အောင်နိုင်ဦး
ဦးအောင်နိုင်ဦး | |
---|---|
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၅ စက်တင်ဘာ ၂၀၂၃ | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် |
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၁၉ ဩဂုတ် ၂၀၂၂ – ၂၅ စက်တင်ဘာ ၂၀၂၃ | |
သမ္မတ | မြင့်ဆွေ (ယာယီ) |
ယခင်လူ | ဒေါက်တာပွင့်ဆန်း |
ဆက်ခံသူ | ဦးထွန်းအုံ |
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂ | |
သမ္မတ | မြင့်ဆွေ (ယာယီ) |
ယခင်လူ | ဦးသောင်းထွန်း |
ဆက်ခံသူ | ဒေါက်တာကံဇော် |
ကိုယ်ရေး အချက်အလက်များ | |
နိုင်ငံသား | မြန်မာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ![]() |
အမှုထမ်းကာလ | ၁၉၈၁-၂၀၀၀ |
ဦးအောင်နိုင်ဦး သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခြင်းဖြစ်သည်။ ယင်းမတိုင်ခင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ [၂] သူသည်စစ်တပ်အရာရှိဟောင်းဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲခဲ့ပြီးအဓိကကျသော ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
တာဝန်ထမ်းဆောင်မှု[ပြင်ဆင်ရန်]
အောင်နိုင်ဦးသည် ဝိဇ္ဇာဘွဲ့ရ ဖြစ်သည်။ [၃] မြန်မာတပ်မတော်တွင် ၁၉၈၁ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၄] ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အကြားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မြန်မာ့စိုက်ပျိုးရေးခြံထွက်ပစ္စည်းရောင်းဝယ်ရေးဌာနတွင် လက်ထောက်အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ [၅] ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဝန်ကြီးဌာနများရုံးရှိ ဌာနာများတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတွင်လည်းကောင်း၊ ၂၀၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၂ မှ ၂၀၁၉ ခုနှစ်အကြာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ဌာနသို့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
တပ်မတော်ဦးဆောင်သည့် စစ်အာဏာသိမ်းမှု တွင် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရသည်။[၆] [၂]
ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]
ဦးအောင်နိုင်ဦးသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီးနှစ်ယောက်ရှိသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၁၆) ပြန်တမ်းစာစောင်။
- ↑ ၂.၀ ၂.၁ Tatmadaw names new govt officials (2021-02-01)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Aung Naing Oo။
- ↑ U Aung Naing Oo။
- ↑ U Aung Naing Oo leaves DICA for a new role (2019-04-03)။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar’s Health Minister Resigns After Military Takeover (in en-US) (2021-02-01)။