စိုးဝင်း (ဒေါက်တာ)
ဗိုလ်ချုပ် (ငြိမ်း) သီရိပျံချီ၊ ဒေါက်တာ စိုးဝင်း | |
|---|---|
| ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၉ အောက်တိုဘာ ၂၀၂၆ | |
| ခန့်အပ်သူ | မင်းအောင်လှိုင်အစိုးရ |
| ယခင်လူ | ဒေါက်တာသက်ခိုင်ဝင်း |
| လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၁၀ ဧပြီ ၂၀၂၆ – ၉ အောက်တိုဘာ ၂၀၂၆ | |
| ခန့်အပ်သူ | မင်းအောင်လှိုင်အစိုးရ |
| သမ္မတ | မင်းအောင်လှိုင် |
| လက်ထောက် | ဒေါက်တာ သန်းစိုး ဒေါက်တာ သန့်ဇော်လွင် |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| လက်ထောက် | ဒေါက်တာ သန်းစိုး |
| ဝန်ကြီးချုပ် | ညိုစော |
| ယခင်လူ | ကိုယ်တိုင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၃ ဩဂုတ် ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| လက်ထောက် | ဦးစိုးကြည် ဒေါက်တာသန်းစိုး |
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ဒေါက်တာ သက်သက်ခိုင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဒုတိယဝန်ကြီး | |
| တာဝန်သက်တမ်း ၂၃ ဇူလိုင် ၂၀၂၃ – ၃ ဩဂုတ် ၂၀၂၃ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ခင်လတ်[၁] |
| အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
| တာဝန်သက်တမ်း ၁၉ ဩဂုတ် ၂၀၂၂ – ၂၃ ဇူလိုင် ၂၀၂၃ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီး | Jeng Phang နော်တောင် |
| ယခင်လူ | ဝန်ကြီးဌာနစတင် |
| ဆက်ခံသူ | ဇင်မင်းထက် |
| ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး | |
| ယခင်လူ | ဗိုလ်ချုပ် မျိုးမြင့်သိန်း |
| ဆက်ခံသူ | ဗိုလ်ချုပ် ကိုကိုလွင် |
| ကိုယ်ရေး အချက်အလက်များ | |
| ဆုတံဆိပ်များ | ဇေယျကျော်ထင်ဘွဲ့ (၂၀၁၆) ဝဏ္ဏကျော်ထင်ဘွဲ့ သီရိပျံချီဘွဲ့ (၂၀၂၅) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | |
| ကိုယ်ပိုင်အမှတ် | ၁၈၉၁၉ |
ဒေါက်တာ စိုးဝင်းသည် ကျန်းမာရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၂၆ ခုနှစ် ဧပြီလ မှ အောက်တိုဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဗိုလ်ချုပ် စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ဖြစ်ခဲ့သည်။[၂] သူသည် ဗိုလ်ချုပ်အဆင့်ဖြင့် အနားယူခဲ့ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကျန်းမာရေးကို အနီးကပ်တာဝန်ယူခဲ့သူဖြစ်သည်။[၃][၄]
ဝန်ကြီးဘဝ
[ပြင်ဆင်ရန်]ဒုတိယဝန်ကြီး
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၅၇/၂၀၂၂ ဖြင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ [၅]
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၄၅/၂၀၂၃ ဖြင့် ဒေါက်တာ စိုးဝင်း အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဒုတိယဝန်ကြီး အဖြစ် ပြောင်းရွေ့ခံရသည်။[၆]
ပြည်ထောင်စုဝန်ကြီး
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၆၁/၂၀၂၃ ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ရာ ဒေါက်တာစိုးဝင်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ [၇]
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် လူကယ်ပြန်ဝန်ကြီး ရာထူးကို ဆက်လက် ခန့်အပ်ခံရသည်။ [၈]
ယင်းနောက် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀ရက်တွင် ဦးမင်းအောင်လှိုင်အစိုးရက ၎င်းအား မူလရာထူးအတိုင်း ပြန်လည်ခန့်အပ်ခဲ့သည်။[၉] ၂၀၂၆ အောက်တိုဘာ ၉ ရက်တွင် ကျန်းမာရေးဝန်ကြီး အဖြစ်ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။[၁၀]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၆ ဖြင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဇေယျာကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၁]
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ကို အပ်နှင်းချီးမြှင့်သည်။[၁၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း။
- ↑ မြန်မာနိုင်ငံရောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ နှစ်ပတ်ကျော်ကြာ ကူညီပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် ပြန်လည်ထွက်ခွာ။ ဆင်ဟွာသတင်း (၁၂ မေ ၂၀၂၀)။ 17 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မြောက်ပိုင်းတိုင်း တိုင်းမှူးအပါအဝင် တိုင်းမှူးတချို့ အပြောင်းအလဲဖြစ်။
- ↑ စစ်ကောင်စီအပြောင်းအလဲ - ယုံကြည်စိတ်ချရသူတွေကို ဗိုလ်ချုပ်မှူးကြီးဝန်းရံ။ BBC Burmese။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၇ / ၂၀၂၂ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် (၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်) ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ CINCDS။ 9 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၅ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ ရက် ( ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်) ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း။ CINCDS။ 9 August 2025 တွင် ပြန်စစ်ပြီး။
- ↑ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း။ Myanmar Digital News။ 8 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူ အဆိုပြုတင်ပြသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား လွှတ်တော်သို့တင်သွင်း (in my)။ 2026-04-08 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း (in en)။ 2026-10-10 တွင် ပြန်စစ်ပြီး။
- ↑ ဇေယျကျော်ထင်ဘွဲ့၊နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာအမှတ်၂၄/၂၀၁၆။ မြန်မာနိုင်ငံတော်ပြန်တမ်း (၁ မတ် ၂၀၁၆)။ ၁၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀ / ၂၀၂၅။ Ministry of Information။ 17 August 2025 တွင် ပြန်စစ်ပြီး။