အောင်ဇော်သိန်း
ဗိုလ်မှူးကြီး (ငြိမ်း) အောင်ဇော်သိန်း | |
|---|---|
| နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃ ဩဂုတ် ၂၀၂၃ | |
| သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ဦးသာဌေး |
| ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃ ဩဂုတ် ၂၀၂၃ | |
| ခန့်အပ်သူ | ဦးသိန်းစိန် |
| သမ္မတ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၅၇ မြန်မာနိုင်ငံ |
| လူမျိုး | မြန်မာ |
| ပညာရေး | ရန်ကုန်တက္ကသိုလ် |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | ဗိုလ်မှူးကြီး |
ဦးအောင်ဇော်သိန်း (၁၉၅၇ ဖွား) သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၏ ဆဌမမြောက် ဥက္ကဋ္ဌ ဖြစ်သည်။[၁]တပ်မတော်သားဟောင်းတစ်ဦးဖြစ်ခဲ့သည့်အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]သူသည် ရန်ကုန်တက္ကသိုလ် မှ B.A. (Law), LL.B (Rangoon University) ရရှိခဲ့သူဖြစ်သည်။
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]ဥပဒေဘွဲ့ ရရှိပြီးနောက် တပ်မတော်ဗိုလ်သင်တန်းကျောင်းမှတဆင့် စစ်မှုထမ်းသည်။ ယင်းနောက် စစ်ဥပဒေချုပ်ရုံး တွင်တာဝန်ထမ်းဆောင်သည်။ ဗိုလ်မှူးကြီးအဆင့်ဖြင့် ယင်းရုံးတွင်ပင် လက်ထောက် စစ်ဥပဒေချုပ် ရာထူးတာဝန်ယူခဲ့သည်။ ယင်းနောက် စာချုပ်စာတမ်းနှင့် စီမံကိန်းရေးရာဌာနခွဲ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတွင် ဒု-အထွေထွေ မန်နေဂျာ အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခြင်းလည်းရှိခဲ့သည်။[၂]
တရားသူကြီးဖြစ်လာပုံ
[ပြင်ဆင်ရန်]၂၀၁၁ ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က က၎င်းအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး တစ်ဦးအဖြစ် ခန့်ထားလိုကြောင်း ထည့်သွင်းကာ အဆိုတင်သွင်းသည်။ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ရန်မရှိ အတည်ပြုပေး၍ ၂၀၁၁ မတ်လ ၃၀ရက်ကစပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်လာခဲ့သည်။ထိုတာဝန်ကို စစ်အာဏာသိမ်းပြီးသည့် ၂၀၂၁ နောက်ပိုင်း ၂၀၂၃ ဩဂုတ်လ ၃ရက်အထိ တစ်ဆက်တည်း ထမ်းဆောင်ခဲ့သည်။[၃]
သူသည် တရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ဝန်ကြီးအချို့၏ အဂတိအမှုစွပ်စွဲချက်များအား ပယ်ဖျက်ပေးဖို့တောင်းဆိုချက်ကို ပယ်ချခဲ့ရာတွင် အဓိကဦးဆောင်သူတစ်ဦးဖြစ်ခဲ့သည်။[၄]
ဖွဲ့စည်းပုံအခြေခံဥပဒေခုရုံးဥက္ကဋ္ဌ
[ပြင်ဆင်ရန်]၂၀၂၃ ဩဂုတ် ၃ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအားတာဝန်ပေးခဲ့သည်။[၅] ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဤရာထူးတွင် ဆက်လက် ခန့်အပ်ခံခဲ့သည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌများ အပါအဝင် ဒုတိယဝန်ကြီးအချို့ ခန့်အပ်။ Eleven Media (၃ ဩဂုတ်၂၀၂၃)။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တရားလွှတ်တော်ချုပ် တရားသူကြီးစာရင်း တင်သွင်း။ VOA Burmese (၂၂ ဖေဖော်ဝါရီ ၂၀၁၁)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်း မိုးညှင်းဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး။ Myanmar Digital News (၄ နိုဝင်ဘာ ၂၀၁၉)။ 10 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အဂတိအမှုတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုချက် တရားလွှတ်တော်ချုပ် ပယ်ချ။ RFA Burmese (၁၅ မတ် ၂၀၂၂)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီအပြောင်းအလဲ - ယုံကြည်စိတ်ချရသူတွေကို ဗိုလ်ချုပ်မှူးကြီးဝန်းရံ။ BBC Burmese (၅ ဩဂုတ် ၂၀၂၃)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 17 August 2025 တွင် ပြန်စစ်ပြီး။