ခွန်သန့်ဇော်ထူး
ခွန်သန့်ဇော်ထူး | |
---|---|
ဒုတိယဝန်ကြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၆ မေ ၂၀၂၄ | |
ယခင်လူ | ကိုယ်တိုင် |
ဒုတိယဝန်ကြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) | |
တာဝန်သက်တမ်း ၂၂ ဇန်နဝါရီ ၂၀၂၄ – ၆ မေ ၂၀၂၄ | |
ယခင်လူ | ကိုယ်တိုင် |
ဆက်ခံသူ | မရှိ |
ဒုတိယဝန်ကြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) | |
တာဝန်သက်တမ်း ၂၂ နိုဝင်ဘာ ၂၀၂၃ – ၂၂ ဇန်နဝါရီ ၂၀၂၄ | |
ယခင်လူ | ဗိုလ်ချုပ် စိုးတင့်နိုင် |
ဆက်ခံသူ | မရှိ |
ဒုတိယဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန | |
တာဝန်သက်တမ်း ၂၅ ဩဂုတ် ၂၀၂၁ – ၂၂ နိုဝင်ဘာ ၂၀၂၃ | |
ယခင်လူ | ဗိုလ်ချုပ် ဖုန်းမြတ် |
ဆက်ခံသူ | ဗိုလ်ချုပ် ဖြိုးသန့် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာပြည် |
နိုင်ငံသား | ပအိုဝ်းတိုင်းရင်းသား |
ဆုတံဆိပ်များ | ဇေယျကျော်ထင်ဘွဲ့ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
ရာထူး | ဗိုလ်ချုပ် |
တပ် | စစ်ရေးချုပ်ရုံး |
ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး သည် ပအိုဝ်းတိုင်းရင်းသား တစ်ဦး ဖြစ်ပြီး တပ်မတော် တွင် တွဲဖက် စစ်ရေးချုပ် အဖြစ်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) တို့တွင် ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။ လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]သူ၏ တပ်မတော် ပြန်တမ်းဝင်အမှတ် မှာ ကြည်း ၂၀၂၁၉ ဖြစ်သည်။[၁] တပ်မတော် တွင် ရာထူးအဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်ချုပ်အဆင့်ဖြင့် တွဲဖက်စစ်ရေးချုပ် တို့အဖြစ် တာဝန်ပေးခံရသည်။ သူသည် တွဲဖက်စစ်ရေးချုပ် အဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ အထိ ထမ်းဆောင်သည်။သူ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယုံကြည်ရသူများထဲ စီနီယာသက်တမ်းရှည်စစ်ဗိုလ်ချုပ်တစ်ဦး အဖြစ်လည်း ဖော်ညွှန်းကြသည်။[၂]
စစ်မှုထမ်းကာလထင်ရှားဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ က ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်စပ်ကင်းရဲစခန်း သုံးခု အကြမ်းဖက်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်ပြီးနောက် နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေး အတွင်း မြန်မာလုံခြုံရေးတပ်များဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဆိုသော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၏ စွပ်စွဲချက် အစီရင်ခံစာ (၂၀၁၇) အပေါ် လုံခြုံရေးတပ်များဘက်က ကျူးလွန်မှု ရှိ၊မရှိ တပ်မတော်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲ သူသည် ဒုတိယဥက္ကဋ္ဌ အဖြစ် ပါဝင်ခဲ့သည်။[၃]
- မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားနေချိန် ၂၀၂၀ပြည့်နှစ် မေလ ၂၀ ရက်က သူသည် တွဲဖက်စစ်ရေးချုပ် ရာထူး နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ၏ ထိန်းချုပ် နယ်မြေ မိုင်ဆပ်ပါ ကျေးရွာ သို့ သွားရောက်ကာ ဆေးဝါးနှင့်အထောက်အကူပစ္စည်းများပို့ဆောင်မှုအပေါ် ဦးဆောင်ခဲ့သည်။ [၄]
ဒုတိယဝန်ကြီးတာဝန်
[ပြင်ဆင်ရန်]သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ဩဂုတ်လ ၂၅ ရက်နေ့ တွင် တွဲဖက်စစ်ရေးချုပ် တာဝန် မှ နယ်စပ်ရေးရာဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက် အရောက်တွင် ထိုတာဝန်မှနေ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) တွင် ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း[၅] ၊၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ၏ ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရသည်။[၆]၂၀၂၄ ခုနှစ် မေလ ၆ရက်နေ့တွင် ထိုရာထူးမှ နေ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ၏ ဒုတိယဝန်ကြီး ဖြစ်လာသည်။[၇]
ဆုတံဆိပ်ချီးမြှင့်ခံရမှု
[ပြင်ဆင်ရန်]သူ့ကို နိုင်ငံတော်သမ္မတဦးဝင်းမြင့် က ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၄ရက်တွင် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တစ်ခုဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အားချီးမြှင့်သည်။[၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ ၂/၂၀၂၀။ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၄ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ(၇) (၄ ဇန်နဝါရီ ၂၀၂၀)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးကို စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ၄ ဒု-ဝန်ကြီးအဖြစ်ခန့်အပ်။ မြေလတ်အသံ (၂၃ ဇန်နဝါရီ ၂၀၂၄)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးအခြေအနေ တပ်မတော်စုံစမ်းမည်။ VOA Burmese (၁၀ ဖေဖော်ဝါရီ ၂၀၁၇)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်က KIA ထံ Covid-19 ကာကွယ်ရေး ပစ္စည်းများပေးပို့။ The Irrawaddy (၂၁ မေ ၂၀၂၀)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း။ MOI Myanmar (၂၂ နိုဝင်ဘာ ၂၀၂၃)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်း။ CINCDS Myanmar (၂၂ ဇန်နဝါရီ ၂၀၂၄)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅/၂၀၂၄ ဒုတိယဝန်ကြီးတာဝန် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း။ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂၂) ပြန်တမ်းစာစောင် (၆ မေ ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပ။ MWD Webportal (၄ ဇန်နဝါရီ ၂၀၂၀)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။