သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
Ministry of Science and Technology
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၂ ​အောက်တိုဘာ ၁၉၉၆
  • ၁၇ ဇွန် ၂၀၂၁
ဖျက်သိမ်းခြင်း၃၀ မတ် ၂၀၁၆ (ပထမအကြိမ်)
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် (၂၁)၊ နေပြည်တော်
ဝန်ကြီးများဒေါက်တာမျိုးသိန်း​ကျော်[၁]
ဒုတိယဝန်ကြီးများ​ဒေါက်တာ ​အောင်​ဇေယျ
ဝက်ဘ်ဆိုက်most.gov.mm

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် သိပ္ပံ၊ နည်းပညာ နှင့် ပတ်သက်၍ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနထားရှိသည်။ ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် ဖျက်သိမ်းပြီး ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ) အဖြစ် ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိခဲ့ကာ ၂၀၂၁ခုနှစ်တွင် ပညာ​ရေးဝန်ကြီးဌာနလက်​အောက်မှ ပြန်ခွဲထုတ်၍ သီးခြားပြန်လည် ဖွဲ့စည်းခဲ့သည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နိုင်ငံတော်အတွက် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရန်နှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအား ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၀/၉၆)ဖြင့် ဝန်ကြီးဌာန အသစ်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ

ဝန်ကြီးဌာနလက်​အောက်တွင် နည်းပညာတက္ကသိုလ် (၃၃)ခု၊ ကွန်ပျူတာတက္ကသိုလ် (၂၇)ခု၊ အစိုးရနည်းပညာ​ကောလိပ် (၇)ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ (၂၂)ခု၊ အစိုးရနည်းပညာအထက်တန်း​ကျောင်း (၃၅)ခု၊ သက်​မွေးပညာသင်တန်း​ကျောင်း (၉)ခုတို့ တည်ရှိသည်။

ယခင်ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

အကြီးအကဲများ[ပြင်ဆင်ရန်]

ဝန်ကြီးများစာရင်း (၁၉၉၆ - ၂၀၁၁)[ပြင်ဆင်ရန်]

ပြည်ထောင်စုဝန်ကြီးများစာရင်း (၂၀၁၁ - လက်ရှိ)[ပြင်ဆင်ရန်]

လုပ်ငန်းစဉ်များ[ပြင်ဆင်ရန်]

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအား အောက်ဖော်ပြပါအတိုင်း ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။

  • အဆင့်မြင့်ပညာရေးကဏ္ဍ
  • စက်မှုနှင့် သက်မွေးပညာရေးကဏ္ဍ
  • ဥပဒေများ ရေးဆွဲအတည်ပြုရေးကဏ္ဍ
  • သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍ

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

https://myanmar.gov.mm/my/ministry-of-science-and-technology

ပြင်ပအဆက်အသွယ်[ပြင်ဆင်ရန်]