မြန်မာနိုင်ငံရှိ ခရိုင်များ

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ၏
အုပ်ချုပ်ရေးနယ်မြေဒေသများ
ပထမ အဆင့်
ဒုတိယ အဆင့်
တတိယ အဆင့်
စတုတ္ထ အဆင့်
ပဉ္စမ အဆင့်

ခရိုင်များသည် မြန်မာနိုင်ငံ၏ ဒုတိယအဆင့်ရှိ အုပ်ချုပ်ရေးနယ်မြေဒေသဖြစ်သည်။ ၂၀၂၂ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် မြန်မာနိုင်ငံ၌ ခရိုင်ပေါင်း (၁၂၇)ခရိုင် ရှိသည်။ ခရိုင်များ၏ နယ်မြေဖွဲ့စည်းပုံ ပြောင်းလဲသတ်မှဆ်ခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ယူရသည်။ ခရိုင်များသည် တိုင်းဒေသကြီး/ပြည်နယ် များကဲ့သို့ ပထမအဆင့် အုပ်ချုပ်ရေးနယ်မြေများနှင့် မြို့နယ်များကဲ့သို့ တတိယအဆင့် အုပ်ချုပ်ရေးနယ်မြေများအကြား ချိတ်ဆက်ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခရိုင်များ၏ အထွေထွေကိစ္စရပ်များကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများက အုပ်ချုပ်သည်။ ထိုရုံးကို ဒုတိယညွှန်ကြား​ရေးမှူးအဆင့်ရှိ ပြည်သူ့ဝန်ထမ်းတစ်ဦးက ဦး​ဆောင်ကာ ခရိုင်အုပ်ချုပ်​ရေးမှူးဟု ​ခေါ်​ဝေါ်သည်။[၁]

မြန်မာနိုင်ငံရှိ ခရိုင်များ (၂၀၂၂ခုနှစ် ဧပြီလအထိ)

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် အစောဆုံးဟုဆိုနိုင်သော ခရိုင်များမှာ လယ်တွင်းကိုးခရိုင်ဖြစ်သည်။[၂][၃] ကိုလိုနီခေတ်တွင်မူ တိုင်း၊ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်များအဖြစ် ခွဲခြားအုပ်ချုပ်ကာ ဝန်ရှင်တော်မင်းကြီး၊ ဒုတိယဝန်ရှင်တော်မင်းကြီး၊ ခရိုင်ဝန်နှင့် ဝန်ထောက်များက ဆင့်ကဲတာဝန်ယူအုပ်ချုပ်သည်။[၄]

လွတ်လပ်ရေးရပြီးချိန်တွင် ရှမ်း၊ ကယား၊ ကချင်၊ ကရင်ပြည်နယ်များ၊ တိုင်း (၈)တိုင်းနှင့် ချင်းဝိသေသတိုင်းတို့ဖြင့် မြန်မာပြည်ကို ဖွဲ့စည်းခဲ့သည်။[၅] တိုင်း/ပြည်နယ်၊ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအဖြစ် အဆင့်ဆင့်ဖွဲ့စည်းကာ အထွေထွေအုပ်ချုပ်ရေးအတွက် တိုင်းမင်းကြီး၊ ဒုတိယတိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်၊ လက်ထောက်မြို့ပိုင်၊ သူကြီးဟူ၍ အဆင့်အလိုက် အုပ်ချုပ်ကြသည်။ ၁၉၇၂ခုနှစ်တွင် ခရိုင်ပေါင်း (၄၂)ခုနှင့် မြို့နယ်ပေါင်း (၂၈၆)ခု၊ ၂၀၀၄ခုနှစ်တွင် ခရိုင်ပေါင်း (၆၅)ခု၊ မြို့နယ်ပေါင်း (၃၂၅)ခု၊ ၂၀၁၄ခုနှစ်တွင် ခရိုင်ပေါင်း (၇၃)ခုနှင့် မြို့နယ်ပေါင်း (၃၃၀)၊ ၂၀၁၉ခုနှစ်တွင် ခရိုင်ပေါင်း (၇၅)ခုနှင့် မြို့နယ်ပေါင်း (၃၃၀)ရှိခဲ့သည်။[၁][၆][၇]၂၀၂၂ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင် ခရိုင်များကို ပြောင်းလဲတိုးချဲ့ဖွဲ့စည်းခဲ့ရာ ခရိုင် (၁၂၇)ခုအထိ ရှိလာခဲ့သည်။[၈]


တိုင်းနှင့်ပြည်နယ်အလိုက် ခရိုင်များဇယား[ပြင်ဆင်ရန်]

ပြည်နယ်များ[ပြင်ဆင်ရန်]

ကချင်ပြည်နယ်Kachin state districts map 2022.svg
(၆)ခရိုင်
မြစ်ကြီးနားခရိုင် တနိုင်းခရိုင် ချီဖွေခရိုင် ဗန်းမော်ခရိုင် မိုးညှင်းခရိုင် ပူတာအိုခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ မြစ်ကြီးနားမြို့ တနိုင်းမြို့ ချီဖွေမြို့ ဗန်းမော်မြို့ မိုးညှင်းမြို့ ပူတာအိုမြို့
​မြေပုံ
ကယားပြည်နယ် Kayah state districts map.svg
(၄)ခရိုင်
လွိုင်ကော်ခရိုင် ဒီးမော့ဆိုခရိုင် ဘောလခဲခရိုင် မယ်စဲ့ခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ လွိုင်ကော်မြို့ ဒီးမော့ဆိုမြို့ ဘောလခဲမြို့ မယ်စဲ့မြို့
​မြေပုံ Loikaw tsp in Loikaw district 2022.svg Demoso tsp in Demoso district.svg Bawlakhe tsp in Bawlakhe district 2022.svg Mese district.svg
ကရင်ပြည်နယ် Kayin State districts map 2022.svg
(၆)ခရိုင်
ဘားအံခရိုင် မြဝတီခရိုင် ဖာပွန်ခရိုင် သံတောင်ကြီးခရိုင် ကြာအင်းဆိပ်ကြီးခရိုင် ကော့ကရိတ်ခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ဘားအံမြို့ မြဝတီမြို့ ဖာပွန်မြို့ သံတောင်ကြီးမြို့ ကြာအင်းဆိပ်ကြီးမြို့ ကော့ကရိတ်မြို့
​မြေပုံ Hpan tsp in Hpan district.svg Myawady district in Kayin state.svg Hpapun district in Kayin state.svg Thandaunggyi district in Kayin state.svg Kyarinseikgyi district in Kayin state.svg Kawkareik district in Kayin state 2022.svg
ချင်းပြည်နယ် Chin state district map 2022.svg
(၆)ခရိုင်
ဟားခါးခရိုင် ဖလမ်းခရိုင် မင်းတပ်ခရိုင် တီးတိန်ခရိုင် မတူပီခရိုင် ပလက်ဝခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ဟားခါးမြို့ ဖလမ်းမြို့ မင်းတပ်မြို့ တီးတိန်မြို့ မတူပီမြို့ ပလက်ဝမြို့
​မြေပုံ Hakha tsp in Hakha district.svg Falam district 2022.svg Mindat tsp in Mindat district.svg Tedim district.svg Matupi district.svg Paletwa district.svg
မွန်ပြည်နယ်
(၄)ခရိုင်
မော်လမြိုင်ခရိုင် သထုံခရိုင် ကျိုက်ထိုခရိုင် ရေးခရိုင်
မြို့နယ်အရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ မော်လမြိုင်မြို့ သထုံမြို့ ကျိုက်ထိုမြို့ ရေးမြို့
မြေပုံ
ရခိုင်ပြည်နယ် ရခိုင်ပြည်နယ်
(၇)ခရိုင်
စစ်တွေခရိုင် ကျောက်ဖြူခရိုင် တောင်ကုတ်ခရိုင် မောင်တောခရိုင် မြောက်ဦးခရိုင် သံတွဲခရိုင် အမ်းခရိုင်
မြို့နယ်အရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ စစ်တွေမြို့ ကျောက်ဖြူမြို့ တောင်ကုတ်မြို့ မောင်တောမြို့ မြောက်ဦးမြို့ သံတွဲမြို့ အမ်းမြို့
မြေပုံ
ရှမ်းပြည်နယ် ရှမ်းပြည်နယ် Shan State Map with 3 Parts.svg
(၂၆) ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ
တောင်ပိုင်း
တောင်ကြီးခရိုင် ကလောခရိုင် လွိုင်လင်ခရိုင် နမ့်စန်ခရိုင် မိုင်းရှူးခရိုင် လင်းခေးခရိုင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ်အရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ တောင်ကြီးမြို့ ကလောမြို့ လွိုင်လင်မြို့ နမ့်စန်မြို့ မိုင်းရှူးမြို့ လင်းခေးမြို့ ဟိုပုံးမြို့ ပင်းတယမြို့
မြောက်ပိုင်း
လားရှိုးခရိုင် မူဆယ်ခရိုင် ကွတ်ခိုင်ခရိုင် ကျောက်မဲခရိုင် မိုးမိတ်ခရိုင် တန့်ယန်းခရိုင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ်အရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ လားရှိုးမြို့ မူဆယ်မြို့ ကွတ်ခိုင်မြို့ ကျောက်မဲမြို့ မိုးမိတ်မြို့ တန့်ယန်းမြို့ နမ့်ဆန်မြို့ လောက်ကိုင်မြို့
အရှေ့ပိုင်း
ကျိုင်းတုံခရိုင် တာချီလိတ်ခရိုင် မိုင်းယောင်းခရိုင် မိုင်းဆတ်ခရိုင် မိုင်းတုံခရိုင် မိုင်းယန်းခရိုင် မိုင်းလားခရိုင် (ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း)
မြို့နယ်အရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ တာချီလိတ်မြို့ ကျိုင်းတုံမြို့ မိုင်းယောင်းမြို့ မိုင်းဆတ်မြို့ မိုင်းတုံမြို့ မိုင်းယန်းမြို့ မိုင်းလားမြို့

တိုင်း​ဒေသကြီးများ[ပြင်ဆင်ရန်]

စစ်ကိုင်းတိုင်းဒေသကြီး Sagaing region districts map 2022.svg
(၁၄)ခရိုင်
စစ်ကိုင်းခရိုင် မုံရွာခရိုင် ရွှေဘိုခရိုင် ရေဦးခရိုင် ယင်းမာပင်ခရိုင် ကလေးခရိုင် ကသာခရိုင် ကောလင်းခရိုင် ကန့်ဘလူခရိုင် ခန္တီးခရိုင် တမူးခရိုင် မော်လိုက်ခရိုင် ဟုမ္မလင်းခရိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ စစ်ကိုင်းမြို့ မုံရွာမြို့ ရွှေဘိုမြို့ ရေဦးမြို့ ယင်းမာပင်မြို့ ကလေးမြို့ ကသာမြို့ ကောလင်းမြို့ ကန့်ဘလူမြို့ ခန္တီးမြို့ တမူးမြို့ မော်လိုက်မြို့ ဟုမ္မလင်းမြို့ လဟယ်မြို့
​မြေပုံ Sagaing district.svg Monywa district.svg Shwebo district 2022.svg YeU district.svg Yinmabin district.svg Kale district.svg Katha district.svg Kawlin district.svg Kanbalu tsp in Kanbalu district.svg Hkamti district.svg Tamu district.svg Mawlaik tsp in Mawlaik district.svg Homalin district.svg Naga SAZ.svg
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီး Tanintharyi region districts 2022.svg
(၄)ခရိုင်
ထားဝယ်ခရိုင် မြိတ်ခရိုင် ကော့သောင်းခရိုင် ဘုတ်ပြင်းခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ထားဝယ်မြို့ မြိတ်မြို့ ကော့သောင်းမြို့ ဘုတ်ပြင်းမြို့
​မြေပုံ Dawei district.svg Myeik district.svg Kawthoung district 2022.svg Bokpyin district.svg
ပဲခူးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးBago region districts map 2022.svg
(၆)ခရိုင်
ပဲခူးခရိုင် တောင်ငူခရိုင် ပြည်ခရိုင် သာယာဝတီခရိုင် ညောင်လေးပင်ခရိုင် နတ်တလင်းခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ပဲခူးမြို့ တောင်ငူမြို့ ပြည်မြို့ သာယာဝတီမြို့ ညောင်လေးပင်မြို့ နတ်တလင်းမြို့
​မြေပုံ Bago district 2022.svg Taungoo district.svg Pyay district 2022.svg Thayarwady district 2022.svg Nyaunglebin district.svg Natlin district.svg
မကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး Magway region districts map 2022.svg
(၇)ခရိုင်
မကွေးခရိုင် ချောက်ခရိုင် သရက်ခရိုင် အောင်လံခရိုင် မင်းဘူးခရိုင် ပခုက္ကူခရိုင် ဂန့်ဂေါခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ မကွေးမြို့ ချောက်မြို့ သရက်မြို့ အောင်လံမြို့ မင်းဘူးမြို့ ပခုက္ကူမြို့ ဂန့်ဂေါမြို့
​မြေပုံ Magway district 2022.svg Chauk tsp in Chauk district.svg Thayet district 2022.svg Aunglan tsp in Aunglan district.svg Minbu district.svg Pakokku district.svg Gangaw district.svg
မန္တလေးတိုင်းဒေသကြီး Mandalay region district map 2022.svg
(၁၁)ခရိုင်
မဟာအောင်မြေခရိုင် အောင်မြေသာစံခရိုင် အမရပူရခရိုင် ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းခရိုင် တံတားဦးခရိုင် ကျောက်ဆည်ခရိုင် မြင်းခြံခရိုင် ညောင်ဦးခရိုင် မိတ္ထီလာခရိုင် ရမည်းသင်းခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ မဟာအောင်မြေမြို့နယ် (မန္တလေးမြို့) အောင်မြေသာစံမြို့နယ်(မန္တလေးမြို့) အမရပူရမြို့ ပြင်ဦးလွင်မြို့ သပိတ်ကျင်းမြို့ တံတားဦးမြို့ ကျောက်ဆည်မြို့ မြင်းခြံမြို့ ညောင်ဦးမြို့ မိတ္ထီလာမြို့ ရမည်းသင်းမြို့
​မြေပုံ Mahaaungmyae district.svg Aungmyaythazan district.svg Amarapura district.svg Pyinoolwin district 2022.svg Thabeikkyin district.svg TadaU district.svg Kyaukse district 2022.svg Myingyan district 2022.svg Nyaung U tsp in Nyaung U district.svg Meiktila district.svg Yamethin tsp in Yamethin district.svg
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး
(၁၄)ခရိုင်
တိုက်ကြီးခရိုင် လှည်းကူးခရိုင် မှော်ဘီခရိုင် မင်္ဂလာဒုံခရိုင် အင်းစိန်ခရိုင် သန်လျင်ခရိုင် တွံတေးခရိုင် ကျောက်တံတားခရိုင် အလုံခရိုင် မရမ်းကုန်းခရိုင် သင်္ဃန်းကျွန်းခရိုင် ဗိုလ်တထောင်ခရိုင် ဒဂုံမြို့သစ်ခရိုင် ကမာရွတ်ခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့/မြို့နယ် တိုက်ကြီးမြို့ လှည်းကူးမြို့ မှော်ဘီမြို့ မင်္ဂလာဒုံမြို့နယ် အင်းစိန်မြို့နယ် သန်လျင်မြို့ တွံတေးမြို့ ကျောက်တံတားမြို့နယ် အလုံမြို့နယ် မရမ်းကုန်းမြို့နယ် သင်္ဃန်းကျွန်းမြို့နယ် ဗိုလ်တထောင်မြို့နယ် ကမာရွတ်မြို့နယ်
​မြေပုံ Taikkyi district.svg Hlegu district.svg Hmawbi district.svg Mingaladon district.svg Insein district.svg Thanlyin district with cocokyun.svg Twantay district.svg Kyauktada district.svg Ahlon district.svg Mayangon district.svg Thingangyun district.svg Botahtaung district.svg Dagonmyothit district.svg Kamayut district.svg
ဧရာဝတီတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးAyeyarwady region districts map 2022.svg
(၈)ခရိုင်
ပုသိမ်ခရိုင် ကျုံပျော်ခရိုင် ဟင်္သာတခရိုင် မြန်အောင်ခရိုင် မအူပင်ခရိုင် မြောင်းမြခရိုင် ဖျာပုံခရိုင် လပွတ္တာခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ပုသိမ်မြို့ ကျုံပျော်မြို့ ဟင်္သာတမြို့ မြန်အောင်မြို့ မအူပင်မြို့ မြောင်းမြမြို့ ဖျာပုံမြို့ လပွတ္တာမြို့
​မြေပုံ Pathein district 2022.svg Kyonpyaw district.svg Hinthada district 2022.svg Myanaung district.svg Maubin district.svg Myaungmya district.svg Pyapon district.svg Labutta tsp in Labutta district.svg

ပြည်​ထောင်စုနယ်​မြေ[ပြင်ဆင်ရန်]

Flag of Naypyidaw Union Territory.svgနေပြည်တော်ပြည်ထောင်စုနယ်မြေ
(၄)ခရိုင်
ဥတ္တရခရိုင် ဇေယျာသီရိခရိုင် လယ်ဝေးခရိုင် ပျဉ်းမနားခရိုင်
မြို့နယ်အ​ရေအတွက်
ခရိုင်ရုံးစိုက်ရာမြို့ ဥတ္တရသီရိမြို့ ဇေယျာသီရိမြို့ လယ်ဝေးမြို့ ပျဉ်းမနားမြို့

လူဦးရေအလိုက် ခရိုင်များ[ပြင်ဆင်ရန်]

အောက်ပါစာရင်းသည် ၂၀၁၄သန်းခေါင်စာရင်းမှ တိုက်ရိုက်ရယူထားသော အချက်အလက်များဖြစ်သည်။ ထို့ကြောင့် ခရိုင်များသည် ၂၀၁၄ခုနှစ် မတ်လအထိ ဖွဲ့စည်းထားသော ခရိုင်များဖြစ်သည်။ ထိုစဉ်က ဖွဲ့စည်းထားသော ခရိုင် (၇၄)ခရိုင်ရှိသည်။ နောက်ပိုင်းတွင် ခရိုင်များအကြား နယ်မြေများ ပြောင်း၍ဖွဲ့စည်းခြင်း (ဥပမာ- မြင်းခြံခရိုင်မှ ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်အတွင်း ထည့်သွင်းခြင်း)၊ မြို့နယ်များခွဲထုတ်၍ ခရိုင်အသစ်ဖွဲ့စည်းခြင်း (ဥပမာ- ရွှေဘိုခရိုင်မှ မြို့နယ်များအားခွဲထုတ်၍ ကန့်ဘလူခရိုင်ဖွဲ့စည်းခြင်း၊ မင်းတပ်ခရိုင်မှမြို့နယ်များအား ခွဲထုတ်၍ မတူပီခရိုင်ဖွဲ့စည်းခြင်း) စသည်တို့ဖြင့် အပြောင်းအလဲများရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း များမှာလည်း သက်ဆိုင်ရာ မူလခရိုင်များအတွင်းသာ ထည့်သွင်းရေတွက်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြောက်ပိုင်းခရိုင်သည် လူဦးရေအများဆုံးခရိုင်ဖြစ်ကာ ကရင်ပြည်နယ်ရှိ ဖာပွန်ခရိုင်သည် လူဦးရေအနည်းဆုံးခရိုင်ဖြစ်သည်။ မြို့ပြနေရာခိုင်နှုန်းအမြင့်ဆုံးမှာ ရန်ကုန်မြို့အဖြစ် ပါဝင်ဖွဲ့စည်းသည့် ရန်ကုန်အနောက်ပိုင်းခရိုင်ဖြစ်ကာ မြို့ပြနေရာခိုင်နှုန်း ၁၀၀ရာခိုင်နှုန်းဖြစ်သည်။[၉]

စဉ် ခရိုင် လူဦးရေ ကျား မြို့ပြ​နေလူဦး​ရေ မြို့ပြနေရာခိုင်နှုန်း တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ မြေပုံ
လူဦး​ရေ (၁,၀၀၀,၀၀၀) အထက်ရှိ​သောခရိုင်များ
ရန်ကုန်မြောက်ပိုင်းခရိုင် ၂,၆၀၆,၆၇၀ ၁,၂၅၃,၀၈၂ ၁,၃၅၃,၅၈၈ ၁,၄၂၈,၆၅၉ ၅၄.၈ Flag of Yangon Division.svgရန်ကုန်တိုင်းဒေသကြီး
ရန်ကုန်အရှေ့ပိုင်းခရိုင် ၂,၃၆၆,၆၅၉ ၁,၁၂၇,၁၆၉ ၁,၂၃၉,၄၉၀ ၂,၃၃၉,၉၀၃ ၉၈.၉ Flag of Yangon Division.svgရန်ကုန်တိုင်းဒေသကြီး
ပဲခူးခရိုင် ၁,၇၇၀,၇၈၅ ၈၄၆,၁၁၀ ၉၂၄,၆၇၅ ၄၆၄,၇၄၁ ၂၆.၂ Flag of Bago Division.svgပဲခူးတိုင်းဒေသကြီး
မန္တလေးခရိုင် ၁,၇၂၆,၈၈၉ ၈၄၁,၉၁၄ ၈၈၄,၉၇၅ ၁,၃၁၉,၄၅၂ ၇၆.၄ Flag of Mandalay Division.svgမန္တလေးတိုင်းဒေသကြီး
တောင်ကြီးခရိုင်¹ ၁,၇၀၁,၃၃၈ ၈၄၂,၅၉၄ ၈၅၈,၇၄၄ ၄၆၃,၉၈၈ ၂၇.၃ Flag of the Shan State.svgရှမ်းပြည်နယ်
ပုသိမ်ခရိုင် ၁,၆၃၀,၇၁၆ ၇၉၅,၂၈၆ ၈၃၅,၄၆၀ ၃၀၃,၉၅၄ ၁၈.၆ Flag of Ayeyarwady Division (1974–2010).svgဧရာဝတီတိုင်းဒေသကြီး
ရွှေဘိုခရိုင်² ၁,၄၃၃,၃၄၃ ၆၆၁,၀၁၆ ၇၇၂,၃၂၇ ၁၇၈,၁၈၄ ၁၂.၄ Flag of Sagaing Region (2019).svgစစ်ကိုင်းတိုင်းဒေသကြီး
ရန်ကုန်တောင်ပိုင်းခရိုင် ၁,၄၁၇,၇၂၄ ၆၈၉,၆၈၅ ၇၂၈,၀၃၉ ၄၂၂,၃၀၀ ၂၉.၈ Flag of Yangon Division.svgရန်ကုန်တိုင်းဒေသကြီး
မကွေးခရိုင် ၁,၂၃၅,၀၃၀ ၅၆၇,၂၃၅ ၆၆၇,၇၉၅ ၂၅၃,၀၇၄ ၂၀.၅ Flag of Magway Division.svgမကွေးတိုင်းဒေသကြီး
၁၀ မော်လမြိုင်ခရိုင် ၁,၂၃၂,၂၂၁ ၅၈၇,၆၇၆ ၆၄၄,၅၄၅ ၄၃၄,၀၉၂ ၃၅.၂ Flag of Mon State (2018).svgမွန်ပြည်နယ်
၁၁ ဟင်္သာတခရိုင် ၁,၁၃၈,၇၁၀ ၅၃၉,၃၁၁ ၅၉၉,၃၉၉ ၁၆၃,၂၃၈ ၁၄.၃ Flag of Ayeyarwady Division (1974–2010).svgဧရာဝတီတိုင်းဒေသကြီး
၁၂ တောင်ငူခရိုင် ၁,၁၂၃,၃၅၅ ၅၃၄,၅၆၄ ၅၈၈,၇၉၁ ၂၃၁,၇၃၆ ၂၀.၆ Flag of Bago Division.svgပဲခူးတိုင်းဒေသကြီး
၁၃ သာယာဝတီခရိုင် ၁,၀၆၂,၃၃၁ ၅၀၇,၁၁၃ ၅၅၅,၂၀၈ ၁၅၀,၃၉၅ ၁၄.၂ Flag of Bago Division.svgပဲခူးတိုင်းဒေသကြီး
၁၄ မြင်းခြံခရိုင်³ ၁,၀၅၅,၉၅၇ ၄၇၅,၄၀၃ ၅၈၀,၅၅၄ ၁၆၇,၉၅၁ ၁၅.၉ Flag of Mandalay Division.svgမန္တလေးတိုင်းဒေသကြီး
၁၅ ဖျာပုံခရိုင် ၁,၀၃၃,၀၅၃ ၅၀၉,၃၅၃ ၅၂၃,၇၀၀ ၁၃၅,၅၀၉ ၁၃.၁ Flag of Ayeyarwady Division (1974–2010).svgဧရာဝတီတိုင်းဒေသကြီး
၁၆ ပခုက္ကူခရိုင် ၁,၀၀၅,၅၄၅ ၄၅၁,၈၈၇ ၅၅၃,၆၅၈ ၁၃၈,၂၄၄ ၁၃.၇ Flag of Magway Division.svgမကွေးတိုင်းဒေသကြီး
၁၇ ပြင်ဦးလွင်ခရိုင် ၁,၀၀၁,၉၄၅ ၄၉၅,၈၀၀ ၅၀၆,၁၄၅ ၂၈၁,၇၈၄ ၂၈.၁ Flag of Mandalay Division.svgမန္တလေးတိုင်းဒေသကြီး
လူဦး​ရေ (၁,၀၀၀,၀၀၀) နှင့် (၁၀၀,၀၀၀) အတွင်းရှိ​သောခရိုင်များ
၁၈ မအူပင်ခရိုင် ၉၇၃,၉၄၈ ၄၇၂,၅၅၀ ၅၀၁,၃၉၈ ၁၀၉,၁၄၈ ၁၁.၂ Flag of Ayeyarwady Division (1974–2010).svgဧရာဝတီတိုင်းဒေသကြီး
၁၉ ရန်ကုန်အနောက်ပိုင်းခရိုင် ၉၆၉,၆၅၀ ၄၄၆,၄၆၇ ၅၂၃,၁၈၃ ၉၆၉,၆၅၀ ၁၀၀ Flag of Yangon Division.svgရန်ကုန်တိုင်းဒေသကြီး
၂၀ ပြည်ခရိုင် ၉၁၀,၉၀၂ ၄၃၄,၅၅၁ ၄၇၆,၃၅၀ ၂၂၅,၄၆၄ ၂၄.၈ Flag of Bago Division.svgပဲခူးတိုင်းဒေသကြီး
၂၁ မိတ္ထီလာခရိုင် ၈၈၁,၅၃၀ ၄၀၈,၀၄၅ ၄၇၃,၄၈၅ ၁၇၈,၄၉၁ ၂၀.၂ Flag of Mandalay Division.svgမန္တလေးတိုင်းဒေသကြီး
၂၂ ကသာခရိုင် ၈၆၁,၂၈၃ ၄၁၇,၇၁၀ ၄၄၃,၅၇၃ ၉၅,၃၂၇ ၁၁.၁ Flag of Sagaing Region (2019).svgစစ်ကိုင်းတိုင်းဒေသကြီး
၂၃ သထုံခရိုင် ၈၂၂,၁၇၂ ၃၉၉,၇၁၆ ၄၂၂,၄၅၆ ၁၃၈,၀၉၇ ၁၆.၈ Flag of Mon State (2018).svgမွန်ပြည်နယ်
၂၄ ဘားအံခရိုင် ၇၈၃,၅၁၀ ၃၈၂,၃၂၇ ၄၀၁,၁၈၃ ၁၀၂,၄၀၅ ၁၄.၃ Flag of Kayin State.svg ကရင်ပြည်နယ်
၂၅ မြောင်းမြခရိုင် ၇၈၁,၈၄၄ ၃၈၁,၂၉၉ ၄၀၀,၅၄၅ ၉၄,၄၃၃ ၁၂.၁ Flag of Ayeyarwady Division (1974–2010).svgဧရာဝတီတိုင်းဒေသကြီး
၂၆ ကျောက်မဲခရိုင် ၇၇၀,၀၆၅ ၃၇၆,၁၀၃ ၃၉၃,၉၆၂ ၁၁၉,၄၆၉ ၁၅.၅ Flag of the Shan State.svgရှမ်းပြည်နယ်
၂၇ မုံရွာခရိုင် ၇၅၇,၃၅၈ ၃၄၆,၂၄၇ ၄၁၁,၁၁၁ ၂၄၄,၁၄၄ ၃၂.၂ Flag of Sagaing Region (2019).svgစစ်ကိုင်းတိုင်းဒေသကြီး
၂၈ ကျောက်ဆည်ခရိုင် ၇၄၁,၀၇၁ ၃၅၃,၁၂၆ ၃၈၇,၉၄၅ ၈၁,၅၀၃ ၁၁ Flag of Mandalay Division.svgမန္တလေးတိုင်းဒေသကြီး
၂၉ သရက်ခရိုင် ၇၃၈,၀၄၇ ၃၅၃,၈၈၇ ၃၈၄,၁၆၀ ၁၀၀,၀၃၃ ၁၃.၆ Flag of Magway Division.svgမကွေးတိုင်းဒေသကြီး
၃၀ မြိတ်ခရိုင် ၆၉၃,၀၈၇ ၃၄၅,၆၇၁ ၃၄၇,၄၁၆ ၁၅၀,၃၁၅ ၂၁.၈ Flag of Tanintharyi Division.svg တနင်္သာရီတိုင်းဒေသကြီး
၃၁ မင်းဘူးခရိုင် ၆၈၇,၅၇၅ ၃၂၂,၁၄၀ ၃၆၅,၄၃၅ ၆၈,၆၄၆ ၁၀ Flag of Magway Division.svgမကွေးတိုင်းဒေသကြီး
၃၂ မိုးညှင်းခရိုင် ၆၇၃,၆၀၈ ၃၇၅,၈၂၂ ၂၉၇,၇၈၆ ၁၄၇,၅၀၀ ၂၁.၉ Flag of Kachin State.svg ကချင်ပြည်နယ်
၃၃ မြောက်ဦးခရိုင် ၆၆၉,၁၃၁ ၃၀၉,၉၄၉ ၃၅၉,၁၈၂ ၉၀,၁၄၁ ၁၃.၅ Flag of Rakhine.svg ရခိုင်ပြည်နယ်
၃၄ ဒက္ခိဏခရိုင် ၆၃၃,၇၄၅ ၃၀၇,၁၆၁ ၃၂၆,၅၈၂ ၂၃၀,၀၀၈ ၃၆.၃ ​နေပြည်​တော်
၃၅ လပွတ္တာခရိုင် ၆၂၆,၅၅၈ ၃၁၂,၀၃၉ ၃၁၄,၅၁၉ ၆၆,၃၁၈ ၁၀.၆ Flag of Ayeyarwady Division (1974–2010).svgဧရာဝတီတိုင်းဒေသကြီး
၃၆ လားရှိုးခရိုင် ၆၁၂,၂၄၈ ၂၉၉,၅၃၀ ၃၁၂,၇၁၈ ၂၂၄,၁၃၆ ၃၆.၆ Flag of the Shan State.svgရှမ်းပြည်နယ်
၃၇ လွိုင်လင်ခရိုင် ၅၆၅,၁၆၂ ၂၇၆,၉၀၇ ၂၈၈,၂၅၅ ၁၂၈,၄၃၂ ၂၂.၇ Flag of the Shan State.svgရှမ်းပြည်နယ်
၃၈ ယင်းမာပင်ခရိုင် ၅၄၁,၈၃၅ ၂၅၀,၉၇၇ ၂၉၀,၈၅၈ ၁၉,၃၄၁ ၃.၆ Flag of Sagaing Region (2019).svgစစ်ကိုင်းတိုင်းဒေသကြီး
၃၉ စစ်တွေခရိုင် ၅၃၅,၅၈၃ ၂၄၈,၆၇၀ ၂၈၆,၉၁၃ ၁၃၃,၆၆၄ ၂၅ Flag of Rakhine.svg ရခိုင်ပြည်နယ်
၄၀ မြစ်ကြီးနားခရိုင် ၅၃၁,၄၅၆ ၂၆၃,၀၈၈ ၂၆၈,၃၆၈ ၃၁၄,၁၈၀ ၅၉.၁ Flag of Kachin State.svg ကချင်ပြည်နယ်
၄၁ ဥတ္တရခရိုင် ၅၂၆,၄၉၇ ၂၅၇,၉၉၂ ၂၆၈,၅၀၅ ၁၄၅,၁၈၁ ၂၇.၆ နေပြည်တော်
၄၂ စစ်ကိုင်းခရိုင် ၅၂၀,၅၉၁ ၂၄၀,၀၄၆ ၂၈၀,၅၄၅ ၁၀၅,၇၈၅ ၂၀.၃ Flag of Sagaing Region (2019).svgစစ်ကိုင်းတိုင်းဒေသကြီး
၄၃ ရမည်းသင်းခရိုင် ၅၁၈,၃၈၄ ၂၄၄,၆၀၃ ၂၇၃,၇၈၁ ၅၉,၉၁၂ ၁၁.၆ Flag of Mandalay Division.svgမန္တလေးတိုင်းဒေသကြီး
၄၄ ကလေးခရိုင် ၅၀၉,၃၆၈ ၂၄၅,၄၄၄ ၂၆၃,၉၂၄ ၁၄၂,၇၉၂ ၂၈ Flag of Sagaing Region (2019).svgစစ်ကိုင်းတိုင်းဒေသကြီး
၄၅ ထားဝယ်ခရိုင် ၄၉၃,၅၇၆ ၂၃၉,၀၇၃ ၂၅၄,၅၀၃ ၁၀၇,၉၅၆ ၂၁.၉ Flag of Tanintharyi Division.svg တနင်္သာရီတိုင်းဒေသကြီး
၄၆ ကော့ကရိတ်ခရိုင် ၄၇၅,၁၉၁ ၂၃၁,၂၁၀ ၂၄၃,၉၈၁ ၈၂,၈၆၁ ၁၇.၄ Flag of Kayin State.svg ကရင်ပြည်နယ်
၄၇ မူဆယ်ခရိုင် ၄၅၃,၄၉၅ ၂၂၇,၁၅၉ ၂၂၆,၃၃၆ ၁၆၄,၀၃၅ ၃၆.၂ Flag of the Shan State.svgရှမ်းပြည်နယ်
၄၈ ကျောက်ဖြူခရိုင် ၄၃၉,၉၂၃ ၂၀၇,၃၀၈ ၂၃၂,၆၁၅ ၄၄,၅၀၀ ၁၀.၁ Flag of Rakhine.svg ရခိုင်ပြည်နယ်
၄၉ ခန္တီးခရိုင် ၄၂၂,၆၉၂ ၂၁၉,၅၇၈ ၂၀၃,၁၁၄ ၄၇,၂၁၉ ၁၁.၂ Flag of Sagaing Region (2019).svgစစ်ကိုင်းတိုင်းဒေသကြီး
၅၀ ကျိုင်းတုံခရိုင် ၃၆၆,၈၆၁ ၁၈၇,၉၉၃ ၁၇၈,၈၆၈ ၇၂,၅၃၅ ၁၉.၈ Flag of the Shan State.svgရှမ်းပြည်နယ်
၅၁ သံတွဲခရိုင် ၃၅၇,၈၄၀ ၁၇၄,၉၅၉ ၁၈၂,၈၈၁ ၆၃,၈၀၂ ၁၇.၈ Flag of Rakhine.svg ရခိုင်ပြည်နယ်
၅၂ ဗန်းမော်ခရိုင် ၃၄၆,၅၂၀ ၁၇၁,၀၇၇ ၁၇၅,၄၄၃ ၁၀၈,၅၆၁ ၃၁.၃ Flag of Kachin State.svg ကချင်ပြည်နယ်
၅၃ ဂန့်ဂေါခရိုင် ၂၅၀,၈၅၈ ၁၁၈,၈၂၅ ၁၃၂,၀၃၃ ၂၇,၉၃၄ ၁၁.၁ Flag of Magway Division.svgမကွေးတိုင်းဒေသကြီး
၅၄ လွိုင်ကော်ခရိုင် ၂၄၃,၇၁၈ ၁၁၉,၈၃၃ ၁၂၃,၈၈၅ ၆၂,၇၈၃ ၂၅.၈ Flag of Kayah State.svg ကယားပြည်နယ်
၅၅ မိုင်းဆတ်ခရိုင် ၂၄၃,၅၇၁ ၁၂၈,၅၉၀ ၁၁၄,၉၈၁ ၂၇,၇၇၅ ၁၉.၈ Flag of the Shan State.svgရှမ်းပြည်နယ်
၅၆ မက်မန်းခရိုင် ၂၄၁,၈၈၄ ၁၂၄,၄၇၈ ၁၁၇,၄၀၆ ၁၇,၆၁၇ ၇.၃ Flag of the Shan State.svgရှမ်းပြည်နယ်
၅၇ ညောင်ဦးခရိုင်³ ၂၃၉,၉၄၇ ၁၀၉,၄၇၆ ၁၃၀,၄၇၁ ၅၄,၃၄၃ ၂၂.၆ Flag of Mandalay Division.svgမန္တလေးတိုင်းဒေသကြီး
၅၈ ဟိုပန်ခရိုင် ၂၂၈,၈၈၀ ၁၁၆,၅၇၃ ၁၁၂,၃၀၇ ၂၉,၅၅၃ ၁၂.၉ Flag of the Shan State.svgရှမ်းပြည်နယ်
၅၉ ကော့သောင်းခရိုင် ၂၂၁,၇၃၈ ၁၁၅,၈၇၅ ၁၀၅,၈၆၃ ၇၉,၁၄၈ ၃၅.၇ Flag of Tanintharyi Division.svg တနင်္သာရီတိုင်းဒေသကြီး
၆၀ မင်းတပ်ခရိုင် ၂၁၂,၄၉၇ ၁၀၀,၉၆၁ ၁၁၁,၅၃၆ ၃၅,၉၂၁ ၁၆.၉ Flag of Chin State.svg ချင်းပြည်နယ်
၆၁ မြဝတီခရိုင် ၂၁၀,၅၄၀ ၁၀၇,၆၀၇ ၁၀၂,၉၃၃ ၁၁၆,၅၈၀ ၅၅.၄ Flag of Kayin State.svg ကရင်ပြည်နယ်
၆၂ တာချီလိတ်ခရိုင် ၁၇၇,၃၁၃ ၉၀,၁၂၄ ၈၇,၁၈၉ ၅၈,၇၆၇ ၃၃.၁ Flag of the Shan State.svgရှမ်းပြည်နယ်
၆၃ ဖလမ်းခရိုင် ၁၆၇,၅၇၈ ၈၁,၂၄၂ ၈၆,၃၃၆ ၃၁,၃၇၅ ၁၈.၇ Flag of Chin State.svg ချင်းပြည်နယ်
၆၄ မော်လိုက်ခရိုင် ၁၆၄,၀၀၈ ၇၈,၉၂၄ ၈၅,၀၈၄ ၁၈,၆၀၅ ၁၁.၃ Flag of Sagaing Region (2019).svgစစ်ကိုင်းတိုင်းဒေသကြီး
၆၅ လောက်ကိုင်ခရိုင် ၁၅၄,၉၁၂ ၈၁,၁၀၄ ၇၃,၈၀၈ ၂၈,၁၈၃ ၁၈.၂ Flag of the Shan State.svgရှမ်းပြည်နယ်
၆၆ လင်းခေးခရိုင် ၁၃၉,၄၈၃ ၇၀,၅၇၂ ၆၈,၉၁၁ ၄၃,၈၈၂ ၃၁.၅ Flag of the Shan State.svgရှမ်းပြည်နယ်
၆၇ တမူးခရိုင် ၁၁၄,၈၆၉ ၅၇,၀၀၇ ၅၇,၈၆၂ ၅၉,၉၃၈ ၅၂.၂ Flag of Sagaing Region (2019).svgစစ်ကိုင်းတိုင်းဒေသကြီး
၆၈ မိုင်းဖြတ်ခရိုင် ၁၁၀,၄၄၆ ၅၈,၀၈၃ ၅၂,၃၆၃ ၁၁,၉၂၆ ၁၀.၈ Flag of the Shan State.svgရှမ်းပြည်နယ်
လူဦး​ရေ (၁,၀၀၀,၀၀) ​အောက်ရှိ​သောခရိုင်များ
၆၉ ဟားခါးခရိုင် ၉၈,၇၂၆ ၄၇,၄၀၁ ၅၁,၃၂၅ ၃၂,၅၁၃ ၃၂.၉ Flag of Chin State.svg ချင်းပြည်နယ်
၇၀ မောင်​တောခရိုင် ၉၆,၃၃၀ ၄၈,၈၁၆ ၄၇,၅၁၄ ၂၂,၁၈၁ ၂၃ Flag of Rakhine.svg ရခိုင်ပြည်နယ်
၇၁ ပူတာအိုခရိုင် ၉၁,၂၅၇ ၄၅,၃၆၆ ၄၅,၈၉၁ ၂၂,၁၁၆ ၂၄.၂ Flag of Kachin State.svg ကချင်ပြည်နယ်
၇၂ ကွမ်းလုံခရိုင် ၅၈,၇၇၄ ၃၀,၉၀၀ ၂၇,၈၇၄ ၅,၅၄၉ ၉.၄ Flag of the Shan State.svgရှမ်းပြည်နယ်
၇၃ ဘောလခဲခရိုင် ၄၂,၉၀၉ ၂၃,၃၈၀ ၁၉,၅၂၉ ၉,၆၃၅ ၂၂.၅ Flag of Kayah State.svg ကယားပြည်နယ်
၇၄ ဖာပွန်ခရိုင် ၃၅,၀၈၅ ၁၇,၉၈၃ ၁၇,၁၀၂ ၁၇,၃၂၀ ၄၉.၄ Flag of Kayin State.svg ကရင်ပြည်နယ်
1ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသများရှိ မြို့နယ်များကိုပါ ထည့်သွင်း​ရေတွက်ထားသည်။
2ကန့်ဘလူခရိုင်ကို ဖွဲ့စည်းခြင်း မရှိ​​သေး​ပေ။
3ကျောက်ပန်းတောင်းမြို့နယ်အား မြင်းခြံခရိုင်အတွင်း ထည့်သွင်းရေတွက်ထားသည်။
4မတူပီခရိုင်ကို ဖွဲ့စည်းခြင်း မရှိ​သေး​ပေ။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာနိုင်ငံ အုပ်ချုပ်ရေးကဏ္ဍ၏ ကျောရိုးဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပက်သက်၍ လေ့လာတင်ပြချက်အာရှဖောင်ဒေးရှင်း
  2. နိုင်ငံအစ ခရိုင်က၊ မြန်မာပြည်ကို စိတ်ဖြာတဲ့ ခရိုင်နိုင်ငံရေးဘီဘီစီ မြန်မာပိုင်း
  3. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  4. ဒေါ်မြစိန်။ The Administration of Burma
  5. ဦးကျော် (၁၉၉၄ ဇွန်)။ မြန်မာနိုင်ငံ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုကိုလေ့လာခြင်း |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  6. နေရာအညွှန်းသင်္ကေတများ (Pcodes)မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ်။ ၁၇ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  7. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  8. "နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုအရ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင်အသစ်များ ထပ်မံတိုးချဲ့" (in မြန်မာ)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ၁ မေ ၂၀၂၂၊ စာ- ၈။ 
  9. ပြည်​ထောင်စုအစီရင်ခံစာ