မာတိကာသို့ ခုန်သွားရန်

သက်ခိုင်ဝင်း

ဝီကီပီးဒီးယား မှ
စည်သူ၊ ဒေါက်တာ

သက်ခိုင်ဝင်း
ကျန်းမာရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
လက်ထောက်ဒေါက်တာ အေးထွန်း
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
လက်ထောက်ဒေါက်တာအေးထွန်း
ဝန်ကြီးချုပ်ညိုစော
ယခင်လူကိုယ်တိုင်
ဆက်ခံသူကိုယ်တိုင်
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၂၁  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
လက်ထောက်ဒေါက်တာအေးထွန်း
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒေါက်တာ မြင့်ထွေး
ဆက်ခံသူကိုယ်တိုင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁၈ မတ် ၂၀၂၆  ၁၀ ဧပြီ ၂၀၂၆
ယခင်လူဒေါက်တာ မေဝင်းမြင့်
(NLD)
(၂၀၁၅ ရွေးကောက်ပွဲ)
ဆက်ခံသူလစ်လပ်
မဲဆန္ဒနယ်မရမ်းကုန်းမြို့နယ်
အနိုင်ရမဲ အရေအတွက်ခိုင်လုံမဲ ၁၉၃၈၇
(၄၅.၁၁ရာခိုင်နှုန်း)
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁  ၁ ဩဂုတ် ၂၀၂၁
လက်ထောက်ဒေါက်တာအေးထွန်း
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒေါက်တာ မြင့်ထွေး
ဆက်ခံသူကိုယ်တိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၄ နိုဝင်ဘာ ၁၉၆၁&#၁၆၀;(၁၉၆၁-၁၁-၁၄) (အသက် ၆၄)
မရမ်းကုန်းမြို့နယ်ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မိခင်ကျောင်းဆေးတက္ကသိုလ်
အလုပ်အကိုင်ဆရာဝန်
အစိုးရအဖွဲ့အိမ်စောင့်အစိုးရ
ဦးညိုစောအစိုးရ
ဦးမင်းအောင်လှိုင်အစိုးရ

ဒေါက်တာသက်ခိုင်ဝင်း (၁၄ နိုဝင်ဘာ ၁၉၆၁ မွေးဖွား) သည် နိုင်ငံရေးသမား နှင့် မြန်မာဆရာဝန်တစ်ဦးဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[]

၎င်းသည် မရမ်းကုန်းမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ တင်မြှောက်ခံရသူဖြစ်သည်။ ယင်းမတိုင်မီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံခဲ့ပြီး[] ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် အဆိုပါဝန်ကြီးဌာနအား ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန နှစ်ခုခွဲထုတ်လိုက်သောအခါ ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။[] ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီက ၎င်းသည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[]

ပုဂ္ဂိုလ်ရေးဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

၁၉၆၇ ခုနှစ်တွင် မူလတန်းပညာကို အထက(၂) မရမ်းကုန်းတွင် စတင်သင်ယူပြီး၊ထိုကျောင်းမှပင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည်။

၁၉၇၉ ခုနှစ် တွင် အမှတ်(၂) ဒေသကောလိပ် (ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ)မှတဆင့် ဆေးတက္ကသိုလ်(၁) ရန်ကုန်သို့ တက်ရောက်ခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ရန်ကုန် ဆေးတက္ကသိုလ် ၁ မှ ဆရာဝန်ဘွဲ့ရခဲ့သည်။ ၁၉၈၈ ခုနှစ် ဩဂုတ် ၄ ရက် တွင် ကျန်းမာရေးဝန်ကြီးဌာန၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် လက်ထောက်ခွဲစိတ်ဆရာဝန်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၉ ခုနှစ်၊ စက်တင်ဘာ ၂၈ရက် တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ မဟာသိပ္ပံဘွဲ့(ဆေးပညာ)(သမားတော်ဘွဲ့) M.Med.Sc (Int.Med) ကို ရရှိခဲ့သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ပေးအပ်ခံရသည်။

ထို့နောက် ၁၉၉၅ မှ ၁၉၉၇ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ Royal College of Physician ကောလိပ်တွင် တက်ရောက်ခဲ့ပြီး MRCP (UK) ကို ရရှိခဲ့သည်။ ပြည်အထွေထွေရောဂါကုဆေးရုံကြီးတွင် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ရက် မှ ၂၀၀၀ပြည့်နှစ် ဒီဇင်ဘာ ၅ရက် နေ့အထိလည်းကောင်း၊ ဆေးတက္ကသိုလ် ၁ တွင် ၂၀၀၀ပြည့်နှစ်၊ ဒီဇင်ဘာ ၅ရက်မှ ၂၀၀၃ မတ် ၃၁ရက်အထိ ကထိကရာထူး၊ ၂၀၀၃ ခုနှစ် မတ်လ ၃၁ရက်မှ ၂၀၀၅ မတ်လ ၁ရက်အထိ တွဲဖက်ပါမောက္ခစသည်ဖြင့် တာဝန်အဆင့်ဆင့် ထမ်းဆောင်ပြီးနောက် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာ၂၂ရက်မှ ၂၀၁၅ခုနှစ် ဧပြီ ၂၀ရက်အထိ တာဝန်ပေးအပ်ခြင်းခံရသည်။၂၀၁၅ ခုနှစ် ဧပြီ ၂၀ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖြစ်လာသည်။ထိုတာဝန်ကို ၂၀၂၁ ဇန်နဝါရီ ၃၁ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။[]

‌နိုင်ငံရေးလှုပ်ရှားမှု

[ပြင်ဆင်ရန်]

အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး မရမ်းကုန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။အဆိုပါမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလအမတ်လောင်း ဒေါက်တာခင်ခင်ကျော့၊ ပြည်သူ့ပါတီတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ နှင့်ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ ဝင်ပြိုင်ခဲ့ကြသည်။

ဒေါက်တာ သက်ခိုင်ဝင်း သည် မရမ်းကုန်းမြို့နယ်အတွင်း မဲပေးကြသူများ၏ ခိုင်လုံမဲ စုစုပေါင်း ၄၂၉၇၄ မဲ ရှိရာတွင် ၁၉၃၈၇မဲ ဖြင့် (မဲပေးကြသူများ၏ ရာခိုင်နှုန်း ၄၅.၁၁ ရာခိုင်နှုန်းဖြင့်)အနိုင်ရရှိခဲ့သည်။ဤသို့ဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။[]

ထို့နောက် ၂၀၂၆ခုနှစ် ဧပြီ​၇ရက်တွင် ဦးမင်းအောင်လှိုင်အစိုးရက ၎င်းအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်လက် ခန့်ထားခဲ့သည်။[]



ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Union Minister for Health Dr Thet Khaing Win Attends Opening Ceremony of Secretariat of ASEAN Centre for Public Health Emergencies in Bangkok 15 September 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. "ပြည်ထောင်စု ဝန်ကြီး ၁၁ ဦး အသစ်ခန့်အပ်"၊ ဧရာဝတီ၊ 1 ဖေဖော်ဝါရီ 2021။
  3. MoHS minister Dr Thet Khaing Win meets Myanmar red cross society (in en)။ 11 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  4. ဒေါက်တာသက်ခိုင်ဝင်း – နွေဦးမြန်မာ 11 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  5. Thet Khaing Win (in en)။ ၁၁ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  6. ၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၁၉ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  7. ဧရာဝတီ (2026-04-07)။ စစ်ခေါင်းဆောင်ရဲ့ အစိုးရသစ် ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဝန်းရံ (in en-US)။ 2026-04-09 တွင် ပြန်စစ်ပြီး။
  8. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။