မာတိကာသို့ ခုန်သွားရန်

အောင်သော်

ဝီကီပီးဒီးယား မှ
ဗိုလ်မှူးချုပ် (ငြိမ်း)
သီရိပျံချီ၊ ဦး

အောင်သော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃ ဩဂုတ် ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးစစ်အေး
ဆက်ခံသူဦးစိုးမင်းဦး
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၃  ၃ ဩဂုတ် ၂၀၂၃
ယခင်လူဒေါက်တာဌေးအောင်
ဆက်ခံသူဒေါက်တာသက်သက်ခိုင်
ပြည်သူ့လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်
ကိုကိုးကျွန်းမြို့နယ်
တာဝန်သက်တမ်း
၂၀၂၀  ၂၀၂၀
ယခင်လူသူရသက်ဆွေ
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၂၀၁၁  ၂၀၁၄
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1953-10-29) အောက်တိုဘာ ၂၉၊ ၁၉၅၃ (အသက် ၇၂)
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မိခင်ကျောင်းစစ်တက္ကသိုလ်၊ အပတ်စဉ်(၁၆)
ဆုတံဆိပ်များဝဏ္ဏကျော်ထင်ဘွဲ့ (၂၀၂၂)
သီရိပျံချီဘွဲ့ (၂၀၂၅)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
ရာထူးဗိုလ်မှူးချုပ်

ဗိုလ်မှူးချုပ် (ငြိမ်း) ဦးအောင်သော် (၂၃ အောက်တိုဘာ ၁၉၅၃ ဖွား) သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဥက္ကဋ္ဌဟောင်း ဖြစ်သည်။ [] ၎င်းသည် အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး၊ ကာကွယ်ရေးဒုဝန်ကြီး တာဝန်များအပြင် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ၊ဟိုတယ်ခရီးဝန်ကြီး စသည့် တာဝန်များယူခဲ့ဖူးသူဖြစ်သည်။

အစောပိုင်းဘဝ

[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၆)ဆင်း ဖြစ်သည်။

အလုပ်အကိုင်

[ပြင်ဆင်ရန်]

တပ်မတော်တွင် ဒုဗိုလ်အဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး အဖြစ်လည်း တာဝန်ပေးခံရသည်။ [] သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရပြီး ထိုတာဝန်ကို ၂၀၁၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ []

နိုင်ငံရေး

[ပြင်ဆင်ရန်]

သူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကိုကိုးကျွန်းမဲဆန္ဒနယ် မှနေ၍ ရွေးကောက်ပွဲဝင်သည်။ [] ၎င်းသည် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း[] ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်းတွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ယူခဲ့သေးသည်။[]

၂၀၂၁ နောက်ပိုင်းကာလများ

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် ၎င်းအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်သည်။[] ၆ လအကြာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ ၁၃ ဦးမြောက် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ယင်းရာထူးမှနေ၍ အနားပေးခံရသည်။[]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် ကာလအတွင်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သောသူများ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရာ အမိန့်ကြော်ငြာစာအမှတ် ၂၁၂/၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ []

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၅ ဖြင့် ၎င်းအား နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ် ဖြစ်သည့် သီရိသီဟကျော်တံဆိပ် အား အပ်နှင်းချီးမြှင့်ခဲ့သည်။[၁၀]

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇  ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ကို အပ်နှင်းချီးမြှင့်သည်။[၁၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၃ ဩဂုတ် ၂၀၂၃)။ ၁၀ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ဦးသန်းရွှေ၏ “သမ္မတလေယာဉ်အိပ်မက်” ဘယ်လိုပျက် ဧရာဝတီသတင်း (၁ မတ် ၂၀၂၃)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. Special Report: Myanmar military's next campaign: shoring up power REUTERS (16 NOVEMBER 2012)။ 11 August 2023 တွင် ပြန်စစ်ပြီး။
  4. ကိုကိုးကျွန်းမှာ ပြည်ခိုင်ဖြိုးကိုယ်စားပြု ကာကွယ်ရေး ဒုဝန်ကြီး-ငြိမ်းပြိုင်မယ် BBC Burmese (၇ ဩဂုတ် ၂၀၂၀)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ရဲအောင်တို့ကို စစ်တပ်က အငြိမ်းစားပေး RFA Burmese (၂၆ နိုဝင်ဘာ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ Tatmadaw Information Team (၂၇ အောက်တိုဘာ ၂၀၂၃)။ 11 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးချုပ်လေးဦး ထပ်မံခန့်အပ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနလေးခုမှ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခန့်အပ် Eleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း Myanmar Digital News။ 12 August 2025 တွင် ပြန်စစ်ပြီး။
  10. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြေညာစာ ၂/၂၀၂၅ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၄ ဇန်နဝါရီ ၂၀၂၅)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  11. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀ / ၂၀၂၅ Ministry of Information။ 17 August 2025 တွင် ပြန်စစ်ပြီး။