မောင်မောင်အုန်း
ဗိုလ်ချုပ် (ငြိမ်း) သရေစည်သူ၊ ဦး မောင်မောင်အုန်း | |
|---|---|
တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအား ပြည်ထောင်စုလွှတ်တော်ခန်းမရှေ့ မြင်တွေ့ရစဥ် (၆ ဧပြီ ၂၀၂၆) | |
| တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၆ မတ် ၂၀၂၆ | |
| ယခင်လူ | ထွန်းထွန်းဟိန် |
| ခေါင်းဆောင် | ခင်ရီ |
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၆ မတ် ၂၀၂၆ | |
| ယခင်လူ | ကျော်တင့်(NLD) |
| မဲဆန္ဒနယ် | တပ်ကုန်းမြို့နယ် |
| ပြန်ကြားရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၆ မတ် ၂၀၂၆ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| လက်ထောက် | ရဲတင့် ဗိုလ်ချုပ်ဇော်မင်းထွန်း |
| ဝန်ကြီးချုပ် | ညိုစော |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၁ ဩဂုတ် ၂၀၂၁ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| ယခင်လူ | ချစ်နိုင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၇ ဖေဖော်ဝါရီ ၂၀၂၁ – ၅ ဩဂုတ် ၂၀၂၁ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ | မြင့်ဆွေ (ယာယီ) |
| ယခင်လူ | အုန်းမောင် |
| ဆက်ခံသူ | ဗိုလ်ချုပ်တင်အောင်ချစ် |
| ရခိုင်ပြည်နယ် ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၃၀ ဇွန် ၂၀၁၄ – ၂၅ ဩဂုတ် ၂၀၁၅ | |
| သမ္မတ | သိန်းစိန် |
| ယခင်လူ | လှမောင်တင် |
| ဆက်ခံသူ | ညီပု |
| နယ်စပ်ရေးရာ ဒုတိယဝန်ကြီး | |
| တာဝန်သက်တမ်း ၂၅ ဇူလိုင် ၂၀၁၃ – ၁၈ ဇွန် ၂၀၁၄ | |
| ခေါင်းဆောင် | ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း |
| ယခင်လူ | ဗိုလ်ချုပ်ဇော်ဝင်း |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | မေ ၃၀၊ ၁၉၅၀ မြန်မာနိုင်ငံ |
| ကြင်ဖော် | အေးအေးသိန်း |
| သားသမီး | ဒေါက်တာ အိမို့မို့အောင်၊ ရန်လင်းမောင်မောင်၊ ဉာဏ်လင်းမောင်မောင် |
| အစိုးရအဖွဲ့ | မင်းအောင်လှိုင်အစိုးရ ညိုစောအစိုးရ |
| ဆုတံဆိပ်များ | စည်သူဘွဲ့ (၂၀၂၂) သရေစည်သူ (၂၀၂၆) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | ဗိုလ်ချုပ် |
| ပြန်တမ်းဝင်အမှတ် | ကြည်း ၁၆၅၁၇ |
ဦးမောင်မောင်အုန်း (၁၈ မေ ၁၉၅၀ မွေးဖွား) သည် တတိယအကြိမ် ပြည်သူ့လွှတ်တော် ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
ယင်းမတိုင်မီက ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးတာဝန် အဖြစ်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ ဇူလိုင်လမှ ၂၀၁၆ မတ်လအထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ နယ်စပ်ရေးရာဒုတိယဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။[၁]
နိုင်ငံရေးသမားဘဝ
[ပြင်ဆင်ရန်]၂၀၁၄
[ပြင်ဆင်ရန်]၂၀၁၄ ဇွန်လတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်သွားခဲ့သော ဦးလှမောင်တင် နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[၂] ထိုဝန်ကြီးချုပ်နေရာအား ရခိုင်တိုင်းရင်းသားများထဲမှ ခန့်အပ်ရန် ရခိုင်အမျိုးသားပါတီမှ တောင်းဆိုခဲ့သော်လည်း ဗမာလူမျိုးတစ်ဦးဖြစ်သူ ဦးမောင်မောင်အုန်းအား ခန့်အပ်ခဲ့သည်။[၃] ဦးမောင်မောင်အုန်းအား ခန့်အပ်ရန် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သည်။[၄]
၂၀၂၁
[ပြင်ဆင်ရန်]တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ၇ ဖေဖော်ဝါရီ ၂၀၂၁ မှ ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ [၅] ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ပူးတွဲထမ်းဆောင်စေခဲ့သည်။ [၆] ထို့နောက် ၂၀၂၁ ဩဂုတ် ၅ ရက်တွင် ဦးဌေးအောင်က ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်ခံခဲ့သည်။
၂၀၂၅
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် ပြန်ကြားရေးဝန်ကြီး ရာထူးကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဆက်လက် ခန့်အပ်ခဲ့သည်။ [၇]
၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံသောမဲ အရေအတွက် စုစုပေါင်း ၁၀၀,၀၃၀ မဲ (စုစုပေါင်းမဲ၏ ၅၂.၂၅ ရာခိုင်နှုန်း) ဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။[၈]
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးခံရသည်။[၉] ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၌ တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ လွှတ်တော်အခွင့်အရေးကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်း အား တာဝန်ပေးအပ် ဖွဲ့စည်းခဲ့သည်။[၁၀]
နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ
[ပြင်ဆင်ရန်]လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံနေရသည့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိသောကြောင့် ဦးမောင်မောင်အုန်း အပါအဝင် စကစနှင့် စကစအစိုးရအဖွဲ့ဝင်များစွာသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းကို ခံရသည်။
| အရေးယူသည့် နိုင်ငံများ | ပိတ်ဆို့အရေးယူသည့် ရက်စွဲ | ရင်းမြစ် | |
|---|---|---|---|
| ၁။ | ၂၀၂၂ ဖေဖော်ဝါရီ ၂၁ | [၁၁] | |
| ၂။ | |||
| ၃။ | |||
| ၄။ | |||
| ၅။ | ၂၀၂၂ မတ် ၇ | [၁၂] | |
| ၆။ | ၂၀၂၂ ဒီဇင်ဘာ ၇ | [၁၃] |
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ကြည်း ၁၆၅၁၇ ဗိုလ်ချုပ်မောင်မောင်အုန်း(ငြိမ်း) အား ချီးမြှင့်အပ်နှင်းထားသည်။[၁၄]
၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Lawi Weng။ "General Appointed Arakan Chief Minister, Govt Tells Local MPs"၊ The Irrawaddy၊ ၂၅ ဇွန် ၂၀၁၄။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ Mratt Kyaw Thu။ "Rakhine State Chief Minister resigns"၊ Mizzima၊ 20 June 2013။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 22 November 2014။
- ↑ "New Chief Minister for Myanmar’s Rakhine State to Serve for Only a Year"၊ Radio Free Asia၊ 27 June 2014။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ Wa Lone၊ 4 July 2014။ "New chief minister to face close scrutiny from MPs"၊ Myanmar Times။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၃၀ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ CINCDS။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီးပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း။ CINCDS။ 2025-7-1 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ | Ministry Of Information (in en)။ 2026-03-16 တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မေ� (in my-MM) (2026-03-16)။ 2026-03-16 တွင် ပြန်စစ်ပြီး။
- ↑ ပြည့်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ဂတိများနှင့် တာဝန်ခံချက်များ စီစစ်ရေးကော်မတီတို့ ဖွဲ့စည်း – Positive Angle News။ 2026-03-24 တွင် ပြန်စစ်ပြီး။
- ↑ COUNCIL IMPLEMENTING REGULATION (EU) 2022/239 (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ 2022-02-21၊ 2025-07-01 တွင် ပြန်စစ်ပြီး
- ↑ Massnahmen gegenüber Myanmar (Burma)။ State Secretariat for Economic Affairs။ 2025-7-1 တွင် ပြန်စစ်ပြီး။
- ↑ Branch၊ Legislative Services (2025-03-06)။ Consolidated federal laws of Canada, Special Economic Measures (Myanmar) Regulations။ 2025-07-01 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊ အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ။ MWD Webportal (၁၈ နိုဝင်ဘာ ၂၀၂၂)။ ၁၇ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။