ဦးနုအစိုးရ
| ဦးနုအစိုးရ | |
|---|---|
အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ | |
| ၁၉၄၈ – ၁၉၅၂ | |
![]() အကြီးအကဲများ | |
| ဖွဲ့စည်းရက်စွဲ | ၄ ဇန်နဝါရီ ၁၉၄၈ |
| ဖျက်သိမ်းရက်စွဲ | ၁၅ မတ် ၁၉၅၂ |
| လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ | |
| နိုင်ငံတော်အကြီးအကဲ | စဝ်ရွှေသိုက် (နိုင်ငံတော်သမ္မတ) |
| အစိုးရခေါင်းဆောင် | ဦးနု (နိုင်ငံတော်ဝန်ကြီးချုပ်) |
| ဒုတိယ ခေါင်းဆောင် | ဗိုလ်လက်ျာ (နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်) |
| အဖွဲ့ဝင် ပါတီ | ဖဆပလ |
| သမိုင်း | |
| ရွေးကောက်ပွဲ | ၁၉၄၇ အထွေထွေရွေးကောက်ပွဲ |
| ဆက်ခံ | ဦးနုအစိုးရ (ဒုတိယအကြိမ်) |
ဦးနုအစိုးရသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပထမဆုံးစတင်အုပ်ချုပ်သည့် အစိုးရအဖွဲ့ဖြစ်သည်။ ပြည်တွင်းစစ်အခြေအနေများ ဆိုးရွားလာသည့်အတွက် ရာထူးမှနုတ်ထွက်မှုများ များပြားခဲ့သည်။
သမိုင်း
[ပြင်ဆင်ရန်]မြန်မာကိုလိုနီ၏ဘုရင်ခံ ဆာ ဟူးဘတ် ရန့်စ်သည် ၁၉၄၆ စက်တင်ဘာတွင် အမှုဆောင်ကောင်စီကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းပေးခဲ့ရာ သခင်အောင်ဆန်းသည် အမှုဆောင်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ထိုအမှုဆောင်ကောင်စီ၏ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးလျှင် ဆက်လက်အုပ်ချုပ်မည့် အစိုးရအဖွဲ့လည်းဖြစ်သည်။ သို့သော် ၁၉၄၇ ဇူလိုင် ၁၉ တွင် ဝန်ကြီးများအစည်းအဝေးကိုကျင်းပနေစဉ် မသမာသူအချို့တို့က ရုတ်တရက် အစည်းအဝေးခန်းထဲသို့ ဝင်ရောက်လာ၍ ခေါင်းဆောင်ကြီးများအား ပစ်သတ်ခဲ့သည်။ ထိုသို့လုပ်ကြံခံခဲ့ရသော ခေါင်းဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဦးအောင်ဆန်း – နန်းရင်းဝန်၊ အမှုဆောင်ကောင်စီဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး
- ဒီးဒုတ်ဦးဘချို – ပြန်ကြားရေးဌာနဝန်ကြီး
- မန်းဘခိုင် – အလုပ်သမားရေးရာဌာနဝန်ကြီး
- ဦးဘဝင်း – စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး
- သခင်မြ – ပြည်ထဲရေးဌာနဝန်ကြီး
- ဦးအဗ္ဗဒူရာဇတ် – ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး
- စဝ်စံထွန်း– နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး
- ဦးအုန်းမောင် – သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်) နှင့်
- ရဲဘော် ကိုထွေး – ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်
အာဇာနည် ၉ ဦးလုပ်ကြံခံရပြီးသောအခါ သခင်နုသည် ဘုရင်ခံ၏အမှုဆောင်ကောင်စီသစ်၏ ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ သခင်နုသည် အမှုဆောင်ကောင်စီကို "မြန်မာယာယီအစိုးရ" ဟူ၍လည်းကောင်း ဒုတိယဥက္ကဋ္ဌရာထူးကို "ယာယီအစိုးရဝန်ကြီးချုပ်" ဟူ၍လည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များကို "ယာယီအစိုးရဝန်ကြီးများ" ဟူ၍လည်းကောင်း အသီးသီးပြောင်းလဲခဲ့သည်။
အစိုးရအဖွဲ့
[ပြင်ဆင်ရန်]| စဉ် | အမည် | ဝန်ကြီးဌာန |
|---|---|---|
| ၁ | ဦးနု | နိုင်ငံတော်ဝန်ကြီးချုပ် |
| ၂ | ဗိုလ်လက်ျာ | နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန |
| ၃ | အိုင်စီအက်စ် တင်ထွဋ် | နိုင်ငံခြားရေးဝန်ကြီးဌာန |
| ၄ | မြန်မာ့အလင်း ဦးတင် | ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန |
| ၅ | စောစံဘိုးသင် | ကရင်ရေးရာဝန်ကြီး |
| ၆ | ဦးထွန်းမြင့် | ရှမ်းပြည်နယ်ဆိုင်ရာဌာနဝန်ကြီး |
| ၇ | ဆမားဒူးဝါးဆင်ဝါးနောင် | ကချင်ပြည်နယ်ဆိုင်ရာဌာနဝန်ကြီး |
| ၈ | စဝ်ဝဏ္ဏ | ကရင်နီပြည်နယ်ဆိုင်ရာဌာနဝန်ကြီး |
| ၉ | ဦးဘဂျမ်း | တရားရေးဝန်ကြီးဌာန |
| ၁၀ | ဦးကိုကိုကြီး | ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန |
| ၁၁ | သခင်တင် | သစ်တောရေးနှင့်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန |
| ၁၂ | ဦးဝမ္မသူးမောင် | ချင်းရေးရာဌာနဝန်ကြီး |
| ၁၃ | ကျော်ငြိမ်း | ပြည်ထဲရေးဝန်ကြီးဌာန |
| ၁၄ | မန်းဝင်းမောင် | လမ်းပန်းအဆောက်အအုံ၊ ဆက်သွယ်ရေးနဲ့အလုပ်သမားဝန်ကြီးဌာန |
| ၁၅ | ဗိုလ်ဖိုးကွန်း | ပညာရေး၊ ပြည်သူ့ဝန်ထမ်းနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန |
| ၁၆ | ဟင်္သာတ ဦးမြ | အမျိုးသားစီမံကိန်းနှင့် စက်မှုလက်မှု ဝန်ကြီးဌာန |
| ၁၇ | ဦးညိုထွန်း | ပြန်ကြားရေးဝန်ကြီးဌာန |
| ၁၈ | ဗိုလ်စိန်မှန် | ဌာနလက်ကိုင်မရှိဝန်ကြီး |
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ပထမဆုံး လွတ်လပ်ရေး အစိုးရနဲ့ စစ်အာဏာရေသောက်မြစ်များ"၊ ဘီဘီစီ၊ ၅ ဇန်နဝါရီ ၂၀၂၂။
- ↑ အောင်ကောင်းစုံ (၂၀၂၂)။ အထွေထွေဗဟုသုတမှတ်စု။ p. ၂၅၄။
