မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ဆက်ဆံရေး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
State seal of Myanmar.svg
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်

မြန်မာ၏နိုင်ငံခြားရေးမူဝါဒ (ဆက်ဆံရေး)[ပြင်ဆင်ရန်]

နိုင်ငံတကာပဋိပက္ခ[ပြင်ဆင်ရန်]

နယ်နိမိတ်ညှိနှိုင်း ရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံနှင့် ကြိုကြားကြိုကြားပြဿနာများရှိသည်။

မူးယစ်ဆေးဝါး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် တရားမဝင် ဘိန်းထုတ်လုပ်မှု အမြင့်ဆုံး ဖြစ်သည်။ (၁၉၉၉ ခုနှစ်ထုတ်လုပ်မှုမှာ ၁ဝ၉ဝ မက်ထရစ်တန်၊ ၃၈ ရာခိုင်နှုန်း လျော့ကျခြင်း ဖြစ်သည်။ မိုး ခေါင်၍ ၁၉၉၉ ခုနှစ်တွင် စိုက်ပျိုး မြေ ၈၉၅ စတုနရန်းကီလိုမီတာ၊ ၁၉၉၈ ခုနှစ်ထက် ၃၁ ရာခိုင်နှုန်း လျော့ကျ။) ၁၉၉၆ ခုနှစ် ဇန်နဝါရီက ခွန်ဆာ၏ မော်ထိုင်းတပ် အလင်းဝင်လာခြင်းကို မြန်မာအစိုးရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အောင်ပွဲအဖြစ် ကြေညာသော်လည်း အစိုးရဘက်က နိုင်ငံရေးဇွဲမရှိခြင်း၊ မူးယစ်ဂိုဏ်းများအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းများမရှိခြင်း၊ ငွေမဲ ခဝါချမှုကို လျစ်လျူရှုထားခြင်းများကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက် ချေမှုန်း ရေးအားထုတ်မှု တစ်ခုလုံးကို အဟန့်အတားဆက်ဖြစ်နေစေသည်။ မြန်မာနိုင်ငံသည် ဒေသတွင်း မက်တာဖီတမင်း အဓိကထုတ်လုပ်ရာ ပင်ရင်း ဖြစ်လာသည်။ ငွေကြေးနှင့် လူအားအရင်းအမြစ် ချို့တဲ့မှုကလည်း ဘိန်းတိုက်ဖျက်မှုကို အား လျော့စေသည်။ ဘိန်းစိုက်ပျိုးသူတောင်သူများမှာလည်း ဆင်းရဲနွမ်းပါးမှု၏ စံနှုန်း၏ အောက်တွင် ရပ်တည်နေကြသည်။

အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ဝင်ဖြစ်ပြီး အာဆီယံ +၃ ၏ အစိတ်အပိုင်းလည်း ဖြစ်၊ အရှေ့အာရှထိပ်‌သီးအဖွဲ့၏အစိတ်အပိုင်း လည်း ဖြစ်သည်။ အာဆီယံအဖွဲ့အတွင်း မြန်မာပါဝင်မှုက အဖွဲ့၏ အပြုသဘောဆောင်သောမူကို စမ်းသပ်အကဲဖြတ်ရာ ရောက်သော်လည်း အဖွဲ့အစည်း အား ကသိကအောက်ဖြစ်စေခဲ့သည်။ ဤသို့ဖြစ်ရသည်မှာ မြန်မာ၏ လူ့အခွင့်အရေး မှတ်တမ်းနှင့် ဒီမိုကရေစီ ဆိတ်သုဉ်း ခြင်းတို့ကြောင့် ဖြစ်သည်။ အခြားအဖွဲ့ဝင်နိုင်ငံများ၏ စိုးရိမ်မကင်း ဖြစ်မှုကြောင့် ၂ဝဝ၆ ခုနှစ်အတွက် မိမိအလှည့်ရောက်ရှိမည့် ဥက္ကဋ္ဌနေရာကို စွန့်လွှတ်ခဲ့သည်။

တရုတ်နိုင်ငံနှင့်ဆက်ဆံရေး[ပြင်ဆင်ရန်]

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာဆက်ဆံရေးမှာ ၁၉၈ဝ ပြည့်လွန်နှောင်းပိုင်းအထိ မကောင်းခဲ့ချေ။ ပုန်ကန်ထကြွနေသော ဗမာပြည်ကွန်မြူနစ်ပါတီအား ထောက်ပံ့နေခြင်းကို တရုတ်က ၁၉၈၆ ခုနှစ်တွင် ရုပ်သိမ်းလိုက်သည်။ သို့သော်လည်း ၁၉၅ဝ အစပိုင်းအထိ တရုတ်မြန်မာဆက်ဆံရေးမှာ ချဉ်ခါးတူး ဆက်ဆံရေးမျိုး ဖြစ်ခဲ့သည်။ ဦးသန့်နှင့် ဦးနုတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်အမြဲတန်း အဖွဲ့ဝင်ဖြစ်ရေးအတွက် တိုက်ပွဲဝင်ကြ သော်လည်း တိဗက် ဝင်သိမ်းမှုကိုမူ ရှုတ်ချကြသည်။

ဗြိတိသျှတို့ မြန်မာနိုင်ငံကို မသိမ်းပိုက်မီ ရှေးပဝေသဏီကတည်းက မြန်မာနှင့်တရုတ်တို့တွင် နယ်နိမိတ်အငြင်းပွားမှုများစွာ ရှိခဲ့သည်။ နောက်ဆုံး အကြိမ် နယ်နိမိတ် အငြင်းပွားမှုမှာ ၁၉၅၆ ခုနှစ်က ဖြစ်ခဲ့ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က မြန်မာနိုင်ငံ မြောက်ပိုင်းကို သိမ်းပိုက်ခဲ့ သော်လည်း တွန်းလှန်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် နယ်နိမိတ်သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။ ၁၉၆ဝ ပြည့်လွန်နှစ်နှောင်းပိုင်းက ဆန်စပါး မအောင်သည့်ကိစ္စကို ဗိုလ်ချုပ်ကြီးနေဝင်းက တရုတ်ကြောင့်ဟု ဝါဒဖြန့်ခြင်းနှင့် တိုင်းရင်းတရုတ်ကျောင်းသားများက ဥက္ကဋ္ဌမော်စီတုံး၏ စာအုပ်နီကလေးများကို ကိုင်ကာ ထောက်ခံအားပေးခြင်းများ ကြောင့် တရုတ်ဗမာ အရေးအခင်း ဖြစ်ပွားသည်။ တရုတ်သည် မြန်မာအား မာန်မဲ ကြိမ်း မောင်း၍ စကားစစ်ထိုး ခဲ့သော်လည်း အခြားအရေးယူမှုများ မပြုခဲ့ချေ။ တရုတ်ဆန့်ကျင်ရေးအဓိကရုဏ်းများ ၁၉၇ဝ နှစ်ဦးပိုင်းများအထိ ဆက်၍ ဖြစ်ခဲ့သည်။

သို့သော်လည်း ၁၉၈၆ ခုနှစ်နောက်ပိုင်းတွင် တရုတ်သည် ဘက်ပြောင်းလိုက်သည်။ စစ်အစိုးရအား စစ်လက်နက်အများစု ပံ့ပိုး ပေးခဲ့သည်။ အပြန်အလှန်အဖြစ် မြန်မာဈေးကွက်အား ပိုမိုထိုး ဖောက်ခွင့် ရခဲ့ပြီး ကပ္ပလီပင်လယ်ပြင်ရှိ ကိုကိုးကျွန်းတွင် ရေတပ်စခန်း ထားရှိသည်ဟူ၍ ကောလာဟလများ ပေါ်ထွက်ခဲ့သည်။ တရုတ်နိုင်ငံသည် ကိုကိုးကျွန်းတွင် ထောက်လှမ်းရေး သတင်းယူခွင့်အပြင် ဒုံးကျည်နှင့် အာကာသဒုံး လွှတ်လှုပ်ရှားမှုသာမက အိန္ဒိယရေတပ်၏ လှုပ်ရှားမှုများပါ စနည်းနာခွင့် ရယူခဲ့သည်ဟု ယူဆကြသည်။ တရုတ်ပြည်မှ လက်နက်ထောက်ပံ့မှုကြောင့် တိုင်းရင်းသား သောင်းကျန်းသူများက တရုတ်နိုင်ငံကို သွယ်ဝိုက်အားကိုး နေရမှုများ ရပ်တန့်သွားပြီး အစိုးရက အားသာမှုရရှိခဲ့သည်။ လက်ရှိ စစ်အစိုးရ၏ စစ်အင်အား မြင့်မားမှုမှာ ဤတရုတ်နိုင်ငံအား အဓိကအားထားရာမှ ဖြစ်ပေါ်လာသည်။

မြန်မာသည် တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) အား တရားဝင်အသိအမှတ် မပြုသော်လည်း နှစ်နိုင်ငံအကြား အခြားသောဆက်ဆံမှုမှာများလှသည်။ ၂၀၀၉ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံမှ ကုန်သည်ကြီးများ အသင်းချုပ်သည် ထိုင်ဝမ် နိုင်ငံခြား ကုန်သွယ်ရေး အဖွဲ့နှင့် ကုန်သွယ်ရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။[၁] ထိုင်ဝမ် နိုင်ငံသားများစွာသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်ပြီး ရန်ကုန်ကဲ့သို့သော မြို့ကြီးများရှိ တရုတ်အဖွဲ့အစည်းများသည်လည်း တရုတ်ပြည်မကြီးထက် ထိုင်ဝမ်နှင့်ပိုမိုနီးစပ်ကြသည်‌။ အခြားအချက်တစ်ခုမှာ ထိုင်ပေနှင့် တိုက်ရိုက်လေကြောင်း‌ ဆက်သွယ်မှုရှိပြီး ပြည်မကြီးနှင့်မူ ယူနန်ပြည်နယ်ရှိ ကူမင်းမှလွဲ၍ အခြား မည်သည့်တရုတ်မြို့ ကြီးနှင့်မျှ ဆက်သွယ်မှုမရှိချေ။

အိန္ဒိယနှင့်ဆက်ဆံရေး[ပြင်ဆင်ရန်]

မြန်မာအပေါ် တရုတ်ဩဇာလွှမ်းမိုးမှု၊ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် နယ်စပ်ခိုအောင်း ခြင်းနှင့် လက်နက်မှောင်ခိုများ ကြောင့် အိန္ဒိယနိုင်ငံ သည်လည်း စစ်အစိုးရနှင့် ဆက်ဆံရေးကို ပြန်လည်ဖာထေးလျက်ရှိသည်။ အိန္ဒိယနိုင်ငံ၏ ခေါင်သီသည့် အရှေ့မြောက်ပြည်နယ်များသည် တရုတ်နှင့် ကုန်သွယ်ရေးပွင့်နေသည်။ မန္တလေးသို့ ဆက်သွယ်ရန် လမ်းမတစ်ခုအပြင် များစွာသောစီးပွားရေး သဘောတူညီမှုများကို သဘောတူချုပ်ဆိုခဲ့သည်။ ထို့ပြင် မြန်မာဆိပ်ကမ်းများကိုလည်း လမ်းဖွင့်ပေးခဲ့သည်။ ယခင် အိန္ဒိယကာကွယ်ရေးဝန်ကြီးနှင့် မြန်မာကို ဝေဖန်သူ ဂေျာ့ဖာနန်ဒက်က ဘီဘီစီနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ကိုကိုးကျွန်းသည် အိန္ဒိယပိုင်ဖြစ်ပြီး နေရူးက မြန်မာအား လက်ဆောင်အဖြစ် ပေးလိုက်ခြင်း ဖြစ်သည်ဟု (အံ့ဩစရာ မဟုတ်သော် လည်း) ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ကိုကိုးကျွန်းသည် အိန္ဒိယပိုင် နီကိုဗါကျွန်းမှ ၁၈ ကီလိုမီတာ ဝေးကွာသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်[ပြင်ဆင်ရန်]

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ နိုင်ငံကို အုပ်ချုပ်ခဲ့သော နေဝင်း၏ လမ်းစဉ်ဖြစ်သည်။ ယင်း လမ်းစဉ်တွင် ဆိုရှယ်လစ်ဝါဒသည် စံပြဝါဒဖြစ်သည်။ ပြည်သူပိုင် စက်မှုလုပ်ငန်း စသည်ပါဝင်ခဲ့သည်။ သို့သော်လည်း အများလက်ခံထား သော မူဝါဒမဟုတ် သည်များလည်း ပါဝင်သည်။ ၎င်းတို့တွင် ပြင်းထန်သော အထီးကျန်ဝါဒ၊ နိုင်ငံခြားသားများအား နှင်ထုတ်ခြင်း၊ ကမ္ဘာလှည့်ခရီးသွားများအား ဟန့်တားခြင်း၊ စီးပွားရေးပိတ်ဆို့ခြင်း၊ လူနည်းစုဝင်များအား ဖိနှိပ်ခြင်းနှင့် အာဏာရှင်နိုင်ငံတည်ဆောက်ခြင်းတို့ ပါဝင်သည်။ နေဝင်း၏ လမ်းစဉ်တွင် ကိုးကွယ်ယုံ ကြည်‌မှုစစ်စစ်က လူများ လောဘနည်း စေရန် တိုက်တွန်းသည်။ လက်တွေ့တွင်မူ ဤလမ်းစဉ်သည် နိုင်ငံတော်က ကမကထပြုသည့် ဗုဒ္ဓဘာသာကို ပုံစံ ချခြင်း ဖြစ်ပြီး အစပိုင်းက ကိုးကွယ်မှုအားလုံးအား အခွင့်အရေး ပေးထားသည်။ မည်သည့်ဘာသာတစ်ခုကိုမျှ ဦးစားမပေးဟုဆိုသည်။ နေဝင်းသည် ဂဏန်း ဗေဒင်ပေါ်တွင် မှီခိုသည်။ သို့သော် ဤသည်မှာ တရားဝင်မဟုတ်ချေ။

လမ်းစဉ်သည် မြန်မာနိုင်ငံအတွက် အကြီးကျယ်ဆိုးကျိုး ဖြစ်စေခဲ့သည်။ ဆယ်စုနှစ်နှစ်ခုနေါက်ပိုင်းတွင် ဤစနစ်သည် ပြဿနာတက်နေသော် လည်း ငွေကြေးအရ တည်ငြိမ်သည့် အခြေအနေမှ ဆိုးရွားပြီး စီးပွားရေးချွတ်ခြုံကျသည့် အခြေအနေသို့ တွန်းပို့ခဲ့သည်။ ငွေကြေးစနစ်ကို ၉ ဂဏန်းအပေါ် တည်စေ သည့် စနစ်ကို ကျင့်သုံးပြီး နောက် စစ်တပ်က ပုန်ကန်ခဲ့သည်။ ဤကိစ္စက အာဏာရှင်ဆန်သော 'မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်' ကို နောက်ထပ် အာဏာရှင် ဆန်သော စနစ်သစ်တစ်ခုဖြင့် အစားထိုးလိုက်ပြန်သည်။

မှောင်ခိုဈေးကွက်[ပြင်ဆင်ရန်]

မှောင်ခိုဈေးကွက် သို့မဟုတ် တရားမဝင် မြေအောက် ဈေးကွက်သည် တရားမဝင်သော စီးပွားရေးဖလှယ်မှုများ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို တရားမဝင်ဘဲ ရောင်းဝယ် ဖောက်ကား ခြင်းများ ပါဝင်သည့်စနစ်ဖြစ်သည်။ ကုန်ပစ္စည်းများမှာ တရားမဝင် ရောင်းချခြင်းမျိုး (ဥပမာ၊ လက်နက် သို့မဟုတ် မူးယစ်ဆေးဝါး) ဖြစ်သည်။ ပစ္စည်းများမှာ တရားဝင်ပစ္စည်း ဖြစ်သော်လည်း အခွန်ဘဏ္ဍာတိမ်း ရှောင်လိုခြင်း သို့မဟုတ် လိုင်စင်ပါမစ် မရှိခြင်း ဥပမာ စီးကရက် သို့မဟုတ် မှတ်ပုံမတင်ထား သည့် လက်နက်များလည်းပါသည်။ ဤသို့ခေါ်တွင်ရခြင်းမှာ 'မှောင်ခိုဈေးကွက်' သို့မဟုတ် 'မှောင်ခိုစီးပွားရေး စနစ်' မှာ ဥပဒေ ပြင်ပတွင်သာ ရပ်တည်လျက်ရှိပြီး အမှောင်ထဲတွင်သာ တည်ရှိသည်။ ဥပဒေ၏ မြင်ကွင်းတွင်မရှိချေ။

မှောင်ခိုဈေးကွက်သည် အစိုးရက ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများအား ကန့်သတ်ချုပ်ချယ်ခြင်းများ ပြုသည့်အခါတွင် ပေါ် ပေါက်လာလေ့ ရှိသည်။ ဤဈေးကွက်ပုံစံမျိုးသည် နိုင်ငံတော်မှ ထိန်းချုပ်မှု တင်းကျပ်သည့် အခါမျိုး၊ တစ်ခုခုကို တား မြစ်ပိတ်ပင်ထားသည့်ကာလ သို့မဟုတ် ခွဲတမ်း စနစ် ကျင့်သုံးသည့်ကာလတွင်ဖြစ်ပေါ်သည်။ သို့သော်လည်း မှောင်ခိုစီးပွားရေးစနစ်သည် လူအများသိရှိသည့် စီးပွားရေးစနစ်တိုင်းတွင် ရှိနေသည်။

သံတမန် ဆက်ဆံရေး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ နှင့် သံတမန် အဆက်အသွယ်ရှိသော နိုင်ငံများ စာရင်း

ကိုးကား[ပြင်ဆင်ရန်]