မာတိကာသို့ ခုန်သွားရန်

ကံဇော် (ဒေါက်တာ)

ဝီကီပီးဒီးယား မှ
သီရိပျံချီ၊ ဒေါက်တာ

ကံဇော်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
လက်ထောက်ဒေါ်သန်းသန်းလင်း
ဝန်ကြီးချုပ်ညိုစော
ဆက်ခံသူဝန်ကြီးဌာနစတင်
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၁၉ ဩဂုတ် ၂၀၂၂  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီသမ္မတ)
မင်းအောင်လှိုင်ယာယီသမ္မတ(တာဝန်)
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဦးအောင်နိုင်ဦး
ဆက်ခံသူဒေါက်တာ ဝါဝါမောင်
ပြည်ထောင်စုစာရင်းစစ်ချုပ်
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁  ၁၉ ဩဂုတ် ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယခင်လူဦးမော်သန်း
ဆက်ခံသူဦးတင်ဦး
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၇ စက်တင်ဘာ ၂၀၁၂  ၃၀ မတ် ၂၀၁၆
သမ္မတသိန်းစိန်
ယခင်လူတင်နိုင်သိန်း
ဆက်ခံသူဝန်ကြီးဌာနဖျက်သိမ်း
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန
ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၇ စက်တင်ဘာ ၂၀၁၂
သမ္မတသိန်းစိန်
ဝန်ကြီးတင်နိုင်သိန်း
ယခင်လူမသိသေး
ဆက်ခံသူဆက်အောင်၊ ခင်စန်းရီ၊ လဲ့လဲ့သိန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၄-၁၀-၁၁) အောက်တိုဘာ ၁၁၊ ၁၉၅၄ (အသက် ၇၁)
စလင်းမြို့ ဆင်ဖြူကျွန်းမြို့နယ် မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
မိခင်ကျောင်းရန်ကုန် စီးပွားရေး တက္ကသိုလ်၊ International Institute of Social Studies
အလုပ်အကိုင်စီးပွားရေးပညာရှင်

ဒေါက်တာ ကံဇော်သည် လက်ရှိ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။

ယင်းမတိုင်မီက ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၏ ဝန်ကြီး[] နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်ခဲ့သည်။

အစောပိုင်းဘဝ

[ပြင်ဆင်ရန်]

ဇာတိမှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ ဖြစ်သည်။ သူသည် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးဘွဲ့ရရှိခဲ့ပြီး[] ၁၉၈၄ ခုနှစ်တွင် International Institute of Social Studies မှ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ ပါရဂူဘွဲ့ (စီးပွားရေး)၊ စီမံခန့်ခွဲမှုပညာ ပါရဂူဘွဲ့စသည်တို့ကို ရရှိခဲ့သည်။

သူသည် စာပေဆိုင်ရာ ဒေါက်တာဘွဲ့ရရှိထားသူလည်း ဖြစ်သည်။[]ဒေါက်တာကံဇော်သည် ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် ပါမောက္ခ၊ ဌာနမှူးနှင့် ပါမောက္ခချုပ်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။

ဒေါက်တာ ကံဇော်သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ဇာတိ ဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ရရှိခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် International Institute of Social Studies မှ မဟာဘွဲ့ ရရှိခဲ့သည်။ []ပါရဂူဘွဲ့ (စီးပွားရေး)၊ စီမံခန့်ခွဲမှုပညာ ပါရဂူဘွဲ့နှင့် စာပေဆိုင်ရာ ဒေါက်တာဘွဲ့များလည်း ရရှိထားသည်။ ပညာရေးနယ်ပယ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့၌ ပါမောက္ခ၊ ဌာနမှူးနှင့် ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသည်။[]

နိုင်ငံရေးသမားဘဝ

[ပြင်ဆင်ရန်]

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ လည်းကောင်း၊ ဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[]

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

[ပြင်ဆင်ရန်]

၂၀၂၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲတွင် စလင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[] အနိုင်မရ ရှုံးနိမ့်သည်။

၂၀၂၁ နောက်ပိုင်း အခြေအနေ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းခဲ့ရာ၊ နစက အမိန့်အမှတ် ၂/၂၀၂၁ ဖြင့် ဒေါက်တာကံဇော် အား ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် ခန့်အပ်ခဲ့သည်။[]

၂၀၂၂ ခုနှစ် ဩဂုတ် ၂၂ ရက် တွင် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၏ ဝန်ကြီး ဖြစ်လာခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် အရောက်တွင် ဦးညိုစော ခေါင်းဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ၏ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခံရသည်။[]

ပိတ်ဆို့အရေးယူခံရမှုများ

[ပြင်ဆင်ရန်]

ဥရောပသမဂ္ဂ (EU) က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက် တိုးချဲ့ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုထဲ ဒေါက်တာကံဇော်လည်းပါဝင်ခဲ့သည်။[]

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် ၎င်းအား  အမေရိကန်၊ ဗြိတိန် နှင့် ကနေဒါ နိုင်ငံတို့က ပူးပေါင်းပြီး  ထပ်တိုး ပိတ်ဆို့အရေးယူမှုပြုလုပ်သည်။  []

မိသားစုဘဝ

[ပြင်ဆင်ရန်]

ဒေါက်တာကံဇော်သည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ ၎င်း၏ ဇနီးမှာ ဒေါ်နန္ဒာမွန်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာန ထိုမှတဆင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ရောက်ကာ ညွှန်ကြားရေးမှူးချုပ် ယင်းနောက်  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရာထူးစသည်ဖြင့် အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းတို့၏ သမီးကြီးဖြစ်သူ ခိုင်ငွေနှင်းဇော် မှာ အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် နေထိုင်သည်။ [၁၀]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၀၄ ခုနှစ်တွင် စီမံထူးချွန်တံဆိပ် (ပထမအဆင့်)၊၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ ထူးချွန်ဆု၊၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ချီးမြှင့်သော သီရိပျံချီဘွဲ့ ရရှိထားသည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။[၁၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြည်ထောင်စု ဝန်ကြီးအချို့အား ဌာနပြောင်းရွှေ့မှုများပြုလုပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်း Eleven Media (၁၉ ဩဂုတ် ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. 1 2 3 Speakers' Profiles - Dr. Kan Zaw Hong Kong Summit 22 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 February 2014 တွင် ပြန်စစ်ပြီး။
  3. "Alumnus Kan Zaw (Myanmar) visits ISS"၊ International Institute of Social Studies in The Hague၊ 5 March 2013 17 February 2014 တွင် ပြန်စစ်ပြီး Archived from the original on 22 February 2014။
  4. Win Ko Ko Latt။ "Hluttaw approves cabinet reshuffle"၊ Myanmar Times 17 February 2014 တွင် ပြန်စစ်ပြီး Archived from the original on 22 February 2014။
  5. ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဝန်ကြီးဟောင်းများပိုင်ဆိုင်သည့် ကုမ္ပဏီများ Myanmar Now (၂၃ စက်တင်ဘာ ၂၀၂၀)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ပြည်ထောင်စုစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း ပြန်ကြားရေးဝန်ကြီးဌာန။ 12 August 2025 တွင် ပြန်စစ်ပြီး။
  7. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. စစ်ကောင်စီအဖွဲ့နဲ့ ပုဂ္ဂိုလ် ၁၉ ဦးကို ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူ RFA (၈ နိုဝင်ဘာ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. MOGE အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ ထပ်တိုးအရေးယူ RFA (၃၁ အောက်တိုဘာ ၂၀၂၃)။ ၂ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ဒေါက်တာကံဇော် နွေဦးမြန်မာ၂၀၂၁ တော်လှန်ရေး (၁၈ ဖေဖော်ဝါရီ ၂၀၂၁)။ 12 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. Cabinet Alternative Asean Network on Burma (21 November 2013)။ 20 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 February 2014 တွင် ပြန်စစ်ပြီး။