အိမ်စောင့်အစိုးရ
အိမ်စောင့်အစိုးရဆိုသည်မှာ ပုံမှန်အစိုးရကို ရွေးကောက်တင်မြှောက်ခြင်း သို့မဟုတ် ဖွဲ့စည်းခြင်း မရှိသေးစဉ် အတောအတွင်း နိုင်ငံတစ်နိုင်ငံ၏ အစိုးရတာဝန်အချို့နှင့် လုပ်ငန်းဆောင်တာများကို ထမ်းဆောင်ရသော ယာယီအထူးအစိုးရဖြစ်သည်။[၁][၂] သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း အပေါ်မူတည်ပြီး အများအားဖြင့် ကျပန်းရွေးချယ်ထားသော သို့မဟုတ် အတည်ပြုထားသော လွှတ်တော်ကိုယ်စားလှယ်များ၊ သို့မဟုတ် လက်ရှိထမ်းဆောင်နေသူများမှ အစိုးရအဖွဲ့ဝင်အဖြစ်မှ ထုပ်ပယ်မခံရသေးသောသူများ ပါဝင်သည်။
ကိုယ်စားပြုဒီမိုကရေစီနိုင်ငံများတွင် အိမ်စောင့်အစိုးရများသည် ပုံမှန်အားဖြင့် အစိုးရတာဝန်နှင့် လုပ်ငန်းဆောင်တာများမှာ အကန့်အသန့်ဖြင့် ရှိနေပြီး၊ အမှန်တကယ်အုပ်ချုပ်ခြင်းနှင့် ဥပဒေအသစ်ကို ပြဋ္ဌာန်းခြင်းထက် လက်ရှိအနေအထားကို ထိမ်းသိန်းရန်သာ တာဝန်ထမ်းဆောင်သည်။ ၎င်းတို့သည် အမှန်တကယ်အစိုးရနှင့်မတူပဲ ယာယီအစားထိုးရန်သာ ရည်ရွယ်ပြီး၊ အထက်ပါလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် တရားဝင်လုပ်ပိုင်ခွင့်(ရွေးကောက်ပွဲထောက်ခံချက်) မရှိပါ။ နေ့စဉ်ပြဿနာများကို ကိုင်တွယ်ရန်နှင့် ဆွေးနွေးရန်အတွက် ဘတ်ဂျက်များပြင်ဆင်ခြင်းစသည်များကိုသာ မျှော်လင့်လုပ်ဆာင်ပြီး၊ အစိုးရပလက်ဖောင်းစနစ်သစ်တစ်ခုကို ဖော်ဆောင်ရန်နှင့် အငြင်းပွားဖွယ်ရာ ဥပဒေကြမ်းများ ပြုစုခြင်း၊ မိတ်ဆက်ခြင်း စသည်များကို မျှော်လင့်လုပ်ဆောင်လေ့မရှိပါ။
အိမ်စောင့်အစိုးရများသည် ပါလီမန်စနစ်၏အစိုးရတစ်ခုဟာ အယုံအကြည်မရှိအဆိုအရ ရှုံးနိမ့်ခြင်း(သို့) အစိုးရတာဝန်ယူထားသူများအဖွဲ့အား ဖျက်သိမ်းခြင်း ပေါ်ပေါက်သောအခါ ရွေးကောက်ပွဲကျင်းပပြီး အစိုးရအသစ် မဖွဲ့စည်းမချင်း ကြားကာလတစ်ခုအတွင်းထားရှိရန် ဖြစ်သည်။ အိမ်စောင့်အစိုးရကို ပြည်တွင်း၊ ပြည်ပစစ်ပွားများအပြီး တည်ငြိမ်သော ဒီမိုကရေစီအုပ်ချုပ်မှုစနစ်တစ်ခု ပြန်လည်ဖော်ဆာင်ခြင်း(သို့) တည်ထောင်ခြင်း မရှိနိုင်သေးစဉ် မကြာခဏ ဖွဲ့စည်းလေ့ရှိပြီး၊ ကြားဖြတ်အစိုးရ(ယာယီအစိုးရ)အဖြစ်လည်း မကြာခဏခေါ်ဝေါ်ဖွဲ့စည်းလေ့ရှိသည်။
မြန်မာနိုင်ငံ၏ အိမ်စောင့်အစိုးရများ
[ပြင်ဆင်ရန်]အိမ်စောင့်များ
[ပြင်ဆင်ရန်]အိမ်စောင့်အစိုးရအကြီးအကဲများကို အိမ်စောင့်အကြီးအကဲဟု ခေါ်ဝေါ်လေ့ရှိသည်။ ဥပမာ။ "အိမ်စောင့်ဝန်ကြီးချုပ်"
မြန်မာနိုင်ငံ၏ အိမ်စောင့်များ
[ပြင်ဆင်ရန်]အောက်ပါတို့သည် မြန်မာနိုင်ငံအိမ်စောင့်အစိုးရများ၏ နိုင်ငံအကြီးအကဲများ(သို့) အစိုးရအကြီးအကဲများစာရင်း ဖြစ်သည်။
နိုင်ငံအကြီးအကဲများ
[ပြင်ဆင်ရန်]- မန်းဝင်းမောင် (ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ)(၁၉၅၇-၁၉၆၂)
အစိုးရအကြီးအကဲများ
[ပြင်ဆင်ရန်]- ဗိုလ်ချုပ်ကြီးနေဝင်း (ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီးချုပ်)(၁၉၅၈-၁၉၆၀)
- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီးချုပ်)(၁ ဩဂုတ်၂၀၂၁-၃၁ ဇူလိုင် ၂၀၂၅)
ကိုးကား
[ပြင်ဆင်ရန်]- ↑ CARETAKER GOVERNMENT (noun) definition and synonyms - Macmillan Dictionary (in en)။ 9 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 August 2021 တွင် ပြန်စစ်ပြီး။
- ↑ CARETAKER GOVERNMENT - meaning in the Cambridge English Dictionary (in en)။