မာတိကာသို့ ခုန်သွားရန်

အောင်လင်းထွန်း

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်

အောင်လင်းထွန်း
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၁၁ မေ ၂၀၂၁  ၂၈ မေ ၂၀၂၄
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတဦးမြင့်ဆွေ (ယာယီ)
ခေါင်းဆောင်မြထွန်းဦး
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဗိုလ်ချုပ် မြင့်နွယ်
ဆက်ခံသူဗိုလ်ချုပ် ကိုလေး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၇၁
မိခင်ကျောင်းစစ်တက္ကသိုလ် အပတ်စဉ်(၃၃)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
ပြန်တမ်းဝင်အမှတ်ကြည်း ၂၃၁၆၈

ဗိုလ်ချုပ် အောင်လင်းထွန်း (၁၉၇၁ ဖွား) သည် ကာကွယ်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[] ယင်းမတိုင်မီက သူသည် တပ်မတော် တွင် တွဲဖက် စစ်ထောက်ချုပ် ဖြစ်ခဲ့သည်။

ပညာရေးနှင့် စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၃) ဆင်း ဖြစ်သည်။[] ပြန်တမ်းဝင်အမှတ် ကြည်း ၂၃၁၆၈ ဖြင့် တပ်မတော် တွင် စစ်မှုထမ်းသည်။တပ်မတော် တွင် တာဝန် အဆင့်ဆင့်ထမ်းဆောင်ပြီးနောက် တပ်မ ၂၂ တပ်မမှူး အဖြစ် ရာထူးတိုးသည်။ယင်းနောက် တွဲဖက် စစ်ထောက်ချုပ် (၁) အဖြစ် ဆက်လက်ရာထူးတိုးသည်။ []

ဒုတိယဝန်ကြီးဖြစ်လာပုံ

[ပြင်ဆင်ရန်]

တပ်မတော် က ၂၀၂၁ ဖေဖော်ဝါရီ တွင် စစ်အာဏာသိမ်းပြီးနောက် သူသည် ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး ဖြစ်လာသည်။[] []

ပဟေဠိသဖွယ်ရာထူးမှဖယ်ရှားခံရမှု

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ် မေလ ၂၈ ရက်နေ့တွင် စစ်ကောင်စီ က အမိန့်အမှတ် (၂၄/၂၀၂၄) ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအသစ်တစ်ဦး အား ခန့်အပ်ခဲ့သည်။[] ထိုသို့ ခန့်အပ်ခဲ့ပြီး တစ်ရက်အကြာ မေလ ၃၀ရက်နေ့တွင် အစိုးရအဆက်ဆက် အမိန့်အမှတ်ဖြင့် ထုတ်ပြန်လေ့ရှိကြသော ရာထူးမှ အနားပေးခြင်း၊ရပ်စဲခြင်း စသည့် မည်သည့်အမိန့်စာကိုမှ ထုတ်ပြန်ခြင်းမပြုဘဲ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ကဖော်ပြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများစာရင်း ထဲမှနေ၍ ဗိုလ်ချုပ်အောင်လင်းထွန်း၏ အမည်အား ဖယ်ရှားခဲ့သည်။[] သူ့ကို ၂၀၂၄ခုနှစ် တပ်မတော်နေ့ မတိုင်မီ ကတည်းက တရုတ်နိုင်ငံကပေးသည့် ကျားဖြန့် ဆက်စပ်စာရင်းကြောင့် တပ်မတော်က ထိန်းသိမ်းစစ်ဆေးလိုက်ပြီး [] [] ရာထူးနေရာမှ အမည်ဖယ်ရှားခံရသည်အထိ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သော်လည်း ၎င်းအား တပ်မတော်မှ ထုတ်ပယ်ကာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည်။[၁၀]

အရေးယူပိတ်ဆို့ခံရမှု

[ပြင်ဆင်ရန်]

ဥရောပသမဂ္ဂ အဖွဲ့ က ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ရက် တွင် ၎င်းအား ဒီမိုကရေစီ နှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေမှု၊ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများထဲ တာဝန်ရှိသူ တစ်ဦးဟု သတ်မှတ်ဖော်ပြပြီး ပိတ်ဆို့အရေးယူမှုစာရင်း ထဲ ထည့်သွင်းသည်။[၁၁] [၁၂] ယင်းအပြင် ဆွတ်ဇာလန်နိုင်ငံ က ၂၀၂၁ ခုနှစ် ဇူလိုင် ၁ရက် တွင် လည်းကောင်း[၁၃] စသည်ဖြင့် အရေးယူပိတ်ဆို့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Aung Lin Tun open sanctions 1 April 2024 တွင် ပြန်စစ်ပြီး။
  2. ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဖြစ်လာ The Irrawaddy (၁၂ မေ ၂၀၂၁)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား Myanmar Digital News (၂၈ အောက်တိုဘာ ၂၀၂၀)။ 1 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း CINCDS Myanmar (၁၁ မေ ၂၀၂၁)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi ကို လက်ခံတွေ့ဆုံ ပြန်ကြားရေးဝန်ကြီးဌာန၊သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (၂၄ ဇန်နဝါရီ ၂၀၂၄)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ကာကွယ်ရေးဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကိုလေး ခန့်အပ်ခံရ Eleven Media Group (၂၉ မေ ၂၀၂၄)။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ကာကွယ်ရေးဒုဝန်ကြီးကို စစ်ကောင်စီ အနားပေး RFA Burmese (၂၉ မေ ၂၀၂၄)။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. တရုတ်တောင်းဆိုမှုကြောင့် ကာကွယ်ရေးဒုဝန်ကြီးကို ကျားဖြန့်သံသယဖြင့် စစ်ကောင်စီဖမ်းဆီး Myanmar Now (၃ ဧပြီ ၂၀၂၄)။ 30 May 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. တရုတ်ကပေးတဲ့စာရင်းကြောင့် ဗိုလ်ချုပ်တွေစစ်ဆေးခံနေရ BBC Burmese (၃ ဧပြီ ၂၀၂၄)။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. စစ်ခေါင်းဆောင်က ကာကွယ်ရေးဒုဝန်ကြီးသစ်ခန့်၊ တပ်တွင်းရာထူးများ အပြောင်းအလဲလုပ် DVB (၂၉ မေ ၂၀၂၄)။ ၃၀ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. implementing Regulation (EU) No 401/2013 concerning restrictive measures in view of the situation in Myanmar/Burma COUNCIL IMPLEMENTING REGULATION (EU) 2021/998 (21 June 2021)။ 1 April 2024 တွင် ပြန်စစ်ပြီး။
  12. လူပုဂ္ဂိုလ်ရှစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းကြီးသုံးခုကို အီးယူ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ RFA Burmese (၂၁ ဇွန် ၂၀၂၁)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  13. စစ်ကောင်စီဝန်ကြီးတချို့အပေါ် ဆွစ်ဇာလန် ဒဏ်ခတ်အရေးယူမှုအသစ် ချမှတ် VOA Burmese (၁ ဇူလိုင် ၂၀၂၁)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။