ဗမာနှင့်မြန်မာ ဝေါဟာရများအားရှင်းလင်း ပြသခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
State seal of Myanmar.svg
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်

ဗမာနှင့် မြန်မာ ဝေါဟာရများအား ရှင်းလင်း ပြသခြင်း[ပြင်ဆင်ရန်]

အင်္ဂလိပ်ဘာသာဖြင့် ဘားမားကို မြန်မာဟု ပြောင်းလဲရန် စစ်အစိုးရက ၁၉၈၉ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ခြင်းသည် အငြင်းပွားစရာ ဖြစ်ခဲ့သည်။ အောက်ပါ အသေးစိတ်ရှင်းလင်းချက်သည် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့တွင် ဤဗမာနှင့် မြန်မာအမည်နာမများ သုံးစွဲကြပုံကို ရှင်းထားခြင်း ဖြစ်သည်။

မြန်မာနာမည်များ[ပြင်ဆင်ရန်]

မြန်မာစကားတွင် နိုင်ငံဖြစ်သော ဘားမား/မြန်မာကို မြန်မာပြည် သို့မဟုတ် ဗမာပြည်ဟု ခေါ် သည်။ မြန်မာသည် စာအရ ရေးသားခေါ်ဆိုရာတွင် သုံးပြီး ဗမာကိုမူ စကားပြော၊ အရပ်သုံးစကားတွင် အသုံးပြုသည်။ မြန်မာစကားသည် အခြားသော အရှေ့တောင်အာရှ ဘာသာစကားများ၊ ဥပမာ ဂျားဗားကျွန်းဘာသာစကားကဲ့သို့ ဝေါဟာရနိမ့်မြင့်စဉ်များစွာ ပါရှိသည်။ စာစကားနှင့် အရပ်သုံးစကားတို့တွင် များစွာခြားနားတတ်ကြသည်။ အရပ်သုံးစကားအရ ဗမာဟူသော စကားရပ်သည် မြန်မာမှပင် အရင်းခံလာသည်။ ဤ 'မ' သံကို 'ဘ' ဖြင့် အစားထိုးမှုမှာ အရပ်သုံးဗမာစကား တွင် အများအပြားရှိပြီး[ကိုးကားချက်လိုသည်] အခြားသောစကားလုံးများ၌လည်း တွေ့နိုင်သည်။ ဗမာသည် မြန်မာအား ပြောင်းလဲအသံထွက်ရာမှ ပေါ်လာသည်ဖြစ်သော်လည်း[ကိုးကားချက်လိုသည်] အသုံးနှစ်ခုလုံးကို ရှေးပဝေသဏီကပင် သုံးနှုန်းလာခဲ့ကြပြီ ဖြစ်သည်။

ပထမဦးဆုံး နိုင်ငံ၏ အမည်ကို ၁၁ဝ၂ ခုနှစ် မွန်ကျောက်စာတစ်ချပ်တွင် တွေ့မြင်ရပြီး အမည်ကို မီးန်မာဟု စကားလုံး ပေါင်းထားသည်။ ၁၁၉ဝ ခုနှစ်က ထွင်းခဲ့သည့် မြန်မာ ကျောက်စာ မှတ်တမ်းတွင်မူ နိုင်ငံအမည်ကို မရန်မာဟု အသံထွက်ရေးထွင်းခဲ့သည်[ကိုးကားချက်လိုသည်]။ ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံအမည်ကို မရန်မာဟု ဆက်လက်ရေးသားကြသော်လည်း ကာလကြာရှည်သောအခါ မြန်မာစကားအများဆုံး အတော်များများမှ 'ရ' သံပျောက်ကွယ်သွားပြီး ပြေပြစ်သည့် ' မြ' ဟူသည့်အသံထွက်နှင့် အစားထိုးလာကြသည်။ စာတွင် မြန်မာကို မရန်မာဟု ရေးသား သော်လည်း အသံထွက်တွင်မူ 'မြန်မာ' ဟု ထွက်ဆိုသည်။ တရုတ်တွင်မူ ပထမဆုံးအကြိမ်အဖြစ် ၁၂၇၃ ခုနှစ်တွင် တွေ့ရှိရပြီး မန်းဒရင်းဘာသာဖြင့် မီယန်ဟုရေးသားသည်။ ဟန်တရုတ်များနှင့် အခြား အရှေ့အာရှသားများ၊ ဗီယက်နမ်ကဲ့သို့သော လူမျိုးများက ယနေ့တိုင် အသုံးပြုကြဆဲဖြစ်သည်။

ဝေါဟာရဇာစ်မြစ်ဗေဒအရ မရန်မာ၏အစမှာ မရှင်းပေ။ တရားဝင် မြန်မာအစိုးရ လက်ခံထားချက်အရ သက္ကတစာမှ ဆင်းသက်လာခြင်းဟု ခံယူထားပြီး သက္ကတ ဗြဟ္မာဟူသည့် ဝေါဟာရမှ ဆင်းသက်သည်ဟု ခံယူထားသည်။ ဗြဟ္မာတို့၏ ပြည်မှ ကမ္ဘာဦးလူသားများ ထွက်ပေါ်သည်ဟု မှတ်ယူကြသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အိန္ဒိယနိုင်ငံသို့ သီဟိုဠ်မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက သယ်ဆောင်လာသည့် အယူအဆဖြစ်ပြီး ဤအသုံးအနှုန်းမှာ ခေတ်မစား တော့ပေ။ ဗမာ/မြန်မာကို အိန္ဒိယနိုင်ငံတွင် ဗြဟ္မာဒေ့ရှ် (ဗြဟ္မာ့မြေ) ဟုသိရှိထား ကြသည်။ဘာသာဗေဒပညာရှင်အများစုက ဤအယူအဆကို ငြင်းပယ်ကြသည်

လွတ်လပ်ရေး မရမီ ဆယ်စုနှစ်ကျော်ကာလများက လွတ်လပ်သောအဖွဲ့အစည်းများက အသစ်ပေါ်ထွက်လာသည့် တိုင်းပြည်အတွက် နာမည်ကို ရွေးချယ်ခဲ့ကြရာ ဗမာတစ်မျိုးတည်းမဟုတ်ဘဲ တိုင်းရင်းသားအများစုကိုပါ ခြုံငုံမည့်အမည်ကို စဉ်းစားကြသည်။ ၁၉၂ဝ ပြည့်နှစ် ဝန်းကျင်က နိုင်ငံအမည်ကို မြန်မာဟု ခေါ်လိုကြသည်[ကိုးကားချက်လိုသည်]။ ၁၉၃ဝ ပြည့်ဝန်းကျင်က လက်ဝဲယိမ်းနိုင်ငံရေးပါတီများက ဗမာသည် မြန်မာထက် တိုင်းရင်းသားလူမျိုးစုများအား ကိုယ်စားပြုသည်ဟု ယူဆကြခြင်းကြောင့် ဖြစ်သည်[ကိုးကားချက်လိုသည်]ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်အစိုးရက နိုင်ငံအမည်အား ဗမာဟုပင် ခေါ်ခဲ့သည်။ သို့သော်လည်း လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ်တွင် နိုင်ငံသစ်၏ အမည်ကို မြန်မာဟု ရွေးချယ်ကြသည်။ ဤအမည်မှာ ၁၉၄၈ ခုနှစ်စ၍ ယနေ့တိုင်အသုံး ပြုခဲ့သော ဘားမား/ မြန်မာမှာ တရားဝင် ရုံးသုံး ဖြစ်ခဲ့ပြီး ဗမာကိုမူ မြန်မာလူမျိုးများက အရပ်သုံးစကားအဖြစ် သုံးစွဲခြင်း ပြုကြသည်။ လွတ်လပ်ရေးမတိုင်မီက ကြုံတွေ့ရ သော အငြင်းပွားမှုများ ကြားထဲက သမိုင်းအထောက်အထားများအရ ဗမာနှင့် မြန်မာဟူသော အသုံးအနှုန်းများ သည် (၂ဝ ရာစုခေတ်မတိုင်မီက) ဧရာဝတီမြစ်ဝှမ်း နေ မြန်မာလူမျိုးများ တည်ထောင်ခဲ့သည့် အုပ်ချုပ်မှုဒေသများကိုသာ ရည်ညွှန်းထား ခြင်းဖြစ်ပြီး လက်ရှိတိုင်းရင်းသားလူနည်းစုများ မပါဝင်ချေ။ သမိုင်းကြောင်းအရ မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အမည်နာမ မရှိခဲ့ချေ။ လက်ရှိအနေ အထားတွင် ဗြိတိသျှကိုလိုနီအာဏာပိုင်များမှ ရှေးခေတ်ဗမာပြည်၏ အစိတ်အပိုင်း မည်သည့်အခါကမျှ မဖြစ်ခဲ့ဖူးသော အစွန်အဖျားဒေသ(ဗမာစကားမသုံးသော လူမျိုးများ နေထိုင်ရာဒေသ) များကိုထည့်သွင်းပြီး ဖန်တီးထားသောနယ်မြေဖြစ်သည်။

အင်္ဂလိပ်အမည်များ[ပြင်ဆင်ရန်]

လွတ်လပ်ရေးရချိန်က အင်္ဂလိပ်လို ရွေးချယ်ခဲ့သည့် အမည်မှာ ဘားရ်မား ဖြစ်သည်။ ဤအမည်မှာ ၁၉၄၈ ခုနှစ် မတိုင်မီက ဗြိတိသျှများသုံးခဲ့သည့် အမည်ပင်ဖြစ်သည်။ ဤအမည်မှာ ပေါ်တူဂီများထံမှ လာပြီး ၁၈ ရာစုနှစ်တွင် အင်္ဂလိပ်များက ပေါ်တူဂီများထံမှ မွေးစားရယူထားခြင်းဖြစ်သည်ဟု ယူဆရသည်။ ပေါ်တူဂီများကလည်း အိန္ဒိယတို့၏ ဘားရ်မားဟုခေါ်ဆိုသည်ကို ဆက်လက်မွေးစားခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ၁၆ ရာစုနှင့် ၁၇ ရာစုအတွင်း အိန္ဒိယဘာသာ စကားတစ်ခုခုမှ ရယူခဲ့ခြင်း ဖြစ်နိုင်သည်။ ဤအိန္ဒိယအမည် ဘားရ်မားသည်လည်း အရပ်သုံး မြန်မာစကား ဗမာမှပင် ဆင်းသက်ခြင်း ဖြစ်နိုင်သလို အိန္ဒိယစကား ဗြဟ္မာဒေ့ရှ်မှလာခြင်းလည်း ဖြစ်နိုင်သည်။ တစ်ထစ်ချ ဆုံးဖြတ်၍ကား မရနိုင်ပေ။

၁၉၈၉ ခုနှစ်က မြန်မာစစ်အစိုးရသည် နေရာဒေသများ၏ အင်္ဂလိပ်အမည်များကို ပြန်လည်သုံးသပ်ရန် ကော်မရှင်တစ်ခု ဖွဲ့ခဲ့သည်။ ကော်မရှင်၏ ရည်ရွယ်ချက်မှာ ၁၉ ရာစုနှစ်က ဗြိတိသျှကိုလိုနီအာဏာပိုင်များက သုံးနှုန်းခဲ့သည့် မြန်မာနိုင်ငံရှိ အင်္ဂလိပ်လို ခေါ်ဝေါ်နေသော အမည် စာလုံးပေါင်းအမှားများအား မြန်မာအသံထွက်နှင့် ပိုမိုနီးစပ်သည့် စကားလုံးပေါင်းအမှန်များနှင့် နီးစပ်မှုရှိစေရန် ဖြစ်သည်။ (အိန္ဒိယနိုင်ငံတွင် ကာလကတ္တား/ကိုလ်ကာတားကို ယှဉ်ကြည့်ပါ။) ဥပမာ ရောန်ဂွန်းကို ရန်ကုန်ဟု အစားထိုးခဲ့သည်။ နိုင်ငံ၏အမည်ကိုမူ အင်္ဂလိပ်လို ဘားမားအား မြန်မာဖြင့် အစားထိုးရန် ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။ အကြောင်းရင်းခံ သုံးချက်ရှိသည်။ မြန်မာစကားတွင် နိုင်ငံ၏ တရားဝင်ရုံးသုံးအမည်မှာ မြန်မာဖြစ်ပြီး ကော်မရှင်၏ ရည်ရွယ်ချက်မှာ ပထမအားဖြင့် အင်္ဂလိပ်အမည်နာမများကို မြန်မာအမည်များနှင့် အသံထွက်များဖြင့် ညှိရန်ဖြစ်သည်။ ဒုတိယအနေဖြင့် စစ်အစိုးရက မြန်မာသည် ဗမာထက် လူနည်းစုများအား ပိုမိုခြုံငုံမိသည့် အချက်ကို ရောင်ပြန်ဟပ်စေလို၍ ဖြစ်သည်ဟု အကြောင်းပြသည်။ သို့သော် အမှန်တကယ်တွင် မြန်မာ ဟူသောစကားလုံးသည် လူနည်းစုများအား ခြုံငုံမိသည်ဟု ယူဆစရာ အထောက်အထားမရှိပါ။ နောက်ဆုံးအနေဖြင့် စစ်အစိုးရသည် အရပ်သုံးစကားဖြစ်သည့် ဗမာဟူသော စကားရပ်မှာ ဘားမားဟူသော စကားရပ်မှ ဆင်းသက်လာရာ စစ်အစိုးရသည် စာစကားကို တွန်းအားပေးသောကြောင့် အင်္ဂလိပ်လို ဘားမားဟူသည့် အသုံးအနှုန်းကို ဖယ်ရှားပြီး ယင်း၏ ရောင်ပြန်ဖြစ်သည့် ဗမာကိုပါ ရှင်းပစ်လို၍ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အထက်ပါ အချက်များသည် အမြဲတစေ ပညာရှင်များ၏ အကြံပြုချက်၊ ယူဆချက်များကို လျစ်လျူရှုပြီး ထင်ရာလုပ်တတ်သည့် စစ်အစိုးရ၏ အကြောင်းပြချက်များသာ ဖြစ်သည်။

အင်္ဂလိပ်လို မြန်မာဟု ရေးသားရာတွင် မြန်မာလို မြန်မာဟု ရေးသားသည်နှင့် ကွာခြားသည်မှာ နောက်ဆုံးပိတ် 'မာရ်'မပါချေ။ (ဗားမားဟု ရေးသား ရာတွင် အလယ်တိုင် 'အာရ်' သံသည် ပုံမှန် ဗမာဟု ရေးသားရာတွင် ပျောက်နေသည်။) ကော်မရှင်က နောက်ပိတ် 'အာရ်' သံကို ထည့်သွင်းရခြင်းမှာ မြန်မာဟူသော စကားလုံးကို အသံထွက်ရာတွင် အနိမ့်သံထွက်ခြင်းကို ကိုယ်စားပြုစေရန်ဖြစ်သည်။ အနိမ့်သံတွင် နောက်ပိတ်ဗျည်း 'အာ' သံကို ဆွဲယူထားသည်။ ကော်မရှင်က အမှန်ဟု ယူဆထားသည့် အသံထွက်များနှင့် အင်္ဂလိပ်စကားမူကွဲများတွင် 'ရ' သံမပါသော မူကွဲများ၏ လွှမ်းမိုးမှုကို ခံရခြင်းအပြင် 'အာရ်' (ဗျည်းသံမပါသော) သံကို 'အာ' ဟုသံရှည်ဖြင့် ထွက်ထားသည်။ (အမေရိကန်အသံထွက်တွင်မူ 'အား' ဟု ပြထားသည်။) သို့သော်လည်း အင်္ဂလိပ်စကားမူကွဲများတွင် နောက်ပိတ် 'အာရ်' ကို ပုံမှန်အင်္ဂလိပ်စာတွင် ဤနောက်ပိတ် 'အား' ပေါင်းထည့်စာလုံး ပေါင်းခြင်းသည် မြန်မာအသံထွက်နှင့် များစွာမှခြားနားပေသည်။ မြန်မာစကားတွင် ၁၉၃ဝ ပြည့်ဝန်းကျင်ကတည်းက နိုင်ငံ၏အမည်ကို များစွာမှ အငြင်းပွားခဲ့ကြသည်။ သို့သော်လည်း ၁၉၈၉ ခုနှစ်က စစ်အစိုးရ၏ ဆုံးဖြတ်မှုသည် အငြင်းပွားမှုကို အင်္ဂလိပ်စာသို့ ကူးစက်လာတော့သည်။ စစ်အစိုးရအနေဖြင့် မြန်မာသည် ဗမာထက်စာလျှင် လူနည်းစုများကို ပိုမိုခြုံငုံသည်ဟု အကြောင်းပြသော်လည်း သမိုင်းအထောက်အာထားအရ မဟုတ်ကြောင်း သိရှိနိုင်သည်။ မြန်မာသည် ဗမာထက်ပို၍ စာစကား ဆန်ခြင်းသာလျှင် ဖြစ်သည်။ လူနည်းစုများအား ခြုံငုံရန် နေနေသာသာ အတိုက်အခံပါတီများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဤအင်္ဂလိပ်လို ရေးသားသော မြန်မာဟူသော ဝေါဟာရက ဘားမား/ မြန်မာနိုင်ငံရှိ လူနည်းစုများအား စော်ကားရာပင် ရောက်စေသည်ဟု ဆိုသည်။ ဗမာစကားကို မပြောတတ်ကြသော လူနည်းစုများသည် အင်္ဂလိပ်လိုအားဖြင့် ဘားမားဟူသော အခေါ်အဝေါ်ကို နားယဉ်နေကြပြီး မြန်မာဟူသော အသုံးအနှုန်းမှာ ယခုမှပေါ်လာသော ဗမာနာမည်ဖြစ်နေသည်။ တိုင်းရင်းသားဗမာလူမျိုးတို့က လူနည်းစုများအား ကြီးစိုးလိုခြင်းကို ရောင်ပြန်‌ဟပ်လျက် ရှိသည်ဟု ရှုမြင်သုံးသပ်ကြသည်။

ဝေဖန်မှုများအနက် ဒီမိုကရေစီကျကျ ရွေးကောက်ထားခြင်း မဟုတ်သော စစ်အစိုးရသည် နိုင်ငံ၏အမည်ကို ပြောင်းလဲနိုင်ရန် တရားဝင်ခြင်း မရှိဟုလည်း အာရုံစူးစိုက်လာကြသည်။ သို့သော်လည်း သတိထားရမည်မှာ စစ်အစိုးရသည် နိုင်ငံနာမည်အား မြန်မာလို နိုင်ငံ၏အမည်ကို ပြောင်းခြင်းမဟုတ်ဘဲ အင်္ဂလိပ်လိုသာ ပြောင်းလဲခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပထမပိုင်းတွင် မြန်မာဟူသောဝေါဟာရက လူနည်းစုများအားလုံးအား ခြုံငုံစေသည်ဟူသည့် စစ်အစိုးရ၏ ဟန်ဆောင်ကာကွယ်ပြောဆိုခြင်းကို ဆန့်ကျင်ခဲ့သည်။ အတိုက်အခံပါတီများသည် မြန်မာစကားအားဖြင့် မြန်မာဟု ရေးသား သုံးစွဲခြင်းကို မဆန့်ကျင်ခဲ့ကြသော်လည်း အင်္ဂလိပ်လို မြန်မာဟု ရေးသားသုံးနှုန်း ခြင်းကိုမူ ဆန့်ကျင်ကြသည်။ မည်သည့် အတိုက်အခံပါတီကမျှ အရပ်သုံး ဖြစ်သည့် ဗမာဆိုသည့်ဝေါဟာရကို မြန်မာနိုင်ငံ၏ တရားဝင်အမည်အဖြစ် ထောက်ခံခြင်းမပြုပေ။

နောက်ဆုံးအနေဖြင့် သိပ္ပံနည်းလမ်းကျနမှုမရှိသော ပြန်လည်သုံးသပ်ခြင်းကို များစွာဝေဖန်ထောက်ပြကြပေသည်။ ၁၉၈၉ ခုနှစ် ကော်မရှင်တွင် ဘာသာဗေဒပညာရှင် လေးဦးသာပါဝင်ပြီး အများစုမှာ ဘာသာဗေဒကျွမ်းကျင်မှု မရှိသောအရပ်သားနှင့် စစ်ဘက်မှ ပုဂ္ဂိုလ်များသာ ပါဝင်ကြသည်။ ဤပြောင်းလဲလက်ခံလိုက်သည့် နာမည်များကို ရွေးချယ်ရာတွင် အများလက်ခံရန် လိုအပ်သော သိပ္ပံနည်းစနစ် ကျနမှု မရှိလှဘဲ အချို့မှာ အတော်ပင် သဘာဝယုတ္တိမကျချေ။ ကော်မရှင်၏ ဆုံးဖြတ်ချက်တွင် မြန်မာဟုရေးသားရာတွင် 'အာရ်' သံနောက်ပိတ်သည် ဥပမာတစ်ခုဖြစ်သည်။ အောက်စဖို့ဒ် အင်္ဂလိပ် သတ်ပုံရေးထုံးတွင် 'အာရ်' သည် ဗျည်းသံရှည်ကို ညွှန်းခြင်းဖြစ်သည်။ ထို့ကြောင့် ကော်မရှင်၏ လုပ်ငန်းရပ်ကို တရုတ်နိုင်ငံ၏ '‌ရင်း' အက္ခရာကို ဖေါ်ထုတ်ခဲ့သော သိပ္ပံအဖွဲ့၏ သိပ္ပံနည်းလမ်းတကျ လေးလေးနက်နက် လုပ်ဆောင်ချက်နှင့် နှိုင်းယှဉ်၍မရပေ။ နိုင်ငံခြားသားများက မြန်မာလိုဒေသအခေါ်များကို အသံထွက်ဆိုရာတွင် ဤနာမည်အသစ်များသည် မြန်မာမူလ အသံထွက်နှင့် ပိုမိုနီးစပ်မလာပေ။ စာလုံးပေါင်း အခေါ်အဝေါ်ဟောင်းများ နေရာတွင် ပို၍ရှုပ်ထွေးသွားစေမည့် စာလုံးပေါင်းအသစ် အမည်သစ်များ ထပ်တိုးလာရုံသက်သက်သာ အဖတ်တင်လေသည်။

အမည်သစ် မြန်မာကို ကုလသမဂ္ဂက အသိအမှတ်ပြုသည်။ သို့သော် အမေရိကန်၊ ယူကေ၊ ဩစတြေးလျနှင့် ကနေဒါ အပါအဝင် နိုင်ငံအချို့တို့က ရံဖန်ရံခါ 'ဘားမား'ဟု ရည်ညွှန်းသည်။

ဤမြန်မာ/ဘားမား အငြင်းပွားမှုနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ ရပ်တည်ချက်ကို တရားဝင် ဝက်ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။ အမေရိကန်အစိုးရသည် ဒီမိုကရေစီလှုပ်ရှားမှုများအား တစိုက်မတ်မတ် ထောက်ခံအားပေးသောအားဖြင့် “ဘားမား”ဟူသော ဝေါ်ဟာရကို အသုံးပြုသည်။ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ၂ဝဝ၅ ခုနှစ် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်‌ဝင်းက စစ်အစိုးရသည် လွန်ခဲ့သည့် ၁ဝ နှစ်ကျော်ကာလက မိမိတို့၏ နိုင်ငံအား “ဘားမား” မှ “မြန်မာ” ဟူ၍ အစားထိုး ပြောင်းလဲပြီဖြစ်ကြောင်း မကျေမနပ် ပြောကြားခဲ့သည်။

ကြိယာဝိသေသနထူးများ[ပြင်ဆင်ရန်]

အစိုးရဦးစီးသည့် အမည်ပေးစနစ်များအရ နိုင်ငံ၏အမည်ကို မြန်မာဟုခေါ်ဆိုသည်။ ဤနိုင်ငံအမည် မြန်မာမှ ပေါ်ထွက်လာသည့် ကြိယာဝိသေသနတွင် မြန်မာမှာ အဆုံးသတ် 'အာရ်' မပါချေ။ မြန်မာလိုအားဖြင့် မြန်မာဟူသည့် ဝေါဟာရကို နာမ်အနေဖြင့် အသုံးပြုသောအခါ အနိမ့်သံဖြင့် သုံးသည်။ (ရှည်သော 'အာ' ဆိုသည့်အသံဖြစ်သည်။) သို့သော် ကြိယာဝိသေသန အဖြစ် အသုံးပြုသောအခါ အသံမှာမာ၍တိုသော 'အ' သံဖြစ်သည်။ ဤသည်ကို ထင်ဟပ်လာစေရန် ၁၉၈၉ ခုနှစ် ကော်မရှင်သည် နောက်ဆုံးသံ 'အာရ်' ကို ကြိယာဝိသေသနတွင် ဖျောက်ထားရန် ဆုံးဖြတ်သည်။ (အောက်စဖို့ဒ်အင်္ဂလိပ်တွင် 'အာရ်' က သံရှည်ကို ညွှန်းသည်။) မြန်မာနိုင်ငံတွင် လူများစုမှာ ဤအနုစိတ်ကိစ္စများကို မရိပ်စားမိကြချေ။ ထို့ကြောင့် 'မြန်မာ့လေကြောင်း' ဟူသော စာတန်းတွင် 'အာရ်' ပါသည့်အခါပါ၍ မပါသည့်အခါ မပါချေ။ 'အာရ်' မပါသည့်သတ်ပုံမှာ အမှန်ဖြစ်သည်။ အချို့အင်္ဂလိပ်စကား ပြောသူများက အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းကို လိုက်ပြီး မြန်မာရီးစ်ဟုပင် သုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ အသိအမှတ်မပြုချေ။