မာတိကာသို့ ခုန်သွားရန်

ညွန့်ဖေ

ဝီကီပီးဒီးယား မှ
ဒေါက်တာ

ညွန့်ဖေ
ပညာရေး ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၁၆ ​ဖေ​ဖော်ဝါရီ ၂၀၂၁  ၃၁ ဇူလိုင် ၂၀၂၅
ယခင်လူ​ဒေါက်တာမျိုးသိမ်းကြီး
ဆက်ခံသူဒေါက်တာ ချောချောစိန်
ပုသိမ်တက္ကသိုလ် ပါ​မောက္ခချုပ်
တာဝန်သက်တမ်း
၂၁ ဇန်နဝါရီ ၂၀၁၀  ၂၃ ​အောက်တိုဘာ ၂၀၁၇
လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာ​ရေး) ညွှန်ကြား​ရေးမှူးချုပ်
တာဝန်သက်တမ်း
​၂၀၁၇  ၂၀၂၁

ဒေါက်တာညွန့်ဖေသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းမှုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ခန့်အပ်ထားသော ပညာရေးဝန်ကြီးဖြစ်သည်။ ယခင်က ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ထိုတက္ကသိုလ်တွင် ငွေကြေးအရှုပ်အရှင်းများကြောင့် နိုင်ငံတော်သမ္မတရုံး၏ ဖြေရှင်းချက်တောင်းခြင်း ခံခဲ့ရသူဖြစ်သည်။[]

ငွေကြေးအရှုပ်အရှင်းကိစ္စများ

[ပြင်ဆင်ရန်]

ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်မှ နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ပညာရေးလေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ရန် အမိန့်စာထွက်လာချိန်တွင် ပါမောက္ခချုပ် အခွင့်အာဏာမရှိတော့ပဲ ပုသိမ်တက္ကသိုလ်၏ ဝန်ထမ်းအိမ်ရာအဟောင်းများကို အသစ်တည်ဆောက်ရန် ကုမ္ပဏီတစ်ခုနှင့် အလျှင်အမြန် စာချုပ်ချုပ်ဆိုခဲ့သည်။[]ထို့အပြင် ကျောင်းသားများအပေါ် ငွေကြေးကောက်ခံမှုများ၊ ကျောင်းတွင်းငွေကြေးသုံးစွဲမှုများနှင့်လည်း ပြဿနာများ ရှိခဲ့သူဖြစ်သည်။[][]

ကိုးကား

[ပြင်ဆင်ရန်]