မာတိကာသို့ ခုန်သွားရန်

သန်းဆွေ (ဝန်ကြီး)

ဝီကီပီးဒီးယား မှ
ဒုတိယဗိုလ်မှူးကြီး (ငြိမ်း)
စည်သူ၊ ဦး

သန်းဆွေ
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ကိုကိုလှိုင်မိုးအောင်၊ဒေါက်တာရင်ရင်နွယ်၊ချိုချိုကျော်ငြိမ်း၊ကိုကိုကြီးမန်းငြိမ်းမောင်ဒွဲဘူဇော်အေးမောင် တို့နှင့်အတူ
ခန့်အပ်သူမင်းအောင်လှိုင်
သမ္မတမင်းအောင်လှိုင်
ခေါင်းဆောင်စိုးဝင်း
ယခင်လူရာထူးစတင်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
ယခင်လူကော်မရှင်စတင်
ဆက်ခံသူကော်မရှင်ဖျက်သိမ်း
၂၂ ဦးမြောက် နိုင်ငံခြားရေး ဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမင်းအောင်လှိုင် (ယာယီတာဝန်)
ဝန်ကြီးချုပ်ညိုစော
ယခင်လူကိုယ်တိုင်
ဆက်ခံသူတင်မောင်ဆွေ
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဝဏ္ဏမောင်လွင်
ဆက်ခံသူကိုယ်တိုင်
မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃ ဩဂုတ် ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူတာဝန်ပြီးဆုံး
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉ ဩဂုတ် ၂၀၂၂  ၁ ဖေဖော်ဝါရီ ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယခင်လူတင်ဦး
ဆက်ခံသူဒေါက်တာဌေးအောင်
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁  ၁၉ ဩဂုတ် ၂၀၂၂
ခန့်အပ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ယခင်လူဒေါက်တာဝင်းသိမ်း
ဆက်ခံသူဒေါက်တာမောင်မောင်နိုင်
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၃၀ ဇူလိုင် ၂၀၁၂  ၂၆ စက်တင်ဘာ ၂၀၁၃
ခန့်အပ်သူသိန်းစိန်
ယခင်လူလင်းမြိုင်
ဆက်ခံသူကျော်မျိုးထွဋ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၃-0၆-၁၉) ၁၉ ဇွန်၊ ၁၉၅၃ (အသက် ၇၃)
လူမျိုးမြန်မာ
ကြင်ဖော်ဒေါ်ခင်ဝင်းရီ
သားသမီးသမီး ၂ ဦး
မိခင်ကျောင်းစစ်တက္ကသိုလ်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၇၅ -၂၀၀၀
ရာထူးဒုတိယဗိုလ်မှူးကြီး

ဦးသန်းဆွေ( ၁၉ ဇွန် ၁၉၅၃ဖွား)[] သည် လက်ရှိ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၏ အဖွဲ့ဝင် ဖြစ်သည်။သူသည် []မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၂ဦးမြောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ် လည်းကောင်း၊ အဖွဲ့ဝင် (၁၀)ဦးပါ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ၏ အဖွဲ့ဝင် တစ်ဦးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[]ယင်းမတိုင်မီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ[] နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ[] တို့အဖြစ် ခန့်အပ်တာဝန်အသီးသီးပေးအပ်ခဲ့သည်။

ပညာရေး

[ပြင်ဆင်ရန်]

ဦးသန်းဆွေသည် စစ်တက္ကသိုလ် အမှတ်စဉ်(၁၆)ကို တက်ရောက်ခဲ့သူဖြစ်သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်လောင်းအဖြစ် စစ်တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၇၅ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းပြီးဆုံးသည်။

အလုပ်အကိုင်

[ပြင်ဆင်ရန်]

၁၉၇၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၀၀ ခုနှစ် မေလအထိ တပ်မတော်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။ မိခင်တပ်ရင်းမှာ ကချင်ပြည်နယ် ဟိုပင်အခြေစိုက် ခလရ-၄၀ဖြစ်သည်။ ၂၀၀၀ပြည့်နှစ် မေလတွင် တပ်မတော်မှ အငြိမ်းစားယူပြီး ထိုအချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ၂၀၀၈ မတ်လ အထိ တာဝန်ထမ်းဆောင်သည်။ ယင်းနောက် ၎င်းသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ ဒုတိယသံအမတ်ရာထူးဖြင့်၂၀၀၈ ခုနှစ် မတ်လမှ ၂၀၀၉ ခုနှစ် မတ်လအထိ ကုလသမဂ္ဂ၏ လက်ထောက်အမြဲတမ်းကိုယ်စားလှယ်အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင်ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။[]သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သံတမန်လောကမှ အငြိမ်းစားယူခဲ့သည်။[] []

နိုင်ငံရေး

[ပြင်ဆင်ရန်]

၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၈/၂၀၂၁ ဖြင့် ၎င်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်သည်။[]

၂၀၂၂ ဩဂုတ် ၁၉ တွင် ထိုရာထူးမှနေ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကာ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် အစိုးရအလှည့်အပြောင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွေ့ခန့်အပ်သည်။ [၁၀]

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် အရေးပေါ်ကာလအခြေအနေ သက်တမ်းတိုးမြှင့်အပြီး ပြင်ဆင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပူးတွဲခန့်အပ်သည်။ [၁၁]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ဆက်လက် ခန့်အပ်ခံရသော်လည်း၊ [၁၂]ဒုတိယဝန်ကြီးချုပ် ရာထူးအစား အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ၏ အဖွဲ့ဝင်တစ်ဦး အဖြစ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ခန့်အပ်သည်။[၁၃] ၂၀၂၆ ခုနှစ် ဧပြီ ၁၀ရက်တွင် ထိုတာဝန်များမှနေ၍ အနားယူကာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။[၁၄]

မိသားစုဘဝ

[ပြင်ဆင်ရန်]

သမီး ၂ဦးရှိကာ သမက်ဖြစ်သူမှာ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသူ ဦးအောင်ကို ဖြစ်သည်။

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ မတ်လ ၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၂၅ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော “စည်သူဘွဲ့” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ချီးမြှင့်အပ်နှံခဲ့သည်။ [၁၅]

ကိုးကား

[ပြင်ဆင်ရန်]
  1. ရုန်းကန်ရဦးမည့် စစ်ကောင်စီ၏ အသက် ၇၀ အရွယ် နိုင်ငံခြားရေးဝန်ကြီးသစ် Myanmar Now (၁၇ ဖေဖော်ဝါရီ ၂၀၂၃)။ 17 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ဦးသန်းဆွေ ကိုယ်ရေးအချက်အလက် UCSB Myanmar 17 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ကော်မရှင်ဥက္ကဋ္ဌ ပြောင်းလဲခန့်အပ်ခြင်း (၅၁/၂၀၂၂) ACCM Myanmar (၁၉ ဩဂုတ် ၂၀၂၂)။ 17 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. His Excellency Than Swe The Washington Diplomat (၁၁ နိုဝင်ဘာ ၂၀၁၀)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. Than Swe: Burma’s new US ambassador Mizzima (၂ အောက်တိုဘာ ၂၀၁၂)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. New Burmese Ambassador Meets Obama The Irrawaddy (၃၀ ဇွန် ၂၀၁၂)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း Myanmar Digitial News။ 12 August 2025 တွင် ပြန်စစ်ပြီး။
  10. ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဦးကိုကိုလှိုင် အာရှဇုန်ရှိ မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများ၊ လော့အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်တို့ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပွဲပြုလုပ် Eleven Media (၁၇ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း Myanmar Digital News။ 17 August 2025 တွင် ပြန်စစ်ပြီး။
  12. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
  13. နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  14. ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information 2026-04-10 တွင် ပြန်စစ်ပြီး။
  15. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၂၅ ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန် MRTV။ 12 February 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 August 2025 တွင် ပြန်စစ်ပြီး။