ခင်မောင်ရီ
ဗိုလ်မှူး (ငြိမ်း) စည်သူ၊ ဦး ခင်မောင်ရီ | |
|---|---|
| နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | မင်းအောင်လှိုင်အစိုးရ |
| သမ္မတ | မင်းအောင်လှိုင် |
| လက်ထောက် | ခင်လတ် |
| ယခင်လူ | ရာထူးစတင် |
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၁၆ မတ် ၂၀၂၆ – ၁၀ ဧပြီ ၂၀၂၆ | |
| ယခင်လူ | ဝင်းဝင်း (NLD) (၂၀၁၅ ရွေးကောက်ပွဲ) |
| ဆက်ခံသူ | လစ်လပ် |
| မဲဆန္ဒနယ် | မင်းဘူးမြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ခိုင်လုံမဲ ၃၅၄၂၇ (၄၉.၅၅ရာခိုင်နှုန်း) |
| သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| သမ္မတ | မင်းအောင်လှိုင် (ယာယီသမ္မတ) |
| လက်ထောက် | ဦးမင်းသူ |
| ဝန်ကြီးချုပ် | ညိုစော |
| ယခင်လူ | ကိုယ်တိုင် |
| ဆက်ခံသူ | ဆန်းဦး |
| တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ | မြင့်ဆွေ (ယာယီ) မင်းအောင်လှိုင် (ယာယီတာဝန်) |
| လက်ထောက် | ဦးမင်းမင်းဦး (၂၀၂၁-၂၂) ဦးထွန်းအုံ (၂၀၂၂-၂-၂၃) ဦးမင်းသူ |
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| ယခင်လူ | အုန်းဝင်း |
| ဆက်ခံသူ | ကိုယ်တိုင် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၅ ဖေဖော်ဝါရီ ၁၉၆၅ (အသက် ၆၁) |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
| ဆုတံဆိပ်များ | သီရိပျံချီဘွဲ့ (၂၀၂၂) စည်သူဘွဲ့ (၂၀၂၆) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၈၉ -၂၀၀၃ |
| ရာထူး | ဗိုလ်မှူး |
ဦးခင်မောင်ရီ (၁၅ ဖေဖော်ဝါရီ ၁၉၆၅ ဖွား) သည် ဦးမင်းအောင်လှိုင်အစိုးရက စတင်ဖွဲ့စည်းခဲ့သော သမ္မတရုံး ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ထိုရာထူး အဆိုပြုခန့်အပ်ခံရသူဖြစ်သည်။[၁][၂]
သူသည် ဦးညိုစောအစိုးရ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂ခုစလုံးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့သည်။[၃] စစ်ကောင်စီက ထိုရာထူးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့တွင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါရာထူးတွင် ခန့်အပ်မခံရမီက ဦးခင်မောင်ရီသည် ယင်းဝန်ကြီးဌာနတွင် အမြဲတမ်းအတွင်းဝန်(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ) အဖြစ် ထမ်းဆောင်ခဲ့သည်။[၄]
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]ဦးခင်မောင်ရီသည် ၁၉၈၆ တွင် ဗိုလ်သင်တန်းကျောင်းသို့ တက်ရောက်ကာ ၂၀ဝ၃ ခုနှစ် မတိုင်ခင်အထိ စစ်မှုထမ်းသည်။ ယင်းနောက် သစ်တောရေးရာဝန်ကြီးဌာန သို့ အရပ်သား အရာရှိဘဝ ဖြင့် ကူးပြောင်းလာသည်။ထိုမှ တဆင့် ရာထူးအဆင့်ဆင့်တိုးပြီး သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ လက်ထက် တွင် မြန်မာ့သစ်လုပ်ငန်း ၏ အကြီးအကဲ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်လာသည်။[၅] [၆] သူသည် သမ္မတဦးထင်ကျော် လက်ထက်၊ သမ္မတ ဦးဝင်းမြင့် လက်ထက် တို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန် အဖြစ် တာဝန်ထမ်းဆောင်သည်။
ဝန်ကြီးဘဝ
[ပြင်ဆင်ရန်]သူ့ကို စစ်ကောင်စီက စစ်အာဏာသိမ်းပြီး ၁ရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရာထူးမှ နေ၍ ယင်းဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်သည်။ [၇]
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး အဖြစ် ဆက်လက် ခန့်အပ်ခံရသည်။
နိုင်ငံရေးဖြတ်သန်းမှု
[ပြင်ဆင်ရန်]အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး မင်းဘူးမဲဆန္ဒနယ်မှနေ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။အဆိုပါမဲဆန္ဒနယ်တွင် ပြည်သူ့ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပါ ဝင်ပြိုင်ခဲ့ကြသည်။ဦးခင်မောင်ရီသည် မင်းဘူးမြို့နယ်အတွင်း မဲပေးကြသူများ၏ ခိုင်လုံမဲ စုစုပေါင်း ၇၁၅၀၁ မဲ ရှိရာတွင် ၃၅၄၂၇မဲ ဖြင့် (မဲပေးကြသူများ၏ ရာခိုင်နှုန်း ၄၉.၅၅ ရာခိုင်နှုန်းဖြင့်)အနိုင်ရရှိခဲ့သည်။ဤသို့ဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။[၈]
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြခဲ့သည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး အမည်စာရင်းတွင် ထည့်သွင်းခြင်း ခံခဲ့ရသည်။ အဆိုပါ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်က ဧပြီလ ၉ ရက်နေ့တွင် သဘောတူညီခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။[၉]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် နေထိုင်နေသည့် ယွန်းနဒီ မှာ ဦးခင်မောင်ရီ ၏ သမီးဖြစ်သည်။[၁၀]
အရေးယူပိတ်ဆို့ခံရမှု
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားသားပိုင် ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာနက ဦးခင်မောင်ရီကို စီးပွားရေး ပိတ်ဆို့ခံ လူပုဂ္ဂိုလ် အထူးစာရင်းထဲ ထည့်သွင်းသည်။ အလားတူ ဥရောပသမဂ္ဂ အဖွဲ့ကလည်း ၂၀၂၁ ခုနှစ် ဇွန် ၂၁ ရက်နေ့တွင် ဦးခင်မောင်ရီ ကို အရေးယူပိတ်ဆို့ ကြောင်း ကြေညာသည်။[၁၁] ထို့အပြင် ၂၀၂၁ ခုနှစ် ဇူလိုင် ၁ရက်နေ့တွင် ဆွစ်ဇာလန် အစိုးရက ဒဏ်ခတ်အရေးယူသည်။ [၁၂]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် ၊ မတ်လ ၂၇ ရက် တွင် သီရိပျံချီဘွဲ့ အပ်နှင်းသည်။ [၁၃]
၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာနိုင်ငံ၏ အစိုးရသစ်၌ ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခု ဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု (in en-US)။ 2026-04-08 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ၃၀ ရဲ့ အမည်စာရင်းတွေကို လွှတ်တော်မှာတင် (in my) (2026-04-07)။ 2026-04-08 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (၂၉ စက်တင်ဘာ ၂၀၂၃)။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အနာဂတ်အတွက် အရန်သတ္တုသိုက်ဧက ၁ သန်းကျော်ချန်ထားဟု အမြဲတမ်းအတွင်းဝန် ဆို။ DVB (၂၆ ဧပြီ ၂၀၁၇)။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Winfried F. Wicklein ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေး (၂၁-၁-၂၀၁၅)။ သစ်တောဦးစီးဌာန (၂၁ ဇန်နဝါရီ ၂၀၁၅)။ 4 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာစစ်အစိုးရ၏ သဘာဝပတ်ဝန်းကျင်ဝန်ကြီးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့။ EIA (၁၈ မေ ၂၀၂၁)။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ UNION MINISTER APPOINTMENT: STATE ADMINISTRATION COUNCIL ISSUES ORDER NO (9/2021)။ mitv (3 February 2021)။ 2 October 2023 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}.။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်။ ၁၉ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
- ↑ ဦးခင်မောင်ရီ။ nwayoomyanmar (၄ မတ် ၂၀၂၁)။ 4 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ implementing Regulation (EU) No 401/2013 concerning restrictive measures in view of the situation in Myanmar/Burma။ THE COUNCIL OF THE EUROPEAN UNION (21 June 2021)။ 2 October 2023 တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင် မိသားစုဝင်နှင့် ဆက်စပ်လုပ်ငန်းများကို အမေရိကန် ထပ်တိုးအရေးယူ။ ဧရာဝတီသတင်း (၃ ဇူလိုင် ၂၀၂၁)။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (၂၇ မတ် ၂၀၂၂)။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။