စက်မှု ဝန်ကြီးဌာန
| Ministry of Industry | |
![]() စက်မှုဝန်ကြီးဌာန၏ တံဆိပ် | |
| ဝန်ကြီးဌာန အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၁၉၅၂ |
| ဌာနချုပ် | ရုံးအမှတ် ၃၀၊ နေပြည်တော် |
| 19°49′06″N 96°08′23″E / 19.81833°N 96.13972°E | |
| ဝန်ကြီးများ | ဒေါက်တာ ချာလီသန်း |
| မိခင်အဖွဲ့အစည်း | ပြည်ထောင်စုအစိုးရအဖွဲ့ |
| ဝက်ဘ်ဆိုက် | industry.gov.mm |
စက်မှုဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Industry) သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ လက်ထက်တွင် ပြန်လည် ပေါ်ပေါက်လာသော ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာန တစ်ခု ဖြစ်သည်။ ယခင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို ခွဲထုတ်၍ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
လက်ရှိဝန်ကြီးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားသည့် ဒေါက်တာချာလီသန်းဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးအချိန်တွင် စက်မှုလက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနတစ်ခုအနေဖြင့် သီးခြားဖွဲ့စည်း ထားခြင်းမရှိဘဲ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် သတ္တုတွင်းဝန်ကြီးဌာနဟူ၍ အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။
၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ စတင်အကောင်အထည်ဖော်ခဲ့သော အုပ်ချုပ်ရေးစနစ်သစ်အရ ၁၉၇၂ ခုနှစ် မတ်လ(၁၆) ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁)ဖြင့် စက်မှုလက်မှု ဝန်ကြီးဌာန၏ အမည်ကို စက်မှုဝန်ကြီးဌာနဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
၁၉၇၅ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရ အဖွဲ့သည် စက်မှုဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းအဖွဲ့အစည်းများကို နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ရန်အတွက် ၁၉၇၅ ခုနှစ် မတ်လ(၂၉)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃) ဖြင့် ၁၉၇၅ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစတင်၍ မူလစက်မှုဝန်ကြီးဌာနကို အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ဦးသိန်းစိန်အစိုးရလက်ထက်
[ပြင်ဆင်ရန်]ဖော်ပြပါ စက်မှုဝန်ကြီးဌာန(၂) ခုကို ပေါင်းစပ်၍ စက်မှုဝန်ကြီးဌာနအဖြစ် ကျစ်လျစ်စွာ ပြင်ဆင်ဖွဲ့စည်းမှုကို ၂၀၁၂ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၂) ၏ သဘောတူ ခွင့်ပြုချက်အရ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၄) ရက် နေ့မှစ၍ အရာထမ်း ရာထူး (၄,၅၆၀) နေရာ၊ အမှုထမ်း ရာထူး (၄၂,၉၅၈) နေရာ၊ စုစုပေါင်းရာထူး (၄၇,၅၁၈) နေရာဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
- ပြည်ထောင်စုဝန်ကြီးရုံး
- စက်မှုညွှန်ကြားရေးဦးစီးဌာန
- စက်မှုစီမံကိန်း ဦးစီးဌာန
- စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန
- အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း
- အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း
- အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း
- အထည်အလိပ်လုပ်ငန်း
- ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်း
- စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
- သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန
- အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၄) မှ သဘောတူ ခွင့်ပြုချက်အရ ၂၀၁၄ခုနှစ် ဧပြီလ (၁)ရက်နေ့မှစ၍ အရာထမ်းရာထူး (၄,၉၄၃)နေရာ၊ အမှုထမ်းရာထူး(၄၃,၅၇၁)နေရာ၊ စုစုပေါင်းရာထူး (၄၈,၅၁၄) နေရာဖြင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန (၂)ခု၊ စက်မှုလုပ်ငန်း(၆)ခု နှင့် ဗဟိုဌာန(၁)ခု အပါအဝင် စက်မှုဝန်ကြီးဌာနကို ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့သည်။
- ပြည်ထောင်စုဝန်ကြီးရုံး
- စက်မှုညွှန်ကြားရေးဦးစီးဌာန
- စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
- အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
- အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
- အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
- အထည်အလိပ်လုပ်ငန်း
- ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်း
- စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
- သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန
အထက်ပါအချက်များနှင့်အညီ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ၂၅.၃.၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၅) မှ သဘောတူခွင့်ပြုချက်အရ ၁.၄.၂၀၁၅ ရက်နေ့မှစ၍ ဝန်ကြီးရုံး၊ ဦးစီးဌာန (၂) ခုနှင့် စက်မှုလုပ်ငန်း(၄) ခု၊ စုစုပေါင်း (၇) ခု တို့ဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-
(က) ပြည်ထောင်စုဝန်ကြီးရုံး
(ခ) စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
(ဂ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
(ဃ) အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
(င) အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
(စ) အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
(ဆ) မြန်မာ့ဆေးဝါးလုပ်ငန်း
အဆိုပါဖွဲ့စည်းပုံတွင် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းရှိ အမှတ်(၁၈) အကြီးစားစက်ရုံ(အင်းကုန်း)အား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထို့နောက် အမှတ်(၁၁)အကြီးစားစက်ရုံ(ရန်ကုန်)၊အမှတ်(၁၂)အကြီးစားစက်ရုံ(ထုံးဘို)၊ အမှတ်(၁၃)အကြီးစားစက်ရုံ(မကွေး)၊ အမှတ်(၂၅)အကြီးစားစက်ရုံ(မြိုင်)တို့ကို ၁၃.၁.၂၀၁၆ ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၆)မှ သဘောတူ ခွင့်ပြုချက်အရ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ၁၀.၁၁.၂၀၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၆)မှ သဘောတူခွင့်ပြုချက်ဖြင့် စက်မှုဝန်ကြီးဌာန၏ဖွဲ့စည်းပုံအင်အားကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။[၁]
ဦးဝင်မြင့်အစိုးရလက်ထက်
[ပြင်ဆင်ရန်]နိုင်ငံတော်သမ္မတရုံး၏ ၂၈.၁၁.၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၂၃/၂၀၁၉ အရ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အမှတ်(၇)စက်မှုသင်တန်းကျောင်း(သထုံ)နှင့် အမှတ်(၈)စက်မှုသင်တန်းကျောင်း(မုံရွာ)တို့အား တိုးချဲ့ဖွဲ့စည်းခဲ့မှုအရ စက်မှုကဏ္ဍ၏ ဖွဲ့စည်းပုံခွင့်ပြုအင်အားကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ [၂]
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရ
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၃.၅.၂၀၂၁ ရက်စွဲပါ အမိန့်အမှတ်၊ ၁၁၇/ ၂၀၂၁ ဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။[၃]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]လက်ရှိ စက်မှုဝန်ကြီးဌာန၏ လက်အောက်တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန (၂)ခု၊ စက်မှုလုပ်ငန်း(၆)ခု နှင့် ဗဟိုဌာန(၁)ခု အပါအဝင် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။ [၄]
- ပြည်ထောင်စုဝန်ကြီးရုံး
- စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
- စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန
- အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း
- အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း
- အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း
- မြန်မာ့ဆေးဝါးလုပ်ငန်း တို့ဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | ဝန်ကြီး | တာဝန်သက်တမ်း | ဒုတိယဝန်ကြီး | ဝန်ကြီးချုပ် | သမ္မတ | အစိုးရအဖွဲ့ | ||
|---|---|---|---|---|---|---|---|---|
| စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန | ||||||||
| - | ဦးဝင်းရှိန် | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၃ မေ ၂၀၂၁ | မင်းအောင်လှိုင် | မြင့်ဆွေ (ယာယီ) | မင်းအောင်လှိုင်အစိုးရ | ||
| စက်မှုဝန်ကြီးဌာန (၂၀၂၁ - ယနေ့အထိ) | ||||||||
| စဉ် | ပုံ | ဝန်ကြီး | တာဝန်သက်တမ်း | ဒုတိယဝန်ကြီး | ဝန်ကြီးချုပ် | သမ္မတ | အစိုးရအဖွဲ့ | |
| ၁။ | ဒေါက်တာ ချာလီသန်း | ၂၂ မေ ၂၀၂၁[၅] | ၃၁ ဇူလိုင် ၂၀၂၅ | - | မင်းအောင်လှိုင် |
|
မင်းအောင်လှိုင်အစိုးရ | |
| ၃၁ ဇူလိုင် ၂၀၂၅[၆] | ယနေ့အထိ | - | ညိုစော | မင်းအောင်လှိုင် (ယာယီ-တာဝန်) | ဦးညိုစောအစိုးရ | |||
ရုံးချုပ်
[ပြင်ဆင်ရန်]ရုံးအမှတ်(၃၀)၊ ဇေယျဌာနီလမ်း၊ နေပြည်တော်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ သမိုင်းကြောင်း။ Ministry of Industry။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ "စက်မှုဝန်ကြီးဌာနကို စီမံ/ဘဏ္ဍာနှင့်ပေါင်းမည်"။
- ↑ "ကြေးမုံသတင်းစာ (၄.၅.၂၀၂၁)"။
- ↑ ဖွဲ့စည်းပုံ။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2014 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၃၃ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် (၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်) ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်။ မြဝတီသတင်း။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
