မျိုးသန့်
ဗိုလ်ချုပ် (ငြိမ်း) စည်သူ၊ ဦး မျိုးသန့် | |
|---|---|
| ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ |
| သမ္မတ | မင်းအောင်လှိုင် (ယာယီ-တာဝန်) |
| လက်ထောက် | မျိုးမြင့် |
| ဝန်ကြီးချုပ် | ညိုစော |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၁၄ နိုဝင်ဘာ ၂၀၂၂ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ |
|
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| ယခင်လူ | ဦးရွှေလေး |
| ဆက်ခံသူ | ကိုယ်တိုင် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၆၄ |
| လူမျိုး | မြန်မာ |
| မိခင်ကျောင်း | ရန်ကုန်စက်မှုတက္ကသိုလ် ဗသက ၇၇ |
| အစိုးရအဖွဲ့ | မင်းအောင်လှိုင်အစိုးရ ဦးညိုစောအစိုးရ |
| ဆုတံဆိပ်များ | စည်သူဘွဲ့ (၂၀၂၃) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၉၀-၂၀၂၂ |
| ရာထူး | ဗိုလ်ချုပ် |
| ကိုယ်ပိုင်အမှတ် | ကြည်း ၂၁၄၃၅ |
ဦးမျိုးသန့် (၁၉၆၄ ဖွား) သည် လက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[၁] သူသည် ထိုတာဝန်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် တွင် စတင်ထမ်းဆောင်သည်။[၂] ထိုမတိုင်မီက စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]၁၉၈၇ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်(RIT) မှနေ၍ အင်ဂျင်နီယာဘွဲ့ ရရှိသည်။ ယင်းနောက် ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) အမှတ်စဉ် ၇၇ သို့ တက်ရောက်ပြီး စတင်စစ်မှုထမ်းသည်။ တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ ရာထူးရရှိခဲ့ကာ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှာ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဖြစ်သည်။ ထိုတာဝန်ကို ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် နေ့ မတိုင်ခင်အထိ တာဝန်ထမ်းသည်။[၃]
ဝန်ကြီးဖြစ်လာပုံ
[ပြင်ဆင်ရန်]သူသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာသည်။[၄]
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အသစ်ဖွဲ့စည်းလိုက်သည့် ဦးညိုစောအစိုးရတွင် ဆောက်လုပ်ရေးဝန်ကြီး အဖြစ် ပြန်လည် ပါဝင်ခဲ့သည်။[၅]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တည်ထားသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် တည်ဆောက်ရေးကိစ္စတွင် ပါဝင်ကူညီခဲ့မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ /၂၀၂၃ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ ပေးအပ်သည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ MWD Webportal (၁၄ နိုဝင်ဘာ ၂၀၂၂)။ ၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ၂ ဦး တာဝန်မှ အနားပေးခံရ။ DVB (၁၅ နိုဝင်ဘာ ၂၀၂၂)။ ၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး။ CINCDS Myanmar (၂၆ မေ ၂၀၂၂)။ ၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တရုတ် - အာဆီယံ ဆောက်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်နှင့် အဆင့်မြင့် အရည်အသွေးရှိ နေထိုင်မှုဝန်းကျင်ပြပွဲအခမ်းအနားသို့ Video Key Note Speech ဖြင့် အမှာစကားပြောကြား။ Myanmar Digital News (၂၇ နိုဝင်ဘာ ၂၀၂၂)။ 8 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃။ cincdsmyanmar (၂၃ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။