မောင်မောင်အုန်း
ဦး မောင်မောင်အုန်း | |
---|---|
![]() | |
ပြန်ကြားရေးဝန်ကြီး[၁] | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဩဂုတ် ၂၀၂၁ | |
ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
ယခင်လူ | ဦးချစ်နိုင် |
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၇ ဖေဖော်ဝါရီ ၂၀၂၁ – ၅ ဩဂုတ် ၂၀၂၁ | |
ယခင်လူ | ဦးအုန်းမောင် |
ဆက်ခံသူ | ဦး ဌေးအောင် |
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၁ ဇူလိုင် ၂၀၁၄ – ၂၅ ဩဂုတ် ၂၀၁၅ | |
ယခင်လူ | ဦးလှမောင်တင် |
ဆက်ခံသူ | ဦးညီပု |
ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ |
ကြင်ဖော် | အေးအေးသိန်း |
သားသမီး | ဒေါက်တာ အိမို့မို့အောင်၊ ရန်လင်းမောင်မောင်၊ ဉာဏ်လင်းမောင်မောင် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
ရာထူး | ဗိုလ်ချုပ် |
ဦးမောင်မောင်အုန်း (၁၈ မေ ၁၉၅၀ မွေးဖွား) သည် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်နေသူဖြစ်သည်။ သူသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ ဇူလိုင်လမှ ၂၀၁၆ မတ်လအထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် တပ်မတော် (ကြည်း)မှ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၂]
နိုင်ငံရေးသမားဘဝ
[ပြင်ဆင်ရန်]၂၀၁၄
[ပြင်ဆင်ရန်]၂၀၁၄ ဇွန်လတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်သွားခဲ့သော ဦးလှမောင်တင် နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[၃] ထိုဝန်ကြီးချုပ်နေရာအား ရခိုင်တိုင်းရင်းသားများထဲမှ ခန့်အပ်ရန် ရခိုင်အမျိုးသားပါတီမှ တောင်းဆိုခဲ့သော်လည်း ဗမာလူမျိုးတစ်ဦးဖြစ်သူ ဦးမောင်မောင်အုန်းအား ခန့်အပ်ခဲ့သည်။[၄] ဦးမောင်မောင်အုန်းအား ခန့်အပ်ရန် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သည်။[၅]
၂၀၂၁
[ပြင်ဆင်ရန်]တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ၇ ဖေဖော်ဝါရီ ၂၀၂၁ မှ ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ပူးတွဲထမ်းဆောင်စေခဲ့သည်။ [၆] ထို့နောက် ၂၀၂၁ ဩဂုတ် ၅ ရက်တွင် ဦးဌေးအောင်က ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ဆက်ခံခဲ့သည်။
နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ
[ပြင်ဆင်ရန်]လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံနေရသည့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိသောကြောင့် ဦးမောင်မောင်အုန်း အပါအဝင် စကစနှင့် စကစအစိုးရအဖွဲ့ဝင်များစွာသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းကို ခံရသည်။
အရေးယူသည့် နိုင်ငံများ | ပိတ်ဆို့အရေးယူသည့် ရက်စွဲ | ရင်းမြစ် | |
---|---|---|---|
၁။ | ![]() |
၂၀၂၂ ဖေဖော်ဝါရီ ၂၁ | [၇] |
၂။ | ![]() | ||
၃။ | ![]() | ||
၄။ | ![]() | ||
၅။ | ![]() |
၂၀၂၂ မတ် ၇ | [၈] |
၆။ | ![]() |
၂၀၂၂ ဒီဇင်ဘာ ၇ | [၉] |
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၅ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) ပြည်ထောင်စုဝန်ကြီးပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း"။
- ↑ Lawi Weng။ "General Appointed Arakan Chief Minister, Govt Tells Local MPs"၊ The Irrawaddy၊ ၂၅ ဇွန် ၂၀၁၄။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ Mratt Kyaw Thu။ "Rakhine State Chief Minister resigns"၊ Mizzima၊ 20 June 2013။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 22 November 2014။
- ↑ "New Chief Minister for Myanmar’s Rakhine State to Serve for Only a Year"၊ Radio Free Asia၊ 27 June 2014။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ Wa Lone၊ 4 July 2014။ "New chief minister to face close scrutiny from MPs"၊ Myanmar Times။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီးပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း။ CINCDS။ 2025-7-1 တွင် ပြန်စစ်ပြီး။
- ↑ COUNCIL IMPLEMENTING REGULATION (EU) 2022/239 (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ 2022-02-21၊ 2025-07-01 တွင် ပြန်စစ်ပြီး
- ↑ Massnahmen gegenüber Myanmar (Burma)။ State Secretariat for Economic Affairs။ 2025-7-1 တွင် ပြန်စစ်ပြီး။
- ↑ Branch၊ Legislative Services (2025-03-06)။ Consolidated federal laws of Canada, Special Economic Measures (Myanmar) Regulations။ 2025-07-01 တွင် ပြန်စစ်ပြီး။