အောင်နိုင်ဦး
ဦးအောင်နိုင်ဦး | |
|---|---|
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၅ မေ ၂၀၂၄ – ၂၇ မေ ၂၀၂၄ [၂] | |
| ယခင်လူ | ဦးအောင်ကျော်ဟိုး |
| ဆက်ခံသူ | ဦးမောင်မောင်တင့် |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၈ ဇန်နဝါရီ ၂၀၂၄ – ၅ မေ ၂၀၂၄ [၃] | |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ဦးကိုကိုလှိုင် |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၂၅ စက်တင်ဘာ ၂၀၂၃ – ၈ ဇန်နဝါရီ ၂၀၂၄ | |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် |
| စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး | |
| တာဝန်သက်တမ်း ၁၉ ဩဂုတ် ၂၀၂၂ – ၂၅ စက်တင်ဘာ ၂၀၂၃ | |
| သမ္မတ | မြင့်ဆွေ (ယာယီ) |
| ယခင်လူ | ဒေါက်တာပွင့်ဆန်း |
| ဆက်ခံသူ | ဦးထွန်းအုံ |
| ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂ | |
| သမ္မတ | မြင့်ဆွေ (ယာယီ) |
| ယခင်လူ | ဦးသောင်းထွန်း |
| ဆက်ခံသူ | ဒေါက်တာကံဇော် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | နိုဝင်ဘာ ၁၃၊ ၁၉၆၂ ကျောက်ဆည်မြို့ |
| နိုင်ငံသား | မြန်မာ |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
| အမှုထမ်းကာလ | ၁၉၈၁-၂၀၀၀ |
| ရာထူး | ဗိုလ်မှူး |
ဦးအောင်နိုင်ဦး (၁၃ အောက်တိုဘာ ၁၉၆၂ မွေးဖွား) သည် ဝန်ကြီးဌာန(၅)ခုတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးခံခဲ့ရသူဖြစ်သည်။ သူသည် စစ်တပ်အရာရှိဟောင်းဖြစ်ပြီး ၂၀၀၀ပြည့်နှစ်တွင် ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲခဲ့ကာ အဓိကကျသော ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။[၄][၅]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ကျောက်ဆည်မြို့ တွင် မွေးဖွားခဲ့ပြီး၊မန္တလေးမြို့ တွင် ကြီးပြင်းခဲ့သည်။ထိုမှ ဆယ်တန်းအောင်ပြီး၊မန္တလေးတက္ကသိုလ် သို့ ဘူမိဗေဒအထူးပြုဖြင့် တက်ရောက်ခဲ့သည်။
၁၉၈၁ ခုနှစ် တွင် မန္တလေးတက္ကသိုလ် ၌ ဘူမိဗေဒအထူးပြု တတိယနှစ် ဆက်လက်လေ့လာနေစဉ်၊ တပ်မတော် (ကြည်း)၊ အလုပ်သင်ဗိုလ်၊ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) တက်ရောက်၍ တပ်မတော် သို့ ဝင်ရောက် စစ်မှုထမ်းခဲ့သည်။[၆]
စစ်မှုထမ်းခြင်းနှင့်ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]မြန်မာတပ်မတော်တွင် ၁၉၈၁ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။[၇] ၂၀၀၀ ပြည့်နှစ် တွင် ဗိုလ်မှူးအဆင့်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးခြံထွက်ပစ္စည်းရောင်းဝယ်ရေးဌာန (မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး)သို့ လက်ထောက်အထွေထွေမန်နေဂျာအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ [၈] ထိုဌာန၏ အထွေထွေမန်နေဂျာအထိ တာဝန်ပေးအပ်ခံရသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဝန်ကြီးရုံး၏ ရုံးအဖွဲ့မှူး(ဒုတိယညွန်ကြားရေးမှူးချုပ်) တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွန်ကြားရေးမှူးချုပ် ဖြစ်လာခဲ့သည်။
၂၀၁၁ ခုနှစ်၊မေလ တွင် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန သို့ ပြောင်းရွှေ့ခဲ့သည်။
၂၀၁၂ ခုနှစ်အထိ ထိုဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)တွင် ဒုညွန်ချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၂ ခုနှစ် တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပြီး၊၂၀၁၄ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် မတ်လ အထိ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၊အတွင်းရေးမှူး အဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၉ ခုနှစ် မတ်လတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
ဝန်ကြီးဘဝ
[ပြင်ဆင်ရန်]တပ်မတော်ဦးဆောင်သည့် စစ်အာဏာသိမ်းမှု တွင် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရသည်။[၉] [၅]
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး စသည်ဖြင့် တာဝန်ပေးခံရပြီး ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဝန်ကြီးအဖြစ်မှ အနားယူခဲ့သည်။[၁၀]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဦးအောင်နိုင်ဦးသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီးနှစ်ဦး ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၁၆) ပြန်တမ်းစာစောင်။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈ / ၂၀၂၄။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၄ ပြည်ထောင်စုဝန်ကြီးတာဝန် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း။ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂၂) ပြန်တမ်းစာစောင် (၅ မေ ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရေချုပ် အပါအဝင် ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၈ ဇန်နဝါရီ ၂၀၂၄)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- 1 2 Tatmadaw names new govt officials (2021-02-01)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Aung Naing Oo။
- ↑ U Aung Naing Oo။ 10 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ U Aung Naing Oo leaves DICA for a new role (2019-04-03)။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar’s Health Minister Resigns After Military Takeover (in en-US) (2021-02-01)။
- ↑ စစ်ကောင်စီဥက္ကဋ္ဌရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အနားပေးခံရ။ RFA Burmese။ 12 August 2025 တွင် ပြန်စစ်ပြီး။