မာတိကာသို့ ခုန်သွားရန်

မိုးအောင်

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ

မိုးအောင်
မိုးအောင် ၂၀၁၆ ခုနှစ်တွင် ရုရှားရေတပ် သင်္ဘောသို့ လာရောက်လည်ပတ်ခဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၅ မေ ၂၀၂၄[]  ၃၁ ဇူလိုင် ၂၀၂၅
ယခင်လူကိုကိုလှိုင်
ဆက်ခံသူအဖွဲ့ဖျက်သိမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၈ ဇန်နဝါရီ ၂၀၂၄  ၅ မေ ၂၀၂၄ []
ယခင်လူရာထူးစတင်
ဆက်ခံသူအောင်ကျော်ဟိုး
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်
တာဝန်သက်တမ်း
၈ ဇန်နဝါရီ ၂၀၂၄  ၃၁ ဇူလိုင် ၂၀၂၅
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
ဆက်ခံသူဦးတင်အောင်စန်း
ကာကွယ်ရေးဦးစီးချုပ်(ရေ)
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၂၁  ၈ ဇန်နဝါရီ ၂၀၂၄
ယခင်လူဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်
စစ်ဦးစီးအရာရှိချုပ်(ရေ)
တာဝန်သက်တမ်း
၂၀၁၅  ၂၀၂၁
ယခင်လူဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၄ ဧပြီလ ၁၉၆၆
ကြင်ဖော်အေးခိုင်ညွန့်
ဖခင်ဦးအောင်သောင်း
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ရေ)
ရာထူး ဗိုလ်ချုပ်ကြီး
တပ်ကက(ရေ)

ဗိုလ်ချုပ်ကြီး(ငြိမ်း) မိုးအောင်သည် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည် ။[]သူသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) တို့၏ ပြည်ထောင်စုဝန်ကြီးများ[] နှင့် တပ်မတော်(ရေ)၏ ကာကွယ်ရေးဦးစီးချုပ် တို့ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် ဦးအောင်သောင်း၏ သားလည်းဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၂၈)မှဖြစ်ကာ ရေတပ်လေ့ကျင့်ရေးဌာနချုပ် (ယခင် - ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း)၊ စစ်ရေယာဉ်များ၊ ရေတပ်စခန်းများ၊ ဗျူဟာစစ်ရေယာဉ်စုများ၊ ရေတပ်စခန်းဌာနချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ရာထူး၌ တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီး တင်အောင်စန်း မှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက်တွင် ၎င်း စစ်ဦးစီးချုပ်အရာရှိချုပ်(ရေ) ရာထူးသို့ ခန့်အပ်ခံခဲ့ရသည်။[]၂၀၂၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ကောင်စီဝင်သာမက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဖြစ်လာပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်အား ရေတပ်ဦးစီးချုပ်အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်း မြန်မာပိုင် ကိုကိုးကျွန်းနှင့်မဝေးသော အိန္ဒိယပိုင် ကပ္ပလီကျွန်းစုအနီး ကပ္ပလီပင်လယ်ပြင်တွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်ကြေညာထားချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဟု ကြေညာခဲ့ရာ[][] ဤသည်မှာ ဗိုလ်ချုပ်ကြီး မိုးအောင် ရေတပ်ဦးစီးချုပ်ဖြစ်လာပြီး ပထမဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည်။သူ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  တပ်မတော်(ရေ)၏ကာကွယ်ရေးဦးစီးချုပ် အဖြစ် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် အနားပေးသည်။အနားပေးသည့် ရက်မှာပင် သူသည် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ဝန်ကြီးဘဝ

[ပြင်ဆင်ရန်]

ယင်းနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) နှင့် (၁) တို့တွင် ပြည်ထောင်စုဝန်ကြီး တာဝန်များ ထမ်းဆောင်ခဲ့ရသည်။

ရာထူးအနားပေးခြင်း

[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီး မိုးအောင်သည် ၂၀၂၅ ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်းပသော စစ်ကောင်စီ ဂုဏ်ပြု နှုတ်ဆက်ပွဲတွင် လုံး၀ မမြင်တွေ့ရဘဲ[] ၎င်းသည် နေပြည်တော်မှ လုံးဝပျောက်ကွယ်သွားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ယင်းအပြင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ပြင်ဆင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့သစ် နှင့် စစ်ကော်မရှင် အသစ်တွင်လည်း ဗိုလ်ချုပ်ကြီး မိုးအောင် ပြန်ပါမလာတော့ဘဲ ရာထူးများမှ အနားပေးခံလိုက်ရသည်။[]

ဗိုလ်ချုပ်ကြီး မိုးအောင်၏ ရာထူးမှ အနားပေးခံရခြင်းနှင့် မြင်ကွင်းမှ ပျောက်ကွယ်သွားခြင်းတို့သည် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ဆက်နွယ်နိုင်သည့် သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]
၂၀၁၇ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်​၏ ပြည်ပခရီးစဉ်တွင် အတူတွေ့ရစဉ်

ကိုးကား

[ပြင်ဆင်ရန်]
  1. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ MOI Myanmar (၁၉ မေ ၂၀၂၄)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၄ ပြည်ထောင်စုဝန်ကြီးတာဝန် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂၂) ပြန်တမ်းစာစောင် (၅ မေ ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ရေချုပ် အပါအဝင် ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ် BBC Burmese (၈ ဇန်နဝါရီ ၂၀၂၄)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ MOI Myanmar (၂၈ ဧပြီ ၂၀၂၄)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. "ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာ"။
  6. တပ်မတော်က ဘင်္ဂလားပင်လယ်အော်အတွင်း စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင် ၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်လေ့ကျင့်မှုများ ယနေ့စတင်မည် ဖြစ်ကြောင်း ထုတ်ပြန် (in my)။ Eleven Media Group (၄ ဧပြီ ၂၀၂၁)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  7. ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု (in my) (၄ ဧပြီ ၂၀၂၁)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  8. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပ Eleven Media။ 2025-7-31 တွင် ပြန်စစ်ပြီး။
  9. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။