သက်ခိုင်ဝင်း

ဝီကီပီးဒီးယား မှ
ဒေါက်တာ

သက်ခိုင်ဝင်း
ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဩဂုတ် ၂၀၂၁
သမ္မတဦးမြင့်ဆွေ (ယာယီ)
လက်ထောက်ဒေါက်တာအေးထွန်း
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒေါက်တာ မြင့်ထွေး
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဩဂုတ် ၂၀၂၁
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒေါက်တာ မြင့်ထွေး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၄ နိုဝင်ဘာ ၁၉၆၁&#၁၆၀;(၁၉၆၁-၁၁-၁၄) (အသက် ၆၂)
လူမျိုးမြန်မာ
အစိုးရအဖွဲ့အိမ်စောင့်အစိုးရ

ဒေါက်တာသက်ခိုင်ဝင်း (၁၄ နိုဝင်ဘာ ၁၉၆၁ မွေးဖွား) သည် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[၁] သူ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီက ခန့်အပ်ခဲ့သည်။[၂] စတင်ခန့်အပ်ချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ခံရပြီး[၃] ၂၀၂၁ ဩဂုတ် ၁ရက်တွင်မှ ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာသည်။ အဆိုပါရာထူးတွင် ခန့်အပ်ခြင်းမခံရမီက ဒေါက်တာသက်ခိုင်ဝင်း သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၄]

ပုဂ္ဂိုလ်ရေးဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

၁၉၈၆ ခုနှစ်တွင် ရန်ကုန် ဆေးတက္ကသိုလ် ၁ မှ ဘွဲ့ရခဲ့သည်။ ၁၉၈၈ ဩဂုတ် ၄ တွင် ကျန်းမာရေးဝန်ကြီးဌာန၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် လက်ထောက်ခွဲစိတ်ဆရာဝန်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ ၁၉၈၉ စက်တင်ဘာ ၂၈တွင် တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၁ ဇန်နဝါရီ ၃၁ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ M.Med.Sc (Int.Med) ကို ရရှိခဲ့သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ထို့နောက် ၁၉၉၅ မှ ၁၉၉၇ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ Royal College of Physician ကောလိပ်တွင် တက်ရောက်ခဲ့ပြီး MRCP (UK) ကို ရရှိခဲ့သည်။ ပြည်အထွေထွေရောဂါကုဆေးရုံကြီးတွင် ၁၉၉၈ ဖေဖော်ဝါရီ ၁၁ရက် မှ ၂၀၀၀ ဒီဇင်ဘာ ၅ရက် နေ့အထိလည်းကောင်း၊ ဆေးတက္ကသိုလ် ၁ တွင် ၂၀၀၀ ဒီဇင်ဘာ ၅ရက်မှ ၂၀၀၃ မတ် ၃၁ရက်အထိ ကထိကရာထူး၊ ၂၀၀၃ ခုနှစ် မတ်လ ၃၁ရက်မှ ၂၀၀၅ မတ်လ ၁ရက်အထိ တွဲဖက်ပါမောက္ခစသည်ဖြင့် တာဝန်အဆင့်ဆင့် ထမ်းဆောင်ပြီးနောက် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်အဖြစ် ၂၀၁၃ နိုဝင်ဘာ၂၂ရက်မှ ၂၀၁၅ ဧပြီ ၂၀ရက်အထိ တာဝန်ပေးအပ်ခြင်းခံရသည်။၂၀၁၅ ဧပြီ ၂၀ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖြစ်လာသည်။ထိုတာဝန်ကို ၂၀၂၁ ဇန်နဝါရီ ၃၁ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။[၅]

ပိတ်ဆို့ခံရမှုများ[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ဒေါက်တာသက်ခိုင်ဝင်းအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။[၆][၇] ၂၀၂၃ ဇူလိုင် ၂၀ရက်တွင် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့သည်။[၈] [၉]

ကိုးကား[ပြင်ဆင်ရန်]

  1. Union Minister for Health Dr Thet Khaing Win Attends Opening Ceremony of Secretariat of ASEAN Centre for Public Health Emergencies in Bangkok။ ၁၁ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. "ပြည်ထောင်စု ဝန်ကြီး ၁၁ ဦး အသစ်ခန့်အပ်"၊ ဧရာဝတီ၊ 1 ဖေဖော်ဝါရီ 2021။ 
  3. MoHS minister Dr Thet Khaing Win meets Myanmar red cross society (in en)။ ၁၁ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  4. ဒေါက်တာသက်ခိုင်ဝင်း – နွေဦးမြန်မာ။ 11 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  5. Thet Khaing Win (in en)။ ၁၁ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  6. US Slaps Sanctions on More Myanmar Junta Members, Ruling Body (18 မေ 2021)။ ၁၁ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  7. မြန်မာစစ်တပ်နှင့်ဆက်နွှယ်သည့် အုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့် မိသားစုဝင်များအား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုပြုလုပ်ခြင်း (in my-MM) (19 မေ 2021)။ ၁၁ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  8. Myanmar/Burma: EU imposes seventh round of sanctions against six individuals and one entityCouncil of the EU (20 July 2023)။ 22 July 2023 တွင် ပြန်စစ်ပြီး။
  9. စစ်ကောင်စီရဲ့စစ်ထောက်ချုပ်အပါအဝင် လူပုဂ္ဂိုလ် ၆ဦးနှင့်လုပ်ငန်းတစ်ခုကို EUအရေးယူပိတ်ဆို့ဒဏ်ခတ်New Day Myanmar (၂၁ ဇူလိုင် ၂၀၂၃)။ 22 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။