မာတိကာသို့ ခုန်သွားရန်

ထွန်းထွန်းနောင်

ဝီကီပီးဒီးယား မှ
ဒုတိယဗိုလ်ချုပ်ကြီး

ထွန်းထွန်းနောင်
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်
အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇန်နဝါရီ ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
လက်ထောက်ဗိုလ်ချုပ် အောင်ကျော်ကျော်
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁[]  ၃၁ ဇန်နဝါရီ ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1963-04-30) ၃၀ ဧပြီ၊ ၁၉၆၃ (အသက် ၆၂)
လူမျိုးမြန်မာ
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၀ - လက်ရှိ
ရာထူး ဒုတိယဗိုလ်ချုပ်ကြီး
ကိုယ်ပိုင်အမှတ်ကြည်း ၁၈၁၃၁

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[]၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ယခင်က အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်သည်။ ၂၀၂၀ပြည့်နှစ်တွင် ၎င်းသည် တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။ ယခင်က နယ်စပ်ရေးရာဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထမ်းဆောင်ခဲ့သောတာဝန်များ

[ပြင်ဆင်ရန်]

၁၉၆၃ ခုတွင် ​ဗိုလ်မှူးကြီး ခင်မောင်ဝင်း (ရကတ ဒုတိုင်းမှူး) နှင့် ဒေါ်တင်ရီ (တင်ရီမ(ညောင်ဦး)) တို့မှ မွေးသည်။ စစ်တက္ကသိုလ် အပတ်စဉ် (၂၅) မှ ဖြစ်ပြီး ကိုယ်ပိုင်အမှတ်မှာ ကြည်း/၁၈၁၃၁ ဖြစ်သည်။[] ၎င်းနှင့် အပတ်စဉ်တူ တပ်မတော်အရာရှိအချို့မှာ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တို့ဖြစ်ကြသည်။

၂၀၁၀ ပြည့်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မ (၈၈)၏ တပ်မမှူးဖြစ်လာခဲ့သည်။ ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၁၄ ခု၊ စက်တင်ဘာလတွင် ဗိုလ်ချုပ်ရာထူးဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[] ၂၀၁၅ခုနှစ် ဩဂုတ်လတွင် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၂၀ပြည့်၊ ဒီဇင်ဘာလတွင် တပ်မတော်အရန်အင်အားသို့ ရောက်ရှိသွားခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ငြိမ်းချမ်းရေးကော်မတီတွင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။[][]

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်မှ အာဏာသိမ်းယူမှုဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးကော်မတီသို့ ရောက်ရှိသွားသော ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏ ဝန်ကြီးနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား ခန့်အပ်ခဲ့သည်။[]ထို့ကြောင့် သူသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃၁ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ်မှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်သည်။

မိသားစုဘဝ

[ပြင်ဆင်ရန်]

(RIT ပါမောက္ခချုပ် သမီး) ခင်ခင်မင်းနှင့် လက်ထပ်သည်။

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ

[ပြင်ဆင်ရန်]

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံနေရသည့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိသောကြောင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပါအဝင် စကစနှင့် စကစအစိုးရအဖွဲ့ဝင်များစွာသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းကို ခံရသည်။

အရေးယူသည့် နိုင်ငံများ ပိတ်ဆို့အရေးယူသည့် ရက်စွဲ ရင်းမြစ်
၁။  အမေရိကန် ၂၀၂၁ မေ ၁၇ []
၂။  ဥရောပသမဂ္ဂ ၂၀၂၂ ဖေဖော်ဝါရီ ၂၁ []
၃။  ပြင်သစ်
၄။  ဘယ်လ်ဂျီယမ်
၅။  မိုနာကိုနိုင်ငံ
၆။   ဆွစ်ဇာလန် ၂၀၂၂ မတ် ၇ []
၇။  ကနေဒါ ၂၀၂၂ ဒီဇင်ဘာ ၇ [၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 အစိုးရအဖွဲ့ဝင် ဝန်ကြီးစာရင်းများထုတ်ပြန် 21 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2021 တွင် ပြန်စစ်ပြီး။
  2. "အောက်တိုဘာ ၉ ရက် ညချမ်း သိသင့်တဲ့သတင်းများ"။
  3. "တပ်ချုပ်သစ် ရှာပုံ​တော်" 25 December 2021 တွင် ပြန်စစ်ပြီး Archived from the original on 8 June 2021။
  4. "ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဖြစ်လာ"။
  5. "ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ"။
  6. "ဒုတိယဗိုလ်ချုပ်ကြီးများ ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်း"။
  7. Burma-related Designations; Counter Terrorism Designations Office of Foreign Assets Control။ 2025 July 31 တွင် ပြန်စစ်ပြီး။
  8. COUNCIL IMPLEMENTING REGULATION (EU) 2022/239 (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ 2022-02-212025-07-01 တွင် ပြန်စစ်ပြီး
  9. Massnahmen gegenüber Myanmar (Burma) State Secretariat for Economic Affairs။ 2025-7-1 တွင် ပြန်စစ်ပြီး။
  10. Branch၊ Legislative Services (2025-03-06)။ Consolidated federal laws of Canada, Special Economic Measures (Myanmar) Regulations 2025-07-01 တွင် ပြန်စစ်ပြီး။