25 May 2025။